Showing posts with label ကလပ်စီကယ်ဂစ်တာစာအုပ်များ. Show all posts
Showing posts with label ကလပ်စီကယ်ဂစ်တာစာအုပ်များ. Show all posts

22 March 2015

အခြေခံကလပ်စစ်ကယ်ဂစ်တာ (Christopher Parkening's Guitar Method) book 1 + 2

ဒီစာအုပ်က  ဆရာတွေ အများဆုံး လက်စွဲပြုတဲ့ စာအုပ်ပါ ။ တအားစနစ်ကျတယ် ။ တော်တော်လေး ကောင်းတယ် ။ ဒီစာအုပ်ကို ဇွဲရှိရှိနဲ့ တစ်အုပ်ကုန်အောင် တီးပြီးပြီဆိုရင်လည်း ခင်ဗျားပိုး က တော်တော်ကြီးသွားပါပြီ ။ မာစတာအဆင့်ရောက်အောင် မဖြစ်မနေတီးမယ့်သူ စာရင်းမှာ ခင်ဗျား ပါသွားပြီ ။ စိန်ခေါ်မှုတွေကျော်လွှားရင်း သင်ယူပျိုးထောင်ရင်း ... သာယာပါစေဗျာ ...
(ဒီစာအုပ်ကို တင်ပေးတဲ့ ကို Aung Oo ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ)

book 1 - Download Link
book 2 - Download Link


အခြေခံကလပ်စစ်ကယ်ဂစ်တာ (David Braid) စာအုပ် + စီဒီ

ားမထောင်ပါနဲ့ ။ နုတ်ကြည့်တီးပြီးမှ အသံဖိုင်နဲ့ မှန် မမှန် တိုက်ဆိုင် စစ်ဆေးပါ ။
- လက်သည်းကို သဘာဝအတိုင်းပဲ ထားပါ ။ တီးရင်းနဲ့မှ ဘယ်လိုလက်သည်းမျိုးနဲ့ အဆင်ပြေမယ်ဆိုတာ ခင်ဗျားကိုယ်တိုင် ရွေးချယ် တတ်လာပါလိမ့်မယ် ။
ဒီစာအုပ်က လွယ်တယ် ။ အသံဖိုင်တွေပါတယ် ။ ကိုယ်တိုင်လေ့လာဖို့ အဆင်ပြေတယ် ။ ဒီစာအုပ်နဲ့ နုတ်တွေ ဖတ်နိုင်ပြီ အတော်အသင့် တီးနိုင်ပြီဆိုရင် Christopher Parkening ရဲ့ Guitar Method vol 1 , 2 ကို လေ့ကျင့်ဖို့ တိုက်တွန်းပါတယ် ။ လက်အနေအထား ၊ တီးခတ်ပုံတွေကိုလည်း ပိုပြီး အသေးစိတ် ရေးပေးထားပါတယ် ။

စာအုပ် - Download Link
အသံဖိုင် - Download Link

15 March 2015

Paul Gilbert Flamenco

ကျွန်တော်တို့ ဂစ်တာဟီးရိုးကြီး Paul Gilbert ဟာ Flamenco guitarist တစ်ယောက်တော့ မဟုတ်ဘူး ။ ဒါကြောင့် ဒီ solo ဟာ Flamenco guitarist တွေရဲ့ စိတ်တိုင်းကျ ဖြစ်ချင်မှ ဖြစ်မယ် ။ ဒါပေမယ့် သူဟာ Mr.Big , Racer X တို့နဲ့အတူ အောင်မြင်တဲ့ guitarist တစ်ယောက် အနေဖြင့်သာမက solo artist, songwriter, guitar instructor လည်း ဖြစ်ပြန်တယ် ။ pop, rock, metal, blues, jazz, funk and classical ဂီတအမျိုးအစားများစွာ တေးသွားများစွာကို စံထားလောက်အောင် တီးခတ်နိုင် ရေးဖွဲ့နိုင် ပြန်လည်သင်ကြားပေးနိုင်တဲ့ စွယ်စုံရ ဂစ်တာသမား တစ်ယောက်လည်း ဖြစ်ပြန်တယ် ။ ဘာပဲပြောပြော ... Phrygian mode ရဲ့ third degree ကို major third ပြုလုပ်ထားတဲ့ spanish gypsy scale နဲ့ တီးခတ်ထားတဲ့ Paul ရဲ့ Flamenco လက်သံက ကျွန်တော့်နားတွေကိုတော့ အလွယ်တကူ ပြုစားနိုင်ခဲ့တယ် ။ ခင်ဗျားလည်း မှော်ဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ....
pdf - Download link
video link 1 - https://www.youtube.com/watch?v=11KaKhGAa3I

