21 March 2015

101 Groovin' Bass Patterns

င်္Funk , Disco , Reggae တွေတီးရမယ်ဆို ဂစ်တာသမားတွေ သိပ်မကြိုက်ပေမယ့် ... ဘေ့စ်သမားကတော့ .. ဒီတစ်ခါ ငါ့အလှည့်ဆိုပြီး  မျက်လုံးလေးမှိတ် မေးလေးတဆတ်ဆတ် ခေါင်းလေးတခါခါပေါ့ ။ ဆရာသမားများ မုဝင်ပုံ ပြောပါတယ် ။ ဒီစာအုပ်က 70s ခုနှစ်တွေတုန်းက Funk & Disco Bass Pattern တွေပါ ။ ရေလည် တီးလို့ကောင်းပါတယ် ။ ဒစ်စကိုဒန်းဆားဘေ့စ်တွေများ ခင်ဗျားမို့လို ဒီလောက်ညွှန်းနေတယ် လို့ ထင်ကောင်းထင်မယ် ။ ပြဿနာမရှိဘူး ။ စာအုပ်ဖွင့်တီးကြည့်လိုက်ရင် ကျွန်တော် မလွန်ဘူးဆိုတာ ခင်ဗျားသိလိမ့်မယ် ။
 
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link

Develop your Bass Grooves

ဒီစာအုပ်ကို လေ့လာကြည့်တော့ ကျွန်တော်သိချင်တဲ့ အဖြေတစ်ခုကို ရလိုက်တယ် ။ Music မှာ ပြောနေကြတဲ့ Groove ဆိုတာ Time , Rhythm နဲ့ မတူမှန်းသိပေမယ့် ဘယ်လိုစကားလုံးနဲ့ ရှင်းပြရမှန်း မသိဘူး ။ ခင်ဗျား မမြင်နိုင်ဘူး .. မထိနိုင်ဘူး .. ဒါပေမယ့် ... sense အရ သိနိုင်တယ် ... ခံစားနိုင်တယ် ။ ဘေ့စ်သမားကောင်းတစ်ယောက်ဆိုတာ Rhythmic သဘောကို အပြည့်အဝ နားလည်ပြီး groovin' ဖြစ်အောင် တီးနိုင်တဲ့သူပါ ။ တီးဝိုင်းတစ်ခုဟာ groove ဖြစ်တဲ့အခါ နားထောင်သူတွေကို ညို့ယူနိုင်တယ် ။ အထူးသဖြင့် ဒရမ်မာနဲ့ ဘေ့စ်သမားက groove ဖြစ်တဲ့အခါ ... ကျန်တဲ့ player တွေပါ moodဝင်ပြီး အကောင်းဆုံးကို တီးခတ် ဖန်တီးလာနိုင်တယ် ။ အဲဒါကြောင့် ဒရမ်နဲ့ဘေ့စ် ကောင်းရင် တီးဝိုင်းကောင်းပြီ လို့ ပြောကြတာ ဖြစ်ပါလိမ့်မယ် ။ အဲဒီတော့ Groove ဆိုတာ အတိအကျပြော ဆိုရင်တော့ Enigma လို့ပဲ ပြောရလိမ့်မယ် ။ ပဟေဠိတစ်ခု ၊ ပုစ္ဆာတစ်ခုပဲ ။ ဒီစာအုပ်က အဲဒီပုစ္ဆာကို ဖြေရှင်းပေးမယ့် သော့ချက်ပါ ။ ဒီလောက်ဆို ဒီစာအုပ်မှာ ဘာတွေပါမလဲ သိလောက်ပြီ ထင်ပါရဲ့ ။ တီးကြည့် ၊ ဖတ်ကြည့်ပါ ။ ခင်ဗျားအတွက် music sense တစ်ခု ရလာမှာပါ ။

စာအုပ် - Download Link
စီဒီ - Download Link

Enigma ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်လို့ နည်းနည်း လျာရှည်ချင်ပါသေးတယ် :) ရုပ်ရှင်ဇာတ်ကား တကားအကြောင်း ။ အဲဒီဇာတ်ကားက The imitation Game (2014) ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေခေါင်းစားနေတာ ... ဂျာမာန်တွေ အသုံးပြုတဲ့ လျှို့ဝှက်ကြေးနန်းစက် Enigma machine ပါ ။ Enigma machine ဟာ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးစက် ၊ အခက်ခဲဆုံးပြဿနာပဲ ။ အဲဒါကြောင့် Enigma isn't difficult. It's impossible. လို့ ဆိုကြတယ် ။ အဲဒီစက်ကတဆင့် ပေးပို့နေတဲ့ ဂျာမာန်တွေရဲ့ကုဒ်ကို decrypt လုပ်နိုင်ဖို့ သချာင်္ပညာရှင် Alan Turing နဲ့ အဖွဲ့က ကြိုးစားခဲ့ကြတယ် ။ ၂နှစ်အကြာမှာ အောင်မြင်ခဲ့ကြတယ် ။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီနေ့အသုံးပြုနေတဲ့ ကွန်ပြူတာရဲ့အစဟာ ... အဲဒီတုန်းက Alan တီထွင်ခဲ့တဲ့ Turing machine က ဖွံ့ဖြိုးလာတာပါ ။
ခင်ဗျားတို့လည်း Groove ကို သိရင် ဘေ့စ်ဂစ်တာရဲ့ Alan Turing ဖြစ်ပြီ ။ တစ်ခုပဲ ကသိကအောက် ဖြစ်စရာရှိတယ် ။ Alan Turing က ...... h ... o ... m ... o .... ? ? ? :P