13 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-4

Revision

ကျွန်တော့်တို့ အခုလေ့ကျင့်နေတဲ့ နည်းစနစ်ကတော့ ၃ရက်တီး-၁ရက်ပြန်နွှေး ပါ ။ PLAN-1, PLAN-2, PLAN-3 ရဲ့ လေ့ကျင့်ခန်းပေါင်း ၅၄-ခုရှိသွားပါပြီ ။ ရှေ့ဆက်တက်မယ် ဆိုရင် ခင်ဗျားတို့ဘက်က ကျေညက်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ် ။ ဒါကြောင့် ဒီနေ့မှာ လေ့ကျင့်ခန်းအသစ် ဆက်မတက်ဘဲ တီးခဲ့သမျှတွေကို ပြန်လည် လေ့ကျင့်ကြပါမယ် ။ အရေးကြီးတာတွေကို ထပ်ပြီး သတိပေးပါရစေအုံး ။

Rhythm တီးတဲ့အခါ ခြေထောက်ကိုပုတ် ၊ နှုတ်မှ 1-2-3-4 ဆိုပြီး အသံထွက်ရွတ်ဆိုပေးပါ ။ Noteတွေ တီးတဲ့အခါလည်း note & rest တွေကို မှန်ကန်အောင် ရွတ်ဆိုပေးပါ ။ နုတ်တွေရဲ့အသံကိုကျက်ပြီး နုတ်မကြည့်ဘဲ အလွတ်တီးခြင်းကို လုံးဝ လုံးဝ မပြုလုပ်ပါနဲ့ ။ စည်းကမ်းချက်များကို ဂရုတစိုက်ပြန်ဖတ်ပြီး ဘယ်/ညာ လက်အနေအထား ၊ ခြေထောက်ပုတ် ၊ နှုတ်ကရွတ် … စသည်ဖြင့်အာရုံစူးစိုက်ပြီး လေ့ကျင့်လိုက်ပါအုံး ။ ။

ဒီနေ့မှာ ပြန်လှန်လေ့ကျင့်ခန်းများနှင့် အတူ ပျော်စရာဖြစ်အောင် သီချင်းလေးတွေလည်း လေ့ကျင့်ပါမယ် ။ Ode to Joy နှင့် Jingle Bells ကိုတီးခတ်ရမည့် Rhythm Pattern ကို ကြိုတင် လေ့ကျင့်ကြပါမယ် ။

အခြေခံဂစ်တာသင်ခန်းစာ Plan-3

Warm-up (Fingering)

Picture
ဒီတစ်ခါတော့ လက်ချောင်း၎ချောင်းလုံးကို အသုံးပြပြီး တီးကြတာပေါ့ ။ သတိထား စရာတွေ ရှိပါတယ် ။ လက်ချောင်းတွေ အစဉ်လိုက် တီးတဲ့အခါ ရှေ့ကတီးခဲ့တဲ့ လက်ချောင်းတွေကို မလွှတ်ဘဲ ဆက်ပြီး နှိပ်ထားရပါမယ် ။ ဥပမာ - ၁ကြိုး-လက်ကွက် ၁၊၂၊၃၊၄ပေါ်မှာ လက်ချောင်း၁၊၂၊၃၊၄ အစဉ်လိုက် တီးတဲ့အခါ လက်ချောင်း၎ ရောက်သည်အထိ ရှေ့ကတီးခဲ့တဲ့ လက်ချောင်း ၁၊၂၊၃များကို မလွှတ်ဘဲ အစဉ်လိုက် ဖိနှိပ်လာရပါမည် ။ ပုံထဲက အတိုင်းပါပဲ ။

Ex – 29

Picture

အခြေခံဂီတသီအိုရီ - ၉

Augmented and Diminished Intervals
Perfect intervals တွေမှာ one half step လျော့ရုံဖြင့် Diminished ဖြစ်သလို ၊ one half step တိုးရုံဖြင့်လည်း Augmented ဖြစ်လို့ မှတ်ရလွယ်ကူပါတယ် ။ Major intervals တွေမှာတော့ one half step လျော့ရင် minor intervals ဖြစ်ပေမယ့် ဒီထက်ပို အသေးစိတ်လာတဲ့ intervalsတွေ ရှိပါသေးတယ် ။






အပေါ်ပုံ Example-1 မှာ - D ဟာ C ရဲ့ Major 2nd interval ပါ ။ Major 2nd ကို one half step တိုးပေးခြင်းဖြင့် Augmented 2nd interval ဖြစ်လာပါတယ် ။ Major 2nd ကို one half step လျော့ခြင်းဖြင့် minor 2nd interval ဖြစ်လာပါတယ် ။ Major 2nd ကို two half step လျော့လိုက်ရင်တော့ Diminished 2nd interval ဖြစ်လာပါတယ် ။ half step နှစ်ကြိမ်လျော့တဲ့အတွက် Double flat လို့ခေါ်တဲ့ flast sign ၂ခုကို ရေးသားထားပါတယ် ။ Diminished 2nd မှာ half step အကွာအဝေး လုံးဝမရှိသောကြောင့် unison နှင့် အတူတူဖြစ်သော်လည်း letter မတူညီပါ ။ C , Dဟူသော letter၂လုံးဖြစ်သောကြောင့် Diminished 2nd ဖြစ်ပါတယ် ။

Beginner Drum Lessons (ဗီဒီယို + စာအုပ်)

Drums နဲ့ ပတ်သတ်တဲ့ မသိမဖြစ် အခြေခံသဘောတရားတွေကို ရှင်းပြပေးထားတဲ့ ဗီဒီယိုတွေပါ ။ ပါဝင်တဲ့ ခေါင်းစဉ်တွေကို ကြည့်လိုက်ပါအုံး ။
1, Intro to beginner
2, How to play drums
3, Drum Related Terms
4, Holding the drumsticks
5, Drumstick tips
6, Bass drum techniques
7, Drum set posture
8, Drum set warmups
9, Drum warmups and stretches
10, Drum tuning troubleshooting
11, Snare drum tuning
12, Learn to play drums
13, What makes a good drummer

Rocket Piano Book - 2 (intermediate) စာအုပ် + စီဒီ

Jamorama piano book 1 ကို လေ့ကျင့်ပြီးတဲ့အခါ ဒီစာအုပ်ကို လေ့ကျင့်လို့ရပြီ ။ piano intermediate အဆင့်မှာ ပါဝင်သင့်တဲ့ လေ့ကျင့်ခန်း ၊ သီအိုရီတွေ အစုံပါပဲ ။ လေ့ကျင့်ခန်းစာအုပ်ဆိုတာထက် သီအိုရီစာအုပ်လို့ပြောရင် ပိုမှန်မယ် ။ ဂီတကို စနစ်တကျလေ့လာဖို့အတွက် စာအုပ်ကောင်း တစ်အုပ်ပါ ။

စာအုပ် - Download link
စီဒီ ၁ - Download link
စီဒီ ၂ - Download link