Showing posts with label အခြေခံဂစ်တာသင်ခန်းစာ. Show all posts
Showing posts with label အခြေခံဂစ်တာသင်ခန်းစာ. Show all posts

16 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-13

Warm-up

Ex - 207

Picture


Ex - 208

Picture


Ex - 209

Picture
ဒီနေ့တော့ Rhythm ကိုနောက်ဆုံးမှ တီးပါမယ် ။ နုတ်တွေကို အရင်လေ့ကျင့်ပါမယ် ။ အသစ်လေ့ကျင့်မယ့် နုတ်တွေမှာ sharp( ♯ ) , flat( ♭ ), natural( ♮ ), ဆိုတဲ့ accidental sign တွေ ပါလာပါပြီ ။

အခြေခံဂစ်တာသင်ခန်းစာ Plan-12 (Revision)

ခင်ဗျားတို့ လေ့ကျင့်ခန်းတွေ အများကြီး ဖြတ်ကျော်လာခဲ့ပါပြီ ။ PLAN-9,PLAN-10,PLAN-11 တွေကို တစ်ခေါက်ပြန်နွှေးရင်း တီးခဲ့သမျှနုတ်တွေကို ပိုပြီး မှတ်မိသွားအောင် အသစ်ပေးထားတဲ့ သီချင်းသစ်လေးတွေ တီးရင်း ပျော်ရွှင်ပါစေဗျာ … ။ ။ (သီချင်းနှင့် လိုက်ဖက်မယ့် Rhythm-patterns လေးတွေ ရေးပေးထားပါတယ် ။)
Picture
¾ timing အားလုံးအတွက်တော့ 1-2&-3 rhythm pattern က အလိုက်ဖက်ဆုံးပါပဲ ။ ex-205 ကို rhythm တီးတဲ့အခါ ပထမနှင့် တတိယစည်းချက်တွေမှာ အပေါ်ကြိုးများကို ဦးစားပေး တီးခတ်ပြီး ၊ ဒုတိယနှင့် စတုတ္ထစည်းချက်တွေမှာတော့ အောက်ကြိုးများကို ဦးစာပေးခတ်ပါမယ် ။ ex-203နှင့်ex-206 တို့ရဲ့ နောက်ဆုံးဘားတွေမှာ chordပေါ်မှာ အစက်တစ်စက်နှင့် မျဉ်းခုံးလေးတစ်ခု တွေ့ရပါမယ် ။ အဲဒါက Fermata (or) Pause sign လို့ခေါ်ပါမယ် ။ ဂျွမ်း .. ဆိုတီးချပြီး အသံဆွဲအဆုံးသတ်လိုက်ပါ .. ။

Ex - 200

Picture

အခြေခံဂစ်တာသင်ခန်းစာ Plan-11

Warm-up

ဒီplanကစပြီး Eight note fingering တွေတီးပါမယ် ။ ဖြေးဖြေးမှန်မှန်ပဲကျင့်ပါ ။

Ex - 181

Picture


Ex - 182

Picture

14 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-7

Warm-up

Ex - 106

Picture

အခြေခံဂစ်တာသင်ခန်းစာ Plan-6

Warm-up

Ex – 86

Picture

အခြေခံဂစ်တာသင်ခန်းစာ Plan-5

ဒီနေ့တော့ ခင်ဗျားတို့ ပျင်းနေမှာစိုးတဲ့ အတွက်ရယ် လက်ချောင်းတွေသန်မာလာပြီလို့ ယုံကြည်တဲ့ အတွက်ရယ် ၊ လေ့ကျင့်ခန်း tempoကို အနည်းငယ် သွက်ပေးထားပါတယ် ။  လေးတွဲတွဲ မနေတော့ပါဘူး ။ ဂရုစိုက် တီးကြည့်လိုက်ပါအုံး ။

Warm-up (Fingering)

Ex – 57

Picture

13 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-4

Revision

ကျွန်တော့်တို့ အခုလေ့ကျင့်နေတဲ့ နည်းစနစ်ကတော့ ၃ရက်တီး-၁ရက်ပြန်နွှေး ပါ ။ PLAN-1, PLAN-2, PLAN-3 ရဲ့ လေ့ကျင့်ခန်းပေါင်း ၅၄-ခုရှိသွားပါပြီ ။ ရှေ့ဆက်တက်မယ် ဆိုရင် ခင်ဗျားတို့ဘက်က ကျေညက်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ် ။ ဒါကြောင့် ဒီနေ့မှာ လေ့ကျင့်ခန်းအသစ် ဆက်မတက်ဘဲ တီးခဲ့သမျှတွေကို ပြန်လည် လေ့ကျင့်ကြပါမယ် ။ အရေးကြီးတာတွေကို ထပ်ပြီး သတိပေးပါရစေအုံး ။

