25 March 2015

ဂီတသင်တန်းများ

ဆရာကိုစိုင်း (Guitar Library)
Polychromatic Music Centre
Guitar,Bass,Piano,Vocal and Music Theory တွေကို သင်ယူနိုင်ပါတယ်။
အမှတ်-၁၀၈ ၊ ၆ လွှာ စမ်းချောင်းလမ်းနှင့် သပြေညိုလမ်းထောင့် ၊ မြေနီကုန်း ၊ စမ်းချောင်း
ဖုန်းနံပါတ် - ၀၉၄ ၃၁၁၈ ၅၃၅ ။


ဆရာ ကိုညီညီထွေး (Metal Guitarist) ဂစ်တာသင်တန်း
အမှတ်-၁၅၂(ဘီ) ၊ ၈ လွှာ ၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ ကန်တော်ကလေး ၊ မင်္ဂလာတောင်ညွန့် 
ဖုန်းနံပါတ် - ၀၉၅ ၁၄၈ ၅၇၈ ၊ ၀၉၇ ၃၀၈၁ ၆၁၈ ။


International note ဖတ်နည်း (မြန်မာစာအုပ်)

International notes များကို နားလည်တတ်ကျွမ်းချင်သူများအတွက် အက်ဒမင် ကိုဟယ်ရီလွင် ရေးသားထားပြီး ၊ မြန်မာမိသားစုဖိုရမ်က တင်ဆက်ထားတဲ့ Rudiments of music စာအုပ်ပါ ။ ကိုဟယ်ရီလွင် ရဲ့ ဘလော့မှာ ဂီတအကြောင်း ၊ ကဗျာအကြောင်းများကို လေ့လာနိုင်ပါတယ် ။

စာအုပ် - Download Link
ဘလော့ - http://harrylwin.blogspot.com/

ယနေ့ဂစ်တာ ဆိုသည်မှာ ...

၂ဝဝ၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ညချမ်းအချိန်တွင် ကမ်းနားဟိုတယ်၌ ‘ဂါအဲရှိရှ်’ (Gaëlle Chiche) နှင့် ‘ဖရန်စစ်စကိုဘဲနီရေး’ (Francisco Bernier) ဟူသော ဂစ်တာပညာရှင်ဇနီးမောင်နှံ (၂)ဦးဖြင့်ဖွဲ့စည်းထားသော ဒူယိုအက်စတော (Duo Astor) အဖွဲ့မှ ဂန္ထဝင်ဂစ်တာ တေးဂီတ ဖျော်ဖြေတင်ဆက်ပွဲတစ်ခု ကျင်းပသွားခဲ့ပါသည်။ စပိန်ဂစ်တာပညာရှင်ကြီးများဖြစ်ကြသော ‘ဖါနန်ဒိုဆော’ (Fernando Sor) ၏လက်ရာ ‘ဖန်တရှား အိုပတ်(စ) ၅၄’ (Fantaisie Opus 54) တေးစုကို အဖွင့်ပိုင်းတွင် လက်ရာမြောက်စွာ တင်ဆက်သွားပြီး၊ ဖျော်ဖြေပွဲအစီအစဉ်အပြီးတွင် အထူးလက်ဆောင်အဖြစ် ‘ဖရန်စစ်စကိုတာရီဂါ’ (Francisco Tárrega) ၏ လက်ရာမွန် ‘ရီကာဒိုစ်ဒီလာ အယ်လ်ဟမ်ဘရာ’ (Recuerdos de la Alhambra) ကို တီးခတ်ဖျော်ဖြေ သွားခဲ့ရာ ထိုပညာရှင်မောင်နှံ (၂) ဦးအား ကျေးဇူးတင်လျက်နားဆင်ခဲ့ရပါသည်။ ထိုစပိန်တေးပြုဆရာကြီးနှစ်ဦးစလုံးမှာ ကျွန်တော်၏အသည်းစွဲပညာရှင်များ ဖြစ်ကြ၍ ဂန္ထဝင်ဂစ်တာတေးသွားများ စင်တင်ဖျော်ဖြေတင်ဆက်ပွဲကို မြတ်နိုးနားဆင်လိုသော အိပ်မက်တစ်ခုမှာ ဂီတကဝေတို့ မှော်ဝင်ဂီတ၏ ညှို့ငင်ဖမ်းစားမှုအာရုံဖြင့် ထိုညချမ်းတွင် ပြီးပြည့်စုံခြင်းသို့ရောက်ရှိခဲ့ပါသည်။ အိမ်အပြန်လမ်းတွင် အတွေးတစ်စက ရစ်ပတ်နှောင်ဖွဲ့ထားသည်မှာတော့ “ယနေ့ဂစ်တာဆိုသည်မှာ ...”