10 March 2015

The Eagles - Hell Freezes Over

ညွှန်းစရာမလိုတော့ပါဘူး .. နော့ ။ 1994 ခုနှစ်ကတည်း ပြုလုပ်ခဲ့တဲ့ သိမ်းငှက်ကြီးတွေရဲ့ unplugged တေးသံသာဟာ ဒီနေ့ထိ လေထဲမှာ ပျံ့လွင့်နေဆဲ ၊ ကမ္ဘာတလွှား ရောင်းအားအကောင်းဆုံး စာရင်းဝင်နေဆဲပါ ။ (တခွေလုံးလည်း ကော်ပီလုပ်ထားပြီးပါပြီ) :D ... ကောင်မလေးတွေ သီချင်းတောင်းလို့ Hotel California မှ မတီးပြနိုင်ရင် လွမ်းနေရအုံးမယ် ။ မြန်မြန်ကျင့်လိုက်ပါအုံး ... :)

book - Download link

Harmonica Books for practice

ပထမဆုံးတစ်အုပ် harmonica for dummies က အခြေခံ ဟာမိုနီကာသမားတွေ အတွက်ပါ။ နောက် ၃အုပ်က လေ့ကျင့်ခန်းတွေ ။ Dave ရဲ့ လေ့ကျင့်ခန်းတွေက တကယ်ကောင်းတယ်ဗျ ။ အဲဒီလို systematic ဖြစ်တဲ့ စာအုပ်မျိုး ရှားတယ် ။ အလကားလိုက်ရှာရတာဆိုတော့ အခြေခံတွေပဲ ရတယ် ။ အဆင့်မြင့်တွေရရင် ထပ်တင်ပေးပါမယ် ။
For dummies - http://www.mediafire.com/download/z54gvt3qu5o9v3l/Harmonica_For_Dummies_By_Winslow_Yerxa_(2008).pdf
Dave's harmonic lessons 1 - http://www.mediafire.com/download/39qb76z0e8bqg9f/harmonica1.pdf
Dave's harmonic lessons 2 - http://www.mediafire.com/download/t2usa9nq5d2rqjn/harmonica2.pdf
Dave's harmonic lessons 3 - http://www.mediafire.com/download/gqccf8b7zw9s6t9/harmonica3.pdf

Frank Gambale ( Chop Builder ) စာအုပ် + စီဒီ + ဗီဒီယို

ဂစ်တာသမားတစ်ယောက်ဖြစ်ဖို့ ... ဘယ်လိုလေ့ကျင့်မလဲ .. ဘာတွေလေ့ကျင့်ရမလဲ ... ဘယ်လောက်လေ့ကျင့်မလဲ ... တွေဝေဖို့ အချိန်မရအောင်ကို ... ဒီသင်ခန်းစာတွေက လေ့ကျင့်ခန်း ၁ ကစပြီး အဆုံးအထိ ... ခင်ဗျားကို ဆွဲခေါ်သွားပါလိမ့်မယ် ။ Frank Gambale ရဲ့ Chop Builder Lessons ဟာ ... ဂစ်တာသမားတိုင်း လေ့ကျင့်သင့်တဲ့ အလွန်ကို စနစ်ကျတဲ့ လေ့ကျင့်ခန်းတွေပါ ။ *** လုံးဝကို လေ့ကျင့်ရပါမယ် *** နေ့စဉ်လေ့ကျင့်ရမယ့် daily plan လည်း ဖြစ်သလို ၊ Scales မျိုးစုံအပြင် ၊ mode , Interval , string skipping , sweeping , H-O . P-O တက်ကနစ်မျိုးစုံပါဝင်ပါတယ်  ။ mode တွေ လေ့ကျင့်ပုံကို လမ်းညွှန်ပေးထားတာလည်း တကယ်ကို ကောင်းပါတယ် ။ အကောင်းဆုံးကတော့ စာအုပ်ကြည့်ပြီးလေ့ကျင့် ၊ ပြီးရင် ဗီဒီယိုဖိုင်လေးဖွင့်ပြီး သူနဲ့အတူ လိုက်တီးကြည့်ပါ ။ ဂစ်တာလေ့ကျင့်တဲ့အချိန်မှာ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ F.G က ကိုယ်တိုင်လမ်းပြပေးထားတယ် ။ လေ့ကျင့်ခန်းတွေတီးနေတုန်း ခင်ဗျားတို့ အိပ်ငိုက်မှာစိုးလို့ ထင်ပါရဲ့ ။ ဣတ္ထိယလေးတွေနဲ့ ဖျော်ဖြေပေးထားသေးတယ် ။ ဒီမှာ ... ခင်ဗျားရဲ့ စိန်ခေါ်မှုသစ်တွေကို စတင်နိုင်ဖို့ ...
စာအုပ် - Download Link
အသံဖိုင် - Download Link
ဗီဒီယိုဖိုင် - https://www.youtube.com/watch?v=l-HOyCCmU3Y&list=PLrqh0RHZ04daXfYutz-5Vsaj7Size2uU3
( Youtube playlist အနေနဲ့ ဗီဒီယို ၁၄ ဖိုင်ခွဲပြီး တင်ပေးထားပါတယ် )