Rhythm တီးတဲ့အခါ ခြေထောက်ကိုပုတ် ၊ နှုတ်မှ 1-2-3-4 ဆိုပြီး အသံထွက်ရွတ်ဆိုပေးပါ ။ Noteတွေ တီးတဲ့အခါလည်း note & rest တွေကို မှန်ကန်အောင် ရွတ်ဆိုပေးပါ ။ နုတ်တွေရဲ့အသံကိုကျက်ပြီး နုတ်မကြည့်ဘဲ အလွတ်တီးခြင်းကို လုံးဝ လုံးဝ မပြုလုပ်ပါနဲ့ ။ စည်းကမ်းချက်များကို ဂရုတစိုက်ပြန်ဖတ်ပြီး ဘယ်/ညာ လက်အနေအထား ၊ ခြေထောက်ပုတ် ၊ နှုတ်ကရွတ် … စသည်ဖြင့်အာရုံစူးစိုက်ပြီး လေ့ကျင့်လိုက်ပါအုံး ။ ။

ဒီနေ့မှာ ပြန်လှန်လေ့ကျင့်ခန်းများနှင့် အတူ ပျော်စရာဖြစ်အောင် သီချင်းလေးတွေလည်း လေ့ကျင့်ပါမယ် ။ Ode to Joy နှင့် Jingle Bells ကိုတီးခတ်ရမည့် Rhythm Pattern ကို ကြိုတင် လေ့ကျင့်ကြပါမယ် ။

အခြေခံဂစ်တာသင်ခန်းစာ Plan-3

Warm-up (Fingering)

Picture
ဒီတစ်ခါတော့ လက်ချောင်း၎ချောင်းလုံးကို အသုံးပြပြီး တီးကြတာပေါ့ ။ သတိထား စရာတွေ ရှိပါတယ် ။ လက်ချောင်းတွေ အစဉ်လိုက် တီးတဲ့အခါ ရှေ့ကတီးခဲ့တဲ့ လက်ချောင်းတွေကို မလွှတ်ဘဲ ဆက်ပြီး နှိပ်ထားရပါမယ် ။ ဥပမာ - ၁ကြိုး-လက်ကွက် ၁၊၂၊၃၊၄ပေါ်မှာ လက်ချောင်း၁၊၂၊၃၊၄ အစဉ်လိုက် တီးတဲ့အခါ လက်ချောင်း၎ ရောက်သည်အထိ ရှေ့ကတီးခဲ့တဲ့ လက်ချောင်း ၁၊၂၊၃များကို မလွှတ်ဘဲ အစဉ်လိုက် ဖိနှိပ်လာရပါမည် ။ ပုံထဲက အတိုင်းပါပဲ ။

Ex – 29

Picture

12 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-2

Warm-up

Picture
warm-up နောက်တစ်မျိုးနှင့် စလိုက်ရအောင် ။ (နောက်ပိုင်းတွင် Fingering လို့ရေးသွားပါမယ် ။) စည်းကမ်းတွေက အရင်နေ့က ပြောပြီးပါပြီ ။ အဲဒီအတိုင်း ဂရုတစိုက် လိုက်နာပြီး တီးပေးပါ ။ ဒီလေ့ကျင့်ခန်းမှာ သတိထားဖို့ကတော့ လက်ချောင်း၁တီးပြီး လက်ချောင်း၂ တီးသောအခါ လက်ချောင်း၁ကို မလွှတ်ဘဲ ဆက်နှိပ်ထားဖို့ပါ ။ picking ကတော့ down-strokeပါ ။ ဒါပါပဲ ။ အိုကေ စပြီ ။

Ex – 14

Picture

Picture


လေ့ကျင့်ခန်း 15 မှာလည်း လက်ချောင်း၂တီးပြီး လက်ချောင်း၎ တီးသောအခါ လက်ချောင်း၂ကို ဆက်လက် ဖိနှိပ်ထားပါ ။ ပုံမှာပြထားတဲ့အတိုင်းပါပဲ ။ ။

11 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-1

ကြိုတင်မှာချင်တာတော့ ...

