24 May 2015

Chromatic Guitar Tuner for Android



ဖိုင်ဆိုက်သေးပေမယ့် ... ဒီ tuner လေးရဲ့ ကောင်းခြင်းတွေက အများကြီးပါပဲ ။

= standard tuning သာမက Open tunings , drop tunings , flat and sharp tunings ၊ ကျွန်တော်တို့ မကြားဖူးတဲ့ Major third , minor third tuning တွေပါ တွေ့ရတယ် ။
= တစ်ကြိုးချင်း အသံနားထောင်ပြီး ညှိနိုင်သလို ၊ mic ကတဆင့် meter နဲ့လည်း ညှိနိုင်တယ် ။
= Tuning folk လည်းပါတယ် ။
= Frequency အတိအကျညှိဖို့ Digital tuner လည်းပါတဲ့အတွက် ဂစ်တာနဲ့ ယူကလေးလေး အဓိကဆိုပေမယ့် တခြားတူရိယာတွေလည်း ညှိနိုင်တယ် ။
= 100 % free ဖြစ်တဲ့အပြင် No ads တဲ့ဗျာ ။ ကဲ ... ဘာလိုသေးလဲ ...
ခင်ဗျား ဂစ်တာတီးတယ်ဆိုရင်တော့ google store ကနေ အခုပဲဒေါင်းလိုက်ပေတော့ဗျို့ ... ။

ဒီမှာဒေါင်းနိုင်ပါတယ်

23 May 2015

ရောက်တတ်ရာရာ ဂစ်တာလေ့ကျင့်ခန်းစာအုပ်


(ဂစ်တာသမားတစ်ယောက်ရဲ့ လေ့ကျင့်ခဲ့တဲ့ အတွေ့အကြုံလေးတွေ ဖြတ်သန်းမှုတွေကို မျှဝေချင် ရေးချင်တာ ကြာပြီ ။ ဒါပေမယ့် 'ခေတ်' ဆိုတာ လူငယ်အားလုံး ရင်ခုန်ခဲ့တာလေ ... ကိုယ်တစ်ယောက်တည်း သက်ဆိုင်တာမှ မဟုတ်တာ ။ အဲဒါကြောင့် ... "မင်းလိုလူစားအများကြီး ငါလိုလူစား အရှားသား" ပြောတယ်လို့ မထင်စေလို ။ ဟိုကြားဒီကြားက ရှိစုမဲ့စု သတ္တိတွေ ဖျစ်ညှစ်ထုတ်ပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ ... အကျိုးမယုတ်တန်ကောင်းပါရဲ့ဗျာ .... နော့် .....)

20 May 2015

အခြေခံ Sweep picking နှင့် Arpeggios သင်ခန်းစာ - ၁

Sweep picking ကို economic picking လို့လည်း ခေါ်တယ် ။ Alternate (down-up) မတီးဘဲ ၊ down-down-down . up-up-up စသည်ဖြင့် sweep လုပ်ပြီး တီးခတ်ရပါတယ် ။ sweep picking ကို Arpeggios တွေ တီးခတ်တဲ့အခါ အများဆုံး အသုံးပြုလေ့ရှိတယ် ။ Arpeggio ဆိုတာတော့ chord ပါဝင်တဲ့ အသံတွေကို လုံးကောက်တီးတာပါ ။

sweep picking တီးပုံနဲ့ alternate picking (stroke) တီးပုံ သဘောတရား မတူပါ ။ sweep picking တီးတယ်ဆိုတာ ... pick ကိုင်ထားတဲ့လက်ကို ... အောက်ဆွဲချလိုက်တဲ့အခါ pick က ကြိုးကို ထိခတ်သွားတဲ့အတွက် အသံထွက်လာတဲ့ပုံစံမျိုး တီးတာပါ ။ အပေါ်ပြန်တက်လည်း ဒီတိုင်းပါပဲ ။ အဲဒီလို စနစ်တကျတီးဖို့ ... pick ဟာ floating ဖြစ်ရတယ် ။ floating ဖြစ်တယ်ဆိုတာ ပေါ့ပါးပြီး ပေါလောပေါ်နေတဲ့သဘောပါ ။ မြင်သာအောင် ဥပမာပေးရရင် rest stroke တီးသလိုပါ ။ ၆ကြိုးကို တီးလိုက်တဲ့အခါ pick က ၅ကြိုးပေါ်မှာ သွားရပ်တယ် ၊ တင်နေတယ် ။ ၅ကြိုးကို တီးပြီးတဲ့နောက် ၄ကြိုးပေါ်မှာ pick က သွားတင်တယ် ။ (သဘောပြောတာပါ ၊ တမင်အောက်ကြိုးပေါ်တင်အောင် rest stroke မတီးပါဘူး ၊ pick ကို ခပ်ဖွဖွကိုင်ပြီး ကြိုးတွေပေါ် ဆွဲချလိုက်တဲ့အခါ အဲဒီသဘောမျိုး အလိုလို floating  ဖြစ်သွားပါတယ်) ။ Arpeggio တွေ မတီးခင်မှာ sweep picking သဘောကို နားလည်သွားအောင် အောက်ကလေ့ကျင့်ခန်းလေးနဲ့ စလိုက်ရအောင် ။ (ဒီလေ့ကျင့်ခန်းကအရေးကြီးပါတယ်)