Ed Friedland - Building Walking Bass ( စာအုပ် + စီဒီ )

ကန်းထရီးဂစ်တာသမားတစ်ယောက်က မယ်တယ်ကို မတီးချင်လို့ မတီးတာ ရကောင်းရနိုင်မယ် ။ မယ်တယ်ဂစ်တာသမားတစ်ယောက်က ဂျက်စ်မလေ့ကျင့်ချင်ရင် ဖြစ်ကောင်းဖြစ်နိုင်မယ် ။ ဒါပေမယ့် ဒရမ်နဲ့ တွဲဖက်ပြီး ဘော်ဒီအတောင့်စား တီးပေးရတဲ့ ဘေ့စ်ဂစ်တာသမား တစ်ယောက်အတွက်တော့ မဖြစ်နိုင်ပါဘူး ။ ကြိုးလေးချောင်းပေါ်မှာ စိတ်ကူးကွန့်မြူးရတဲ့ ဘေ့စ်ဂစ်တာသမားရဲ့ ခံစားမှု ၊ လေ့လာရမယ့် တက်ကနစ် ၊ အယူအဆတွေကလည်း များပြားကြွယ်ဝလွန်းပါတယ် ။ Walking Bass ဆိုရင် အများအားဖြင့် ဂျက်စ်ဂီတကို မြင်ယောင်ကြတယ် ။ Rock , Blues , Country , Latin , R&B , Gospel တွေမှာလည်း Walking Bass ကို တွင်ကျယ်စွာ အသုံးပြုနိုင်ပါတယ် ။ ဘေ့စ်ဂစ်တာသမားကောင်းတစ်ယောက်ရဲ့ အရည်အချင်းဖြစ်တဲ့ swing , rhythmic ဖြစ်အောင်တီးနိုင်ဖို့ Walking Bass ကို ပိုင်နိုင်အောင် လေ့ကျင့်ရပါမယ် ။ ခင်ဗျားရဲ့ ကြိုးလေးချောင်းမှာ ဒီစာအုပ်ကို အတောင်ပံတပ်ပြီး ပျံသန်းလိုက်ပါအုံး .... ။
စာအုပ် - Download Link
စီဒီ - Download Link

အခြေခံဘေ့စ်ဂစ်တာစာအုပ် + စီဒီ

Ed Friedland - Bass Method ( စာအုပ် + စီဒီ )
Hal Leonard ကထုတ်တဲ့ အခြေခံဘေ့စ်ဂစ်တာစာအုပ်ပါ ။ အခြေခံစာအုပ်ဆိုပေမယ့် ဘေ့စ်ဂစ်တာနဲ့ပတ်သတ်တဲ့ စတိုင် ၊ တက်ကနစ် ၊ သီအိုရီတွေ အစုံအလင်နဲ့မို့ ... ဒီ course ကို ပိုင်နိုင်ရင်တော့ အခြေခိုင်ပြီလို့ ပြောနိုင်ပါတယ် ။ စာအုပ်က ၃အုပ်ပေါင်းထားတာ ။ စီဒီ ၃ချပ်နဲ့အတူ လေ့ကျင့်လိုက်ကြပါအုံးဗျာ ။
စာအုပ် - http://www.mediafire.com/view/73p9i9biuc7jyl9/Ed_Friedland_-_Bass_Method_(Hal_Leonard).pdf
စီဒီ ၁ - http://www.mediafire.com/download/qff274o4oadnpcl/Ed_Friedland_-_Bass_Method_(Hal_Leonard)_-_Book_I.rar
စီဒီ ၂ - http://www.mediafire.com/download/s1781ctbibgs37g/Ed_Friedland_-_Bass_Method_(Hal_Leonard)_-_Book_II.rar

စီဒီ ၃ - http://www.mediafire.com/download/2d1rtyppd7o7kiv/Ed_Friedland_-_Bass_Method_(Hal_Leonard)_-_Book_III.rar

