11 March 2015

Tom Kolb Chord Progressions (စာအုပ် + စီဒီ)

ရစ်သမ်ဂစ်တာကို ကျွမ်းကျင်ချင်သူတွေ ၊ chord progressions တွေကို လေ့လာချင်သူတွေ ၊ ကိုယ်ပိုင်သီချင်းတွေ ရေးစပ်ချင်သူတွေအတွက် ... ဒီစာအုပ်က တကယ့်ရွှေပါပဲ ။ chapter ၉ခန်းပါဝင်ပြီး ၊ ဂီတစတိုင်အမျိုးမျိုး ၊ chord progressions အမျိုးမျိုး ၊ အသုံးပြုပုံ လေ့ကျင့်ခန်းတွေကို band ဖြင့် တီးခတ်ပြထားပါတယ် ။ သီချင်းရေးချင