27 March 2015

Santana နှင့် စကားပြောခြင်း (စာအုပ် + စီဒီ)

ခင်ဗျားက Talking Guitarist တစ်ယောက် ဖြစ်ချင်တာဆိုရင် Santana ကို မေ့ထားလို့မရပါ ။ Electric Latin style ရဲ့ နှစ်သက်ကြည်နူးဖွယ် ရသမှာ ရင်ခုန်လေ့ကျင့်ရင်း .... အနည်းဆုံးတော့ Minor Pentatonic နဲ့ Harmonic minor scale အတွက် How to use ... ဆိုတဲ့ ပြဿနာ အလိုလိုရှင်းသွားပါလိမ့်မယ် ။
*** ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်ကလည်း improvisation အတွက်ပါ ။ သီချင်းတစ်ပုဒ်ချင်းရဲ့ scale အသုံးပြုပုံတွေကို ရှင်းပြပေးထားတယ် ။ သူ့ Solo တွေ လေ့ကျင့်ပြီးတဲ့အခါ ခင်ဗျားကိုယ်တိုင် improvise လုပ်နိုင်ဖို့  .... စီဒီ ၂ ခွေ ပါတယ် ။ backing tracks မှာ လိဒ်ဂစ်တာသံ မပါ .. full tracks မှာတော့ လိဒ်ဂစ်တာသံ ပါတယ် ။ ၂ခွေလုံး အဆိုသံ မပါပါ ***

စာအုပ် - Download Link
အသံဖိုင် (backing tracks) - Download Link
အသံဖိုင် (full tracks) - Download Link

Al Di Meola ရဲ့ Chords, Scales & Arpeggios Guide


Flying fingers လို့ တင်စားခေါ်ဝေါ်ခံရတဲ့ Al Di Meola ဆိုတာ ၊ သူ့ခေတ်အခါတုန်းက ပရော်ဖက်ရှင်နယ် ဂစ်တာသမားအချင်းချင်း လေးစားအားကျခံရတဲ့ Jazz / Fusion ဂစ်တာပညာရှင်ပါ ။ သူ့ရဲ့ကိုယ်ပိုင်နည်းစနစ်တွေနဲ့ ဒီစာအုပ်ဟာ ဂစ်တာသမားပေါင်းများစွာကို လမ်းပြပေးခဲ့ပါတယ် ။ Jazz ချစ်သူတိုင်း Al Di Meola ကိုသိသလို ဒီစာအုပ်ကို ရင်းနှီးဖူးတယ် ။ တကယ်တော့ ဂျက်ဇ်သမားမှ မဟုတ်ပါဘူး .. ရော့ခ်ဂီတသမားတွေလည်း ဂျက်ဇ်ကို လေ့ကျင့်ရတာပါပဲ ။ ဂျက်ဇ်ရဲ့ သဘောသဘာဝအရ ရှုပ်ထွေးဆန်းပြားလှတဲ့ ဟာမိုနီတွေ ဖြစ်ပေါ်ပေါင်းစပ်နေတာမို့ ... ဂီတသီအိုရီကျေညက်ချင်တဲ့ ဘယ်ဂစ်တာသမားမဆို လေ့ကျင့်သင့်တယ် ။
ဒီစာအုပ်ကို လေ့ကျင့်တဲ့အခါ စာမျက်နှာ ၁ ၊ ၂ ၊ ၃ ၊ ၄ အစဉ်လိုက် လေ့ကျင့်လို့မရပါဘူး ။ Lesson plan တစ်ခုချင်းကို ဖတ်ပြီး လေ့ကျင့်ရတာပါ ။ အကြမ်းသဘော ပြောပေးပါမယ် ။

ဂျက်ဇ်ဂစ်တာ ၂ (intermediate) စာအုပ် + စီဒီ

Jody Fisher ရဲ့ ဒုတိယစာအုပ်ပါ ။ ဒီစာအုပ်မှာ lesson tempo တွေ မြင့်တက်လာပြီး တော်တော်ကောင်းလာပါပြီ ။ နည်းစနစ်များ ပိုပြီးပြည့်စုံ မြင့်တက်လာရုံမက ၊ Jazz improvisation ရဲ့ ပင်မ chord progression ဖြစ်တဲ့ ii-V7-I ရဲ့ substitutionsတွေကို တွင်တွင်ကျယ်ကျယ်ပြီး အသုံးချပြ ၊ ရှင်းပြထားပါတယ် ။ self-study လုပ်နေသူတွေအတွက် တကယ့်အဖိုးတန်ပါပဲ ။

စာအုပ် - Download Link
အသံဖိုင် - Download Link

ပထမစာအုပ် မတီးရသေးရင် ဒီမှာ ဒေါင်းလုပ်နိုင်ပါတယ် ။

ဘေ့စ်ဂစ်တာ (Scales and Arpeggios)

ဘေ့စ်ဂစ်တာ scales ၊ mode  ၊ Triads ၊ arpeggios တွေကို ရိုးရိုးလေးရှင်းပြထားတာ ။ အရမ်းကောင်းပါတယ် ။ ဘေ့စ် လေ့ကျင့်နေသူတိုင်း ဆောင်ထားသင့်တယ် ။ absolute beinnger လို့ ပြောထားပေမယ့် စတီးမယ့်သူတွေအတွက်တော့ ... ဒီwebsiteမှာ တင်ပေးထားတဲ့ Ed Friedland ရဲ့ Bass Method ဆိုတဲ့ အခြေခံဘေ့စ်ဂစ်တာတီးနည်းကို လေ့ကျင့်ပြီးမှ ဒီစာအုပ်ကို လေ့ကျင့်ပေးပါ ။

စာအုပ်ဒေါင်းရန် - Download Link

Bass guitar - song sheets (A)

ဘေ့စ်ဂစ်တာသမားတွေ သီချင်းလေ့ကျင့်ဖို့အတွက်ပါ ။ ပါဝင်တဲ့သီချင်းတွေက -

ACDC - Back in Black
ACDC - Hell's Bells
ACDC - Highway to Hell
Aerosmith - Janies Got a Gun
Aerosmith - Sweet Emotion
Aerosmith - Walk this way
Alice Cooper - No more Mr. Nice Guy
Alice Cooper - Schools Out
Alice in Chains - Down in a hole
Allan Holdsworth - Road Games
Allman Brothers - Statesboro Blues
Anthrax - Caught in a Mosh

ဒိုင်နိုဆောတွေလို့ မတွေးလိုက်နဲ့နော် ။ Bass line တွေ ကောင်းလွန်းလို့ ... Guitar magazine တွေက ရွေးချယ်ဖော်ပြခဲ့ကြတဲ့  သီချင်းတွေ ။ အလန်းတွေချည်း စုပေးလိုက်တာ ။ mp3 aတာင် ပါသေးဗျာ ။ ရင်ခုန်ကြည့်လိုက်ပါအုံး !!!

စာအုပ်ဒေါင်းရန် - Download Link
အသံဖိုင်ဒေါင်းရန် - Download Link