Daily Techniques for Classical Guitar (Advanced) စာအုပ် + ဗီဒီယို

ဘရာဇီး ကလပ်စီကယ်ဂစ်တာပညာရှင် Edson Lopes ဟာ ... လက်တင်အမေရိကရဲ့ ဂီတမြို့တော် လို့ တင်စားခေါ်ဝေါ်ကြတဲ့ Tatuí မြို့တော်မှ အထင်ရှားဆုံးဂီတကျောင်းဖြစ်တဲ့  the Conservatory of Musical and Dramatic Arts "Dr. Carlos de Campos" မှ Classical Guitar ဘွဲ့ယူခဲ့သူပါ ။ သူဟာ ဂုဏ်ထူးဆောင်ကျောင်းသား တစ်ယောက်လည်း  ဖြစ်ပါတယ် ။ ပါဝင်ယှဉ်ပြိုင်သမျှ guitar competition တိုင်းမှာလည်း ပထမဆုကို အမြဲတမ်း ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။ ကမ္ဘာ့နိုင်ငံများအနှံ့ ဖျော်ဖြေပွဲများကို တီးခတ်ခဲ့ပြီး ၊ လက်ရှိမှာတော့ ဂီတကျောင်းရဲ့ ပရော်ဖက်ဆာတစ်ယောက်အဖြစ် ဂစ်တာအဆင့်မြင့်ပိုင်းများကို သင်ကြားပေးလျက်ရှိပါတယ် ။
ဒီလေ့ကျင့်ခန်းတွေကလည်း Advanced ဂစ်တာသမားများအတွက် ဖြစ်ပါတယ် ။ Daily practice အနေဖြင့် သော်လည်းကောင်း ၊ warm-up အနေဖြင့် သော်လည်းကောင်း ... နေ့စဉ်လေ့ကျင့်သင့်ပါတယ် ။

စာအုပ် - Download Link

Daily Exercises for Classical Guitar

Classical Guitar ကို တီးခတ်တဲ့သူတိုင်း Mauro Giuliani ရဲ့ 120 Studies ကို သိကြတယ် ။ လေ့ကျင့်ဖူးကြတယ် ။ ဒီစာအုပ်က မူရင်းတော့ မဟုတ်ဘူး ။ Christopher Davis ဆိုတဲ့ ဂစ်တာပညာရှင်က Mauro Giuliani ရဲ့ 120 Studies ကို Levelတွေ အဆင့်ဆင့်ခွဲပြီး ၊ tipတွေ ၊ schedulesတွေနဲ့ ပြည့်ပြည့်စုံစုံ အကြံပေးထားတာပါ ။ သူအကြံပေးထားတဲ့ နည်းစနစ်အတိုင်း လေ့ကျင့်မယ်ဆိုရင် ... အချိန်တိုတိုနဲ့ တိုးတက်လာပါလိမ့်ယ် ။ ညာလက်အတွက် Arpeggios တွေဖြစ်ပေမယ့် ... ဘယ်လက်အတွက် chord progressions အမျိုးမျိုးပြောင်းပြီးလည်း လေ့ကျင့်သင့်ပါတယ် ။  Mauro Giuliani ရဲ့ မူရင်းစာအုပ်ကိုပါ တင်ပေးလိုက်ပါတယ် ။

Christopher Davis စာအုပ် - Download Link
Mauro Giuliani စာအုပ်(မူရင်း) - Download Link

Harmonica for Beginners (ဗီဒီယို)

Bob Dylan , Neil Young , Stevie Wonder တို့ကအစ Mick Jagger , The Beatles , Steven Tyler, Led Zepplin , Billy Joel တို့လို Rockဘိုးအေကြီးတွေအားလုံး ... ( မြန်မာပြည်မှာဆိုလည်း ကိုငှက်ကြီး ၊ ကိုညီထွဋ်တို့ပေါ့ ) ဒီလောက်သေးငယ်တဲ့ တူရိယာလေးကို ဘာကြောင့် စွဲမက်နေကြလဲဆိုတာ ... ခင်ဗျား တွေးမိကောင်း တွေးမိမယ် ... ???
အဖြေကတော့ ...
ဒီကောင်က သေးကွေးပေမယ့် အင်မတန် မာယာများတယ် ။ scales , chords တွေကို တီးမှုတ်ရုံသာမက  legato , staccato , vibrato , bending စတဲ့ ... technique တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်တယ် ။ Blues ဂီတသမားတွေ သုံးစွဲလေ့ရှိပေမယ့် pop , folk , country , jazz , rock ဂီတသမားတွေလည်း သုံးစွဲလေ့ရှိတယ် ။ Bandနဲ့လည်း တွဲခတ်တီးနိုင်သလို ... ခြောက်သွေ့တဲ့ ခင်ဗျားရဲ့ညတွေကို တစ်ကိုယ်ရည် စိုပြေစေနိုင်မယ် ။ နောက်ဆုံး ...  သူ့ကို ... ဘောင်းဘီအိတ်ထဲထည့်ပြီး သွားလေရာ ခေါ်သွားလို့လည်း ရတယ်ဗျာ ။ ( ညွှန်းတာ သိပ်များသွားလားမသိဘူး ) :D
ကဲ ... အဲဒီတူရိယာလေးကို တီးမှုတ်ချင်တယ် ဆိုရင်တော့  Ultimate Beginner Xpress က ကူညီပါလိမ့်မယ် ။ ဟာမိုနီကာ ကိုယ်တွယ်ပုံ ၊ အသက်ရှူပုံ ၊ လျှာကစားပုံ :) များသာမက ... Diatonic , Chromatic , Chord , Bass , blues technique များကိုပါ ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားပါတယ် ။ ဒီဗီဒီယိုသင်ခန်းစာ တစ်နာရီစာအတွက် ခင်ဗျားရရှိမယ့် ပျော်ရွှင်ကြည်နူးမှုတွေကတော့ ... ဘာနဲ့မှ မတိုင်းတာနိုင်ဘူး ... ဘာနဲ့မှ မလဲနိုင်ပါဘူး .....
( playlist အနေနဲ့ ဗီဒီယို ၁၁ ဖိုင်ကို youtube မှာ တင်ပေးလိုက်ပါတယ် ... ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ )
ဗီဒီယိုလင့်ခ် - https://www.youtube.com/watch?v=lVOAAfkAHow&list=PLrqh0RHZ04dbCXLFDcGGXlPl0-iscfuGP