ဒီသင်ခန်းစာများကို PLAN များဖြင့် စီစဉ်ရေးသားထားပါတယ် ။ PLAN တစ်ခုကို တစ်ရက်တီးဖို့ရယ်တော့ မဟုတ်ပါဘူး ။ လူတစ်ယောက်နှင့် တစ်ယောက် သင်ယူလက်ခံနိုင်စွမ်းချင်း မတူကြပါ ။ PLAN တစ်ခုကို ဘယ်နှစ်ရက်တီးတီး အကြောင်း မဟုတ်ပါဘူး ။ အဓိကပြောချင်တာတော့ PLAN ၂ခုကို တစ်ရက်တည်းမတီးဖို့နှင့် မကျေညက်မချင်း PLAN အသစ်မတီးဖို့ပါပဲ … ။ အမြန်လိုချင်ဇောနှင့် စည်းကမ်းတွေမေ့ပြီး PLAN တစ်ခုပြီးတစ်ခု အမြန်ကုန်အောင် လိုက်တီးရင် တိုးတက်ဖို့ နှေးသွားပါလိမ့်မယ် ။ တတ်ဖို့မလောပါနှင့် ။ စိတ်အေးအေးထားတီးပါ ။ ဒီ course မှာ Patternတွေကို ကျေညက်အောင်အဓိကထားတဲ့ စနစ်ဖြစ်တဲ့အတွက် သီချင်းတွေ တီးရအုံးမှာ မဟုတ်ပါဘူး ။ သည်းခံပြီးလေ့ကျင့်လိုက်ပါ ။ Patternတွေကို ကျေညက်သွားတဲ့အခါ ခင်ဗျားတို့  တီးချင်တဲ့ သီချင်းကို အလွယ်လေး တီးနိုင်ပါလိမ့်မယ် ။ နောက် courseတွေမှာလည်း styles နှင့် songs တွေတွဲပြီး လေ့ကျင့်သွားမှာပါ … ။ ကဲ... ပျော်ရွှင်စွာ စလိုက်ရအောင်ဗျား…. ။

Warm-up (လက်ချောင်းသွေးပူလေ့ကျင့်ခန်း)

Picture
အခြေခံဂစ်တာသမား (သို့) အဆင့်မြင့် ဂစ်တာသမားပဲဖြစ်ဖြစ် ဂစ်တာစကိုင်ပြီ ဆိုတာနဲ့ warm-up လေ့ကျင့်ခန်းတွေ မလွဲမသွေတီးရပါမယ် ။ ရည်ရွယ်ချက် ကတော့ လက်ချောင်းများ သွေးပူလာအောင် ၊ သန်မာလာအောင် ၊ လွတ်လပ်စွာ လှုပ်ရှားနိုင်အောင် ၊ ဘယ်လက်နှင့် ညာလက် အပေးအယူမျှတအောင် စသည်တို့အတွက်ဖြစ်ပါတယ် ။ အရေးအကြီးဆုံးကတော့ အခြေခံဂစ်တာ လေ့ကျင့်နေတုန်းမှာ speed ဆိုတာကို ခေါင်းထဲက ထုတ်ထားပါ ။ လုံးဝ မတီးပါနဲ့ ။    မှန်ဖို့သာလိုပါတယ် ။ နည်းစနစ်ကျဖို့သာ လိုပါတယ်   ။  အခြေခံလေ့ကျင့်ခန်းများကို   down stroke (ဂစ်တာကြိုးပေါ်မှ အောက်သို့ တီးခတ်ခြင်း) ဖြင့်သာ လေ့ကျင့်ပါမယ် ။ down-stroke up-stroke ရေးပုံကို အပေါ်ကပုံထဲမှာ သင်္ကေတဖြင့် ပြထားပါတယ် ။     လေ့ကျင့်ခန်းများ မလေ့ကျင့်မီ အစပိုင်းတွင် ရေးသားခဲ့သော ဘယ်လက်အနေအထား နှင့် ညာလက် အနေအထား တို့ကို ကျေညက်အောင် မှတ်ထား စေလိုပါတယ် ။ အကြံတစ်ချို့ပေးချင်တာကတော့

အခြေခံဂစ်တာသင်ခန်းစာ (intro)

မင်္ဂလာပါ ။ အခြေခံဂစ်တာသင်ခန်းစာကတော့ ဂစ်တာကို အခြေခံမှစတင်ပြီး လေ့လာသင်ယူနိုင်ဖို့ ရည်ရွယ်ပြီး ရေးထားခြင်းဖြစ်ပါတယ် ။ ဂစ်တာကို နည်းစနစ်တကျ ကိုယ်တွယ်တီးခတ်နိုင်ဖို့ ၊ ဘယ်ညာ လက်အနေအထား ၊ Guitar pick ကိုင်တွယ်ပုံ ၊ ဂစ်တာကြိုးညှိပုံ ၊ Guitar Tablature ဖတ်နည်းများကို သိထားရပါမယ် ။ အဲဒါကြောင့်  လေ့ကျင့်ခန်းများ မတီးခတ်မီ ဂစ်တာနဲ့ ပတ်သတ်တဲ့ သိထားသင့်တဲ့ အကြောင်းအရာ တစ်ချို့ကို ဒီသင်ခန်းစာမှာ ရေးပေးထားပါတယ် ။ 