video link 2 - https://www.youtube.com/watch?v=u39rtHRpBNA

( video link 1 က တေးသွားသက်သက်ပါ ။ video link 2 မှာတော့ တေးသွားအပြင် တီးခတ်ပုံတွေကိုပါ ရှင်းပြထားပါတယ် ။)

J.S.Bach for Electric Guitar( Intermediate to Advanced )

Guitar Transcription work ထဲမှာတော့ ဒီစာအုပ်က တမူထူးခြားပါတယ် ။ J.S.Bachရဲ့ တေးသွားတွေကို မူရင်း key အတိုင်း ပြောင်းလဲခြင်းမရှိဘဲ Electric Guitar အတွက် ပြန်ပြီး Arrangement လုပ်ပေးထားတာပါ ။ Fingerstyle မဟုတ်ဘဲ Pick နဲ့ တီးဖို့အတွက်ပါ ။ stroke , legato , string skipping ,Hybrid picking တွေ အဓိက ပါဝင်တယ် ။ ဒီစာအုပ်ကို အသေအချာ လေ့ကျင့်ဖြစ်ရင်တော့ ခင်ဗျားလက်နဲ့ Fingerboard ဟာ နှစ်ကိုယ်တစ်စိတ် ဖြစ်လာရုံသာမက Neo-classical ကမ္ဘာမှာ ကျက်စားနိုင်ပါလိမ့်မယ်

စာအုပ် - Download link
စီဒီ - Download link

" ကလပ်စီကယ်ဂစ်တာတွင် Classical guitar work နှင့် Transcription work ဟူ၍ နှစ်မျိုးရှိသည် ။
Classical guitar work ဟူသည် ကလပ်စစ်ကယ်ဂစ်တာ၏ မူလဇာတိ စပိန်နိုင်ငံ၏ ရိုးရာသီချင်း Folk songs များ ၊ ဥပမာ Catalon Folk song , Andalusian Folk song , ဂစ်တာကွန်ပိုဆာများက ဂစ်တာအတွက် ရေးဖွဲ့ခဲ့သော ကလပ်စစ်ကယ် ဂစ်တာအဖွဲ့အနွဲ့များ (ဥပမာ - ဂစ်တာကွန်ပိုဆာ ဖာနန်ဒိုဆော ၊ တာရေးဂါး ၊ ကားကတ်ဆီ ၊ ဂူလီယာနီ ၊ စကာလက်တိ ၊ ဆီဂိုးဗီးယား) ကို တီးခတ်ရသည် ။
Transcription work ဆိုသည်မှာ မူလက ဂစ်တာဖြင့် တီးခတ်ထားခြင်းမဟုတ်ဘဲ ဘာ့ခ် ၊ ဘီသိုဗင် ၊ ရှူးမန်း ၊ မင်ဒယ်ရှိုပန်း ၊ အယ်ဘန်းနစ် တို့၏ အခြားတူရိယာအတွက် ရေးထားသော ဂီတအဖွဲ့အနွဲ့များ (ဥပမာ - ပီယာနို ၊ တယော ၊ ဟတ်ပဆီကော့ဒ် ၊ အော်ခက်စတြာ ဂီတအဖွဲ့အနွဲ့များ) ကို ဂစ်တာဖြင့် တီးခတ်၍ရအောင် ပြုပြင်ဖန်တီး ဆီလျော်အောင် လုပ်ထားသော ဂီတဖြစ်သည် ။ "
ခရက်ဒစ် => ဆရာ ညီပုလေး - လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ .... မှ