Drum lessons for Beginners ( အခြေခံဒရမ်တီးနည်း စာအုပ် + စီဒီ )

Learn and Master က ထုတ်တဲ့ အခြေခံဒရမ်တီးနည်းပါ ။ စာအုပ် + စီဒီ ၅ ခွေ ပါပါတယ် ။ ဒီစာအုပ်ထဲက လေ့ကျင့်ခန်းတွေက စတိုင်တော်တော်စုံပါတယ် ။ စိတ်အေးလက်အေး ဖြေးဖြေးမှန်မှန်သာ လေ့ကျင့်လိုက်ပါ ။ (လုံးဝအမြန်မတီးပါနဲ့) ။ တစ်အုပ်လုံးကို အနှေးဆုံးနဲ့ ပိုင်နိုင်ပြီဆိုမှ tempo အနည်းငယ်စီတိုးပြီး အကြိမ်ကြိမ်ပြန်လေ့ကျင့်ပါ ။ တူရိယာတစ်ခုကို လေ့ကျင့်ပြီဆိုရင် နည်းစနစ်ကျဖို့ လိုအပ်ပါတယ် ။ ဒီစာအုပ်ထဲမှာလည်း drum stick ကိုင်တွယ်ပုံ ၊ ကိုယ်ဟန်အနေအထား ၊ Bass drum နင်းပုံ .. စတာတွေက အစ စနစ်တကျ ရှင်းပြထားတယ် ။ ဒေါင်းပြီးတော့ အားရပါးရ တီးပစ်လိုက်စမ်းပါဗျာ ။   သြော် ... တစ်ခုတော့ သတိပေးအုံးမယ် ။ ဒရမ်လေ့ကျင့်မယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ သင့်မြတ်ဖို့တော့လိုလိမ့်မယ်နော် .. :D

Book - Download Link
cd1-part1 - Download Link
cd1-part2 - Download Link
cd2-part1 - Download Link
cd2-part2 - Download Link
cd3-part1 - Download Link
cd3-part2 - Download Link
cd4-part1 - Download Link
cd4-part2 - Download Link
cd4-part3 - Download Link
cd5-part1 - Download Link
cd5-part2 - Download Link
cd5-part3 - Download Link

Metal Rhythm Guitar (စာအုပ် + စီဒီ)

Guitar Vamp လေ့ကျင့်ချင်တဲ့သူတွေအတွက် Troy Stetina ရဲ့ Metal Rhythm Guitar စာအုပ်ပါ ။ ပြောခဲ့ဖူးပါတယ် ။ ခင်ဗျားတို့ Metal Guitar တီးမယ်ဆိုရင် Troy Stetina နဲ့ လွတ်ကင်းဖို့ မဖြစ်နိုင်ပါဘူး ။ vamp နဲ့ ပတ်သတ်လို့ ... ဒီစာအုပ်ကို လေ့ကျင့်ရတာ ခင်ဗျားတို့ ကျေနပ်ပျော်ရွှင်မှာပါ ။ ခင်ဗျားတို့ လိုချင်တဲ့ ... လိုအပ်တဲ့ အရာတွေအားလုံး Troy Stetina က အသင့် ခူးခပ်ပြင်ဆင်ပေးထားပါတယ် ။ Electric Guitar , Distortion နဲ့သာ ဒီလေ့ကျင့်ခန်းတွေကို တီးပစ်လိုက်ရရင် .... သေချာတယ် ခင်ဗျားအိပ်မက်တွေ ခိုင်မာသထက် ခိုင်မာသွားလိမ့်မယ် ..... ။
စာအုပ် Vol 1 - Download Link
စာအုပ် Vol 2 - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link
အသံဖိုင် ၆ - Download Link

