24 March 2015

Rock N' Roll Piano (HL) စာအုပ် + စီဒီ

Rock ဂီတရဲ့ ကောင်းကင်ဘုံအစဟာ Rock n' Roll ရဲ့ နှစ်ခြင်းမင်္ဂလာပါ ။ ခွန်အားပြည့်တဲ့ ဂီတများစွာရဲ့ မွေးဖွားရှင်သန်ရာ ဘူမိနက်သန်လည်း ဖြစ်ရဲ့ ။ Fats Domino , Jerry Lee Lewis, Little Richard တို့နဲ့အတူ 50s, 60s ရင်ခုန်သံမှာ ... ခင်ဗျားတဖန် နုပျိုချင်တယ်ဆိုရင် ...

စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link

Blues Piano (HL) စာအုပ် + စီဒီ

Blues ဂီတဟာ နှလုံးသားတစ်ခုဖြစ်သလို ... စကြဝဠာတစ်ခုဆိုလည်း မမှားဘူး ။ သူ့ရဲ့ အနားသတ်မရှိ လွတ်လပ်ကျယ်ပြန့်တဲ့ ခံစားရသမှာ ဂီတသမားတိုင်း လိုလားစွာ  နားခိုကြတယ် ။ ဂီတကို ... နှလုံးသားနဲ့ ဖန်တီးချင်တယ် တီးခတ်ချင်တယ်ဆိုရင် Blues ဂီတနဲ့ ရင်းနှီးမှဖြစ်ပါမယ် ။ ဒီစာအုပ်မှာ Blues အခြေခံကစ ၊ Pro တွေ အသုံးပြုတဲ့ technique တွေ ၊ trick တွေ ပါဝင်တယ် ။ အတိုင်းအတာတစ်ခုထိ ပြည့်စုံတဲ့ စာအုပ်ကောင်းလို့ ဆိုနိုင်ပါတယ် ။

စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link
အသံဖိုင် ၆ - Download Link

ဂစ်တာသမားများအတွက် Up stroke လေ့ကျင့်ခန်း

ဂစ်တာစကေးတွေကို တီးခတ်တဲ့အခါ ... (Ascending) အပေါ်ကြိုးကနေ အောက်ကြိုး / အသံနိမ့်ကနေ အသံမြင့်သို့ တီးခတ်ခြင်းက ပိုမိုလွယ်ကူပြီး ၊ (Descending) အောက်ကြိုးကနေ အပေါ်ကြိုး / အသံမြင့်ကနေ အသံနိမ့်ဆီ ပြန်သွားတဲ့အခါ ထစ်ငေါ့မှုတွေ ရှိတတ်တယ် ။ အဓိက ပြဿနာက ညာလက် Up stroke ကြောင့်ပါ ။ အဲဒီအတွက် up stroke ကို သီးသန့်လေ့ကျင့်ပေးရတယ် ။

မှန်ကန်တဲ့ လက်ကောက်ဝတ်ထိန်းကျောင်းပုံ
ဒီလေ့ကျင့်ခန်းတွေရဲ့ အဓိကသော့ချက်က လက်ကောက်ဝတ် အထားအသို ၊ လှုပ်ရှားပုံပါ ။ အနီးစပ်ဆုံးက စာရေးခြင်း ဥပမာပါပဲ ။ စားပွဲပေါ်က စာရွက်တစ်ရွက်မှာ ဘောပင်ကိုင်ပြီး စာရေးတဲ့အခါ လက်ကောက်ဝတ်ကို သတိထားကြည့်ပါ ။ ဘောပင်ကို လိုရာထိန်းကျောင်းနိုင်ဖို့ လက်ကောက်ဝတ်က စားပွဲမှာ ဒေါက်တိုင်အဖြစ် ထောက်ထားတာ တွေ့ရလိမ့်မယ် ။ တစ်ခါ .. လက်ကောက်ဝတ်ကို ဒေါက်တိုင်အဖြစ် မထောက်ဘဲ လေထဲမှာထားပြီး စာရေးကြည့်ပါ ။ ဘောပင်ကို ထိန်းကျောင်းရ ခက်ခဲတာကို တွေ့ရလိမ့်မယ် ။ အဲဒီ ဥပမာလိုပဲ ။ ဘောပင်ထိပ်ဖျားက စာတစ်လုံးရေးတာနဲ့ ၊ ဂစ်တာလက်ခတ်ထိပ်ဖျားက နုတ်တစ်လုံးကို တီးတာ ... လက်ကောက်ဝတ်ထိန်းကျောင်းမှု  သဘောတရားချင်း အတူတူပါပဲ ။ up stroke မှာလည်း လက်ကောက်ဝတ်လှုပ်ရှားမှုက အရေးကြီးပါတယ်

လေ့ကျင့်ခန်း-၁