10 March 2015

Daily Techniques for Classical Guitar (Advanced) စာအုပ် + ဗီဒီယို

ဘရာဇီး ကလပ်စီကယ်ဂစ်တာပညာရှင် Edson Lopes ဟာ ... လက်တင်အမေရိကရဲ့ ဂီတမြို့တော် လို့ တင်စားခေါ်ဝေါ်ကြတဲ့ Tatuí မြို့တော်မှ အထင်ရှားဆုံးဂီတကျောင်းဖြစ်တဲ့  the Conservatory of Musical and Dramatic Arts "Dr. Carlos de Campos" မှ Classical Guitar ဘွဲ့ယူခဲ့သူပါ ။ သူဟာ ဂုဏ်ထူးဆောင်ကျောင်းသား တစ်ယောက်လည်း  ဖြစ်ပါတယ် ။ ပါဝင်ယှဉ်ပြိုင်သမျှ guitar competition တိုင်းမှာလည်း ပထမဆုကို အမြဲတမ်း ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။ ကမ္ဘာ့နိုင်ငံများအနှံ့ ဖျော်ဖြေပွဲများကို တီးခတ်ခဲ့ပြီး ၊ လက်ရှိမှာတော့ ဂီတကျောင်းရဲ့ ပရော်ဖက်ဆာတစ်ယောက်အဖြစ် ဂစ်တာအဆင့်မြင့်ပိုင်းများကို သင်ကြားပေးလျက်ရှိပါတယ် ။
ဒီလေ့ကျင့်ခန်းတွေကလည်း Advanced ဂစ်တာသမားများအတွက် ဖြစ်ပါတယ် ။ Daily practice အနေဖြင့် သော်လည်းကောင်း ၊ warm-up အနေဖြင့် သော်လည်းကောင်း ... နေ့စဉ်လေ့ကျင့်သင့်ပါတယ် ။

စာအုပ် - Download Link

Daily Exercises for Classical Guitar

Classical Guitar ကို တီးခတ်တဲ့သူတိုင်း Mauro Giuliani ရဲ့ 120 Studies ကို သိကြတယ် ။ လေ့ကျင့်ဖူးကြတယ် ။ ဒီစာအုပ်က မူရင်းတော့ မဟုတ်ဘူး ။ Christopher Davis ဆိုတဲ့ ဂစ်တာပညာရှင်က Mauro Giuliani ရဲ့ 120 Studies ကို Levelတွေ အဆင့်ဆင့်ခွဲပြီး ၊ tipတွေ ၊ schedulesတွေနဲ့ ပြည့်ပြည့်စုံစုံ အကြံပေးထားတာပါ ။ သူအကြံပေးထားတဲ့ နည်းစနစ်အတိုင်း လေ့ကျင့်မယ်ဆိုရင် ... အချိန်တိုတိုနဲ့ တိုးတက်လာပါလိမ့်ယ် ။ ညာလက်အတွက် Arpeggios တွေဖြစ်ပေမယ့် ... ဘယ်လက်အတွက် chord progressions အမျိုးမျိုးပြောင်းပြီးလည်း လေ့ကျင့်သင့်ပါတယ် ။  Mauro Giuliani ရဲ့ မူရင်းစာအုပ်ကိုပါ တင်ပေးလိုက်ပါတယ် ။

Christopher Davis စာအုပ် - Download Link
Mauro Giuliani စာအုပ်(မူရင်း) - Download Link