Piano for Dummies ( Piano အခြေခံစာအုပ် + အသံဖိုင် )

ဒါကတော့ Dummies series ကနေ ထုတ်တဲ့ Piano အခြေခံစာအုပ်ပါ ။
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link

Learn and Master Piano ( Piano အခြေခံစာအုပ် + စီဒီ )

Piano ကို အခြေခံကနေစပြီး လေ့လာချင်တဲ့သူတွေ အတွက် .. Learn & Master ကနေထုတ်တဲ့ စာအုပ် + CD ၅ခွေတွဲ ။ CD ၁ခွေကို ၂ပိုင်းစီခွဲပြီး တင်ပေးထားပါတယ် ... ။
စာအုပ် - Download Link
CD 1 part 1 - Download Link
CD 1 part 2 - Download Link
CD 2 part 1 - Download Link
CD 2 part 2 - Download Link
CD 3 part 1 - Download Link
CD 3 part 2 - Download Link
CD 4 part 1 - Download Link
CD 4 part 2 - Download Link
CD 5 part 1 - Download Link
CD 5 part 2 - Download Link

Extreme Pentatonics (စာအုပ် + ဗီဒီယို)

Pentatonic ဆိုတာ magic scale တစ်ခုပါ ။ Pentatonic ကို ခင်ဗျားတို့ချစ်သလို ... ဂစ်တာသမား သန်းပေါင်းများစွာကလည်း ချစ်ပါတယ် .. တဲ့ . smile emoticon ။ သူတို့ကလည်း သန်းနဲ့ချီတဲ့ Pentatonic guitar solo တွေကို တီးခဲ့ကြတယ် ။ သူတို့နဲ့မတူ ခြားနားအောင် ခင်ဗျားဘယ်လို တီးမလဲ ... ???
သိပ်တော့လည်း မလွယ်ပါဘူး ။ Pentatonic ဆိုတော့ တီးစရာနုတ်က ၅လုံးပဲရှိတာကိုး ။
Rusty Cooley ကတော့ တမူထူးခြားပါတယ် ။ စာအုပ်နာမည် Extreme Pentatonics ဆိုတဲ့အတိုင်း တကယ့်ကို အလွန်တွေ လုပ်ပြထားတယ် ။ ဒီစာအုပ်က .....
- Intermediate to Advanced ဂစ်တာသမားတွေအတွက်ပါ ။
- 7 string , Electric guitar အတွက်ပါ ။
- ဒီစာအုပ်တီးဖို့ ... ခင်ဗျားဟာ အခြေခံနဲ့ အလယ်အလတ်အဆင့်ကို ပိုင်နိုင်နေရမယ် ။ လက်တွေကို ချဲကားနိုင်ဖို့ Finger stretching တွေကို လေ့ကျင့်ထားရမယ် ။ Fingerboard & scale pattern တွေကို ကျေညက်နေရမယ် ။ Tappingကို လက်ညိုးနဲ့ မဟုတ်ဘဲ ၊ လက်ခလယ် ၊ လက်သူကြွယ်တို့နဲ့ တီးခတ်နိုင်ရမယ် ။ (** လက်မနဲ့လက်ညိုးက pick ကိုင်ထားတဲ့အတွက် ... tapping လေ့ကျင့်တဲ့အခါ လက်ခလယ် ၊ လက်သူကြွယ်တွေနဲ့ လေ့ကျင့်ဖို့ အကြံပေးချင်ပါတယ် **) အဲဒီအချက်တွေနဲ့ ပြည့်စုံခဲ့ရင်တော့ ... ဒီစာအုပ်က ခင်ဗျားအတွက် လှေကားနောက်တဆင့်ပါ ။
- စာအုပ်နဲ့အတူ ၊ ဗီဒီယိုဖိုင်တွေကို ၁၀ပိုင်းခွဲပြီး youtube မှာ တင်ပေးလိုက်ပါတယ် ။ playlist အနေနဲ့ ဗီဒီယိုင်ဖိုင် ၁၀ ခုပါ ။
- 7 string guitar မရှိတဲ့သူတွေကလည်း ၊ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် သူ့ရဲ့ patternတွေကိုယူပြီး 6 string guitar နဲ့ လေ့ကျင့်နိုင်ပါတယ် ။
- တချို့လေ့ကျင့်ခန်းတွေမှာ လက်မမှီတာတွေ ၊ လက်မချဲနိုင်တာတွေ ရှိနိုင်တယ် ။ worryမများပါနဲ့ ။ ကိုယ်နဲ့အဆင်ပြေမယ့် key , position ကို ပြောင်းပြီး လေ့ကျင့်လိုက်ပါ ။ ကျင့်ဖြစ်အောင်သာ လေ့ကျင့်လိုက်ပါ ။ ဒီစာအုပ်က ခင်ဗျားတို့အတွက် ဂစ်တာတလက်ရဲ့ လုပ်နိုင်စွမ်းတွေကို ညွှန်ပြပြီး မနက်ဖြန်အတွက် စိတ်ကူးသစ်တွေကို အိပ်မက်စေပါလိမ့်မယ် ....
စာအုပ် - Download Link
ဗီဒီယိုလင့်ခ် - Download Link