ဂစ်တာကြိုးတွေကို ဘယ်လက်နဲ့အုပ်ထားပြီး ၊ ညာဘက်က pick ကို ခပ်ဖွဖွကိုင်ပြီး ၆ကြိုးကနေ ၁ ကြိုးအထိ ဆွဲချလိုက်ပါ ။ တစ်ကြိုးချင်းစီ တကူးတက တီးတာ မဟုတ်ပါဘူး ။ အပေါ်မှာ ရှင်းပြခဲ့ပြီးပါပြီ ။ pick ကို ဖွဖွကိုင် ၊ ညာလက်ကို စည်းချက်အတိုင်း အောက်ဆွဲချ ၊ အပေါ်ဆွဲတင် .. အကြိမ်များစွာလေ့ကျင့်ပေးရင် sweep picking ရဲ့ swing သဘောကို သိလာပါလိမ့်မယ် ။ အဲဒီအခါ Arpeggios တွေကို စတင်လေ့ကျင့်ပါမယ် ။

Arpeggios in 1st and 2nd strings
Ex - 1
Em chord arpeggio ပါ ။ minor chord structure = Root , minor third , Perfect fifth - 1 3b 5 ဖြစ်တဲ့အတိုင်း E B G နုတ်တွေ ပါဝင်ပါတယ် ။ note , tabs, strokes အားလုံးရေးပေးထားပါတယ် ။ အခြေခံအကျဆုံး arpeggio pattern တစ်ခုဖြစ်လို့  စနစ်တကျ အမှားကင်းအောင် လေ့ကျင့်ဖို့ လိုပါတယ် ။ 
*** အနှေးဆုံးနဲ့ တီးပါ ။ *** pick ကို floating ဖြစ်အောင် သတိထားပေးပါ ***



Ex - 2
အပေါ်က လေ့ကျင့်ခန်းကို ထပ်မံဆင့်ပွားပြီး ပြုလုပ်ထားတာပါ။ ပါဝင်တဲ့ နုတ်တွေကို သတိထားပြီးတီးကြည့်ပါ ။
major chord structure = Root , Major third , Perfect fifth - 1 3 5 ဖြစ်ပါတယ် ။ (minor chord structure ကို ရှေ့ကလေ့ကျင့်ခန်းမှာ ပြောခဲ့ပြီးပါပြီ ) ။ % ဆိုတာ Repeat one bar ပါ ။ ရှေ့တဘားကို နောက်တစ်ခေါက် ထပ်တီးရတာပါ ။




Ex - 3
ဒီလေ့ကျင့်ခန်းက Am  key ပါ ။ Am ကို အစနဲ့အဆုံးမှာ pattern ၂မျိုးနဲ့ တီးထားပါတယ် ။ ဒုတိယ pattern ဟာ လက်ကို အနည်းငယ် ချဲကားပေးဖို့ လိုသလို ၊ ကိုယ်တွယ်တီး ခတ်တဲ့ လက်ချောင်းတွေ မှန်ကန်ဖို့လည်း လိုအပ်ပါတယ် ။ (နုတ်ရဲ့ဘေးမှာ လက်ချောင်းနံပါတ်တွေ ရေးပေးထားပါတယ် ။)



Ex - 4
အပေါ်က quaver note pattern တွေကို semi-quaver pattern တွေ ပြောင်းလိုက်တာပါ ။ ex 4 and 5 ကို နားထောင်ကောင်းအောင် backing guitar တီးပေးထားပြီး ၊ tempo အနည်းငယ်မြန်ပေးထားပါတယ် ။ လေ့ကျင့်သူတွေကတော့ အနှေးဆုံးကနေ စတီးပြီး ၊ အမှားကင်းပြီး ပိုင်နိုင်ပြီဆိုမှ တဖြည်းဖြည်း tempo တင်ပြီး လေ့ကျင့်ပေးပါ ။



Ex - 5



(ဒီလေ့ကျင့်ခန်းတွေက Arpeggios အတွက် အခြေခံတွေဆိုပေမယ့် ... Fret-board , Chords , chord theory, Scales , Alternate picking တွေကို အတော်အတန် တီးခတ်နိုင်ပြီ နားလည်ကျေညက်ပြီဆိုမှ Arpeggios ကို လေ့ကျင့်သင့်ပါတယ် )
guitar pro နဲ့ လေ့ကျင့်သူတွေအတွက် gpx file = download link

ရွှင်လန်းချမ်းမြေ့ပါစေ ....
လူတစ်ယောက်