ဂစ်တာ၏အစိတ်အပိုင်းများ

Picture
 ဂစ်တာမတီးခတ်မီ ကျွန်တော်တို့ တီးခတ်မယ့် တူရိယာဖြစ်တဲ့ ဂစ်တာရဲ့ အစိတ်အပိုင်းများနှင့် အကျွမ်းဝင် ရင်းနှီးအောင် အရင်ဆုံး လေ့လာကြည့်ရအောင် ။ ပထမဆုံး Headstock လို့ခေါ်တာ ဂစ်တာရဲ့ ခေါင်းပိုင်းပါ ။ အဲဒီမှာရှိတဲ့ Tuning keys (or) Machine Heads လေးတွေနဲ့ ခင်ဗျားဂစ်တာ ကို ကြိုးညှိရပါမယ် ။ အဲဒီနောက်မှာ မျှော့ကြောင်းလေးတွေ ဖော်ထားတဲ့ Nut လို့ခေါ်တဲ့ ဂစ်တာကြိုးထိန်းလေး ရှိတယ် ။ သူ့ကို ပလက်စတစ် ၊ အရိုး (သို့) သစ်သား စတာတွေနဲ့ ပြုလုပ်လေ့ရှိတယ် ။ သေးငယ်ပေမယ့် အင်မတန် အရေးပါတဲ့ ကောင် လေးဖြစ်ပါတယ် ။ ဂစ်တာကြိုးတွေကို မရွှေ့ရှားနိုင်အောင် ထိန်းဖို့ ၊ ကြိုးတွေကို လက်ကွက်ပြားပေါ်မှ မတင်ပေးထားတဲ့ တာဝန်ကို ယူထားပါတယ် ။ နောက်အစိတ်အပိုင်း တစ်ခုကတော့ ခင်ဗျားရဲ့ အိပ်မက်တွေကို ပျိုးကြဲပေးမယ့် Neck လို့ခေါ်တဲ့ ဂစ်တာ လက်တံကြီး ပါပဲ အဲဒီက Frets (သတ္ထုဘား)များနဲ့ ပိုင်းခြားထားတဲ့ Fretboard (လက်ကွက်ပြား) ပေါ်က  နေရာအမျိုးမျိုးမှာ စနစ်တကျ ကွဲပြား ခြားနားတဲ့ သံစဉ် အမျိုးမျိုးကို ခင်ဗျား ဖန်တီးနိုင်ပါတယ် ။ အဲဒီမှာ ခင်ဗျား မှတ်မိလွယ်အောင် position marker လို့ခေါ်တဲ့ လက်ကွက်ပြား အမှတ်အသားလေးတွေ မြှုပ်ပေးထားပါတယ် ။ များသောအားဖြင့် အဝိုင်းလေးတွေပါ ။ တခြားပုံစံတွေလည်း ပြုလုပ်နိုင်ပါတယ် ။ (အော်ဒါမှာပေါ့  :) ။ ကဲ … နောက်ဆုံးကတော့ အသံထွက်တဲ့ ဂစ်တာရဲ့ ကိုယ်ထည် (Body)ပါပဲ ။ ကိုယ်ထည်မှာကတော့ Sound Hole (အသံထွက်ပေါက်) ၊ ဂစ်တာကို လက်ခတ်ပြားနဲ့ မခြစ်မိအောင် ကာကွယ် အလှဆင်ထားတဲ့ Pickguard (လက်ခတ်ပြားထိန်း) နှင့် Bridge (ကြိုးထိန်းခုံ) တစ်ခု ရှိပါတယ် ။ Bridge ပေါ်မှာလည်း Nutနှင့် ဆင်တူတဲ့ အသံထွက်ဖို့ ထောက်ပံ့ပေးတဲ့ Saddleခေါ် ကြိုးထိန်းရန် ပင့်မရန် အပြားလေးအပြင်၊ ဂစ်တာကြိုးတပ်ဖို့ string pegs ခေါ်တဲ့ ငုတ်လေးတွေလည်း ရှိပါတယ် ။ နောက်ပိုင်းပြုလုပ်တဲ့ ဂစ်တာအများစုမှာတော့ string pegs ပါတာများပါတယ် ။ အရင်တုန်းက ဂစ်တာတွေမှာတော့ နောက်ဆွဲ ခေါ်တဲ့ (tailpiece) မှာ ဂစ်တာကြိုးကို သွင်းပြီး တပ်ရပါတယ် ။ ဒီနေ့ခေတ်မှာတော့ အဲလိုပုံစံမျိုးတွေ အတွေ့နည်းသွားပါပြီ ။  အိုကေ ... ဂစ်တာ ကိုင်တွယ်တီးခတ်ပုံ ကိုယ်ဟန် အနေအထားများ ကို စလိုက်ကြရအောင် ။