Killer Pentatonic (စာအုပ် + စီဒီ)

ဒီစာအုပ်မှာ Pentatonic နဲ့ ပတ်သတ်တဲ့ သဘောတရားတွေ လုံလောက်ပြည့်စုံစွာ ရှင်းပြထားပါတယ် ။ လေ့ကျင့်ခန်းတွေကတော့ ထုံးစံအတိုင်းပေါ့ ။ သဘောတရားလောက်ပဲ ပေးထားတာ ။ ပိုပြီးကျေညက်သွားအောင် ... သူ့စာအုပ်ထဲက လေ့ကျင့်ခန်းတွေကို ပိုင်နိုင်ပြီဆိုရင် ... ခင်ဗျားတို့ ကိုယ်တိုင် values , rhythm , patterns တွေ ချဲ့ထွင်ပြီး လေ့ကျင့်ဖို့တော့ လိုပါလိမ့်မယ် ။
( လေ့ကျင့်ခန်းတွေကို ကိုယ်တိုင်ဖန်တီးရမယ်ဆိုလို့ စိတ်မပျက်ပါနဲ့ ။ သဘောတရား ကျေညက်သွားအောင် ဖန်တီးခိုင်းတာပါ ။ Pentatonic ကို ပိုင်နိုင်ဖို့ ဒီတစ်အုပ်လောက်နဲ့ မရသေးပါဘူး ။ နောက်မှာ စာအုပ်တွေ အများကြီးရှိပါသေးတယ် ။ ဒါပေမယ့် ဒီစာအုပ်လေးက အခြေခံဖောင်ဒေးရှင်းပဲ ။ ဒါကို ကျေညက်ရင် နောက်စာအုပ်တွေ အလွယ်တကူ ကျော်ဖြတ်နိုင်ပါလိမ့်မယ် )
စာအုပ် - Download Link
အသံဖိုင် - Download Link
အသံဖိုင်၂ - Download Link

Improvisation Made Easier

Frank Gambale ဟာ စံထားရမယ့် ပြည့်စုံတဲ့ Fusion Guitarist တစ်ယောက်ပါ ။ ခင်ဗျားတို့ သူရဲကောင်းကြီး John Petrucci ရဲ့ ဂစ်တာဟန်မျိုး တီးချင်တယ်ဆိုရင် ၊ မှော်ဆန်တဲ့ scale patternတွေကို ဖန်တီးချင်တယ်ဆိုရင် ၊ modeတွေကို လက်တွေ့အသုံးချချင်တယ် ဆိုရင် ၊ major , minor , pentatonic ထဲမှာပဲ လှိမ့်မနေချင်ဘူးဆိုရင် ၊ သမာရိုးကျမဟုတ်တဲ့ ဂစ်တာဆိုလိုတွေကို ဖန်တီးချင်တယ်ဆိုရင်တော့ ... Frank Gambale လေ့ကျင့်ခန်းတွေကို များများတီးပေးဖို့ လိုပါတယ် ။ ( ကျွန်တော်လည်း အလျဉ်းသင့်သလို ရှာဖွေစုဆောင်းပြီး မျှဝေပေးပါမယ် ။) ဒီစာအုပ်မှာလည်း Improvisation အတွက် scale , mode တွေ အသုံးပြုပုံကို pattern , example တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားပါတယ် ။ Intermediate to Advanced ဂစ်တာသမားတွေအတွက် ရည်ရွယ်ပါတယ် ။ လေ့ကျင့်ကြည့်လိုက်ပါ ။ ခင်ဗျားတို့ ကျေနပ်မှာပါ ။
စာအုပ် - Download Link
အသံဖိုင် - Download Link
(အရင်က အကြံပြုပေးခဲ့တဲ့အတိုင်း လေ့ကျင့်ခန်းတိုင်းကို ခင်ဗျားတို့ကိုယ်ပိုင် sequenceတွေ များများဖန်တီးပြီး လေ့ကျင့်ပေးပါ)


A complete guide to Learning Rock Guitar (စာအုပ် + စီဒီ)

Troy Stetina စာအုပ်တွေနဲ့ကင်းတဲ့ ရော့ခ်ဂစ်တာသမား ရှားပါလိမ့်မယ် ။ သူ့ရဲ့လေ့ကျင့်ခန်းတွေက စနစ်ကျပြီး ၊ သီချင်းတစ်ပုဒ် (သို့) ဂစ်တာဆိုလိုတစ်ပုဒ်ကို ဘယ်လိုချဉ်းကပ်ရမယ်ဆိုတာ ရှင်းလင်းအောင် ညွှန်ပြပေးတတ်တယ် ။ ဒီစာအုပ်မှာလည်း ခေတ်အဆက်ဆက်က ရော့ခ်သီချင်း ၂၂ပုဒ်ကို vamping , solo , theory အစုံအလင် step by step guide လုပ်ပြီး ချကျွေးထားပါတယ် ။ ကျွတ်ကျွတ်ဝါးဖို့ကတော့ .. ခင်ဗျားတို့တာဝန် ... ။
စာအုပ် - Download Link
အသံဖိုင် - Download Link

Country Rock Riffs for Guitar (စာအုပ် + စီဒီ)

သီချင်းတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှု ၊ မယ်လိုဒီကောင်းသလောက် fill , solo တွေကို အလွန်အကျွံတီးလိုက်လို့ သီချင်းအရသာပျက်သွားတာမျိုး ... ခင်ဗျားတို့ကြုံဖူးမှာပါ ။ ဂီတကို ဖန်တီးတဲ့အခါ ၊ တီးခတ်တဲ့အခါ ... ဂီတရဲ့ (သို့) သီချင်းရဲ့တောင်းဆိုမှုအရပဲ တီးခတ်ဖန်တီးသင့်ပါတယ် ။ နေရာတကာ speed & scale နေလို့မရပါဘူး ။ ခင်ဗျားရဲ့သီချင်းမှာ လှပတဲ့သံစဉ်တွေ ထည့်ချင်ရင် ... ယေဘုယျအားဖြင့် country riff တွေကို လေ့ကျင့်ပေးရပါတယ် ။ ဒီစာအုပ်က ခင်ဗျားကို ကူညီပါလိမ့်မယ် ။ လေ့ကျင့်ခန်းတွေတော့ မဟုတ်ပါဘူး ။ ကမ္ဘာကျော်ဂစ်တာသမားတွေရဲ့ riffတွေပါ ... ။

စာအုပ် - Download Link
အသံဖိုင် - Download Link

အကြံပေးချက် - ဒီစာအုပ်တီးပြီးရင် ပြည့်စုံသွားပြီဆိုတာမျိုးတော့ မဟုတ်ပါဘူး ။ ဒါကြောင့် ဂစ်တာစာအုပ်တစ်အုပ်ကို လေ့ကျင့်တဲ့အခါ ကိုယ့်အတွက် ၁၀၀% အကျိုးရှိအောင် အားစိုက်မှုတွေ ပြုလုပ်ရပါမယ် ။
၁ ။ ပထမဆုံး tempo အနှေးနဲ့ တစ်အုပ်လုံး ကုန်အောင်တီးလိုက်ပါ ။
၂ ။ tempo အနည်းငယ်တိုးပြီး ဒုတိယ ၊ တတိယအကြိမ်များ ထပ်ပြီးလေ့ကျင့် ။ (တစ်အုပ်လုံးကို သူပေးတဲ့ tasteအတိုင်း ပိုင်နိုင်အောင်လေ့ကျင့်ပါ)
၃ ။ *** သူ့ရဲ့ chord & scale idea ကိုယူပြီး ခင်ဗျားကိုယ်ပိုင် sequence တွေလုပ်ပြီး လေ့ကျင့်လိုက်ပါ ။ စာအုပ်ထဲက လေ့ကျင့်ခန်းတစ်ခုကို ခင်ဗျားကိုယ်ပိုင် sequence ၄ခုလောက် ဖန်တီးကြည့်လိုက်ပါ ။ ပထမ sequence ၂ခုက သူ့ရဲ့ tasteအတိုင်းဖန်တီး ၊ ဒုတိယ sequence ၂ခုက သူ့ရဲ့ tasteနဲ့ ခြားနားတာကို ဖန်တီး ။ ဘာကြောင့် ခြားနားတာကို ဖန်တီးရလဲဆိုတာ ကိုယ်သန်တဲ့ စတိုင်တစ်ခုတည်းမှာပဲ ချောင်ပိတ်သွားမှာ စိုးလို့ပါ ။ ကိုယ်ပိုင် sequenceတွေ ဖန်တီးပြီး လေ့ကျင့်လို့ရလာမယ့် အကျိုးတရားတွေကတော့ ရေးချလို့မကုန်ပါဘူး ။ reading , writing , creation skills တွေ တိုးတက်လာမယ် ။ များများလေ့ကျင့်လာတဲ့အခါ ခင်ဗျားရဲ့ လက်ထဲမှာ ခင်ဗျားကိုယ်ပိုင် sequenceတွေ ပြည့်လာလိမ့်မယ် ။ style & idea ဆိုတာ jamming လုပ်တဲ့အခါ အဓိက သော့ချက်တွေပါ ။ chord progression တစ်ခုကို jamming လုပ်တဲ့ ဂစ်တာသမားချင်းအတူတူ .. ခင်ဗျားက ပေါ့ပါးလွယ်ကူပြီး တပန်းသာနေပါလိမ့်မယ် ။ အားလုံးဟာ ခင်ဗျားကိုယ်ပိုင် စစ်စစ်တွေချည်းပဲလေ ... ။

Funk and R&B Guitar method စာအုပ် + စီဒီ

R&B တီးချင်တဲ့ ဂစ်တာသမားတွေအတွက်ပါ ... စာအုပ်ကတော့ image file တွေနဲ့ပါ ...
Book part 1 = Download Link
Book part 2 = Download Link
mp3 part 1 = Download Link
mp3 part 2 = Download Link
mp3 part 3 = Download Link

Blues you can use ( Chords )

ဒီတစ်အုပ်ကတော့ Blues you can use 1 + 2 ကိုရေးခဲ့တဲ့ John Ganapes ရဲ့စာအုပ်ပါပဲ ... ။ Blues နဲ့ ပတ်သတ်တဲ့ Chords , Chord theory , chord progression , exercises တွေနဲ့ တော်တော်လေးကောင်းပါတယ် ... ။  Blues you can use နှင့်တွဲကျင့်နိုင်ပါတယ် ....
Book - Download Link

MasterTraxBlues ( Advanced blues solo )

ဒီစာအုပ်ကတော့ ဂစ်တာသမားတွေအကြိုက် Advanced Blues Solo တွေပါ ....
*** Blues you can use & more blues you can use ပိုင်ပိုင်နိုင်နိုင်လေ့ကျင့်မှ ဒီစာအုပ်ကို တီးရမှာပါ *** ။ အသံဖိုင်တွေလည်း ပါပါတယ် ။

Book - Download Link
Cd - Download Link


More Blues you can use ( Intermediate blues 2 ) စာအုပ် + စီဒီ

အခြေခံရှိပြီး ဂစ်တာသမားများအတွက် Blues Solo တွေပါ ။ Blues you can use တီးပြီးရင် ဒီစာအုပ်ကို ဆက်တီးနိုင်ပါတယ် ။ အသံဖိုင်တွေလည်း ပါပါတယ် ။
Book - Download Link
CD 1 - Download Link
CD 2 - Download Link

Blues you can use ( Intermediate blues 1 ) စာအုပ် + စီဒီ

အခြေခံရှိပြီး ဂစ်တာသမားများအတွက် Blues Solo တွေပါ ... standard notation + tab + mp3 ပြည့်ပြည့်စုံစုံပါပဲ ... လေ့ကျင့်ခန်းတွေလည်းတီး ၊ သူရှင်းပြပေးထားတဲ့ စာတွေလည်းဖတ်ကြည့်ပါ ... ခင်ဗျားတို့ အချိန်တိုအတွင်း ခရီးရောက်ပါလိမ့်မယ် ..
Blues you can use
Book - Download Link
CD 1 - Download Link
CD 2 - Download Link

Essential Chord Progressions

ဒီစာအုပ်ကတော့ Rhythm guitar လေ့ကျင့်ဖို့သာမက သီချင်းရေးသူတွေအတွက်ပါ အများကြီးအထောက်အကူ ပေးပါလိမ့်မယ် ... Chord progressionsမျိုးစုံကို keyမျိုးစုံသာမက ၊ Key change နည်းလေးတွေပါ လမ်းညွှန်ပေးထားတယ် ... ဒီစာအုပ်ထဲက ကော့ဒ်တွဲတွေကို Rhythm pattern မျိုးစုံပြောင်းတီးကြည့်ပါ ... စာအုပ်ကုန်သွားတာနဲ့ ခင်ဗျား သဘောပေါက်သွားပါလိမ့်မယ် ။

Download Link


Easy pop melodies ... ( စာအုပ် + စီဒီ )

Learn and Master စာအုပ်ကို လေ့ကျင့်ပြီးရင် ဒီစာအုပ်လေးကိုပါ ထပ်ပြီး လေ့ကျင့်လိုက်ပါ ။ အခြေခံဂစ်တာသမားများ နုတ်ဖတ်ကျွမ်းကျင်ဖို့ အထောက်အကူပြုပါတယ် ... mp3ဖိုင်တွေနဲ့ဆိုတော့ အမှားအမှန်စစ်နိုင်ဖို့ playbackဖွင့်တီးဖို့ အဆင်ပြေပါလိမ့်မယ် ...

Book - Download Link
CD 1 - Download Link
CD 2 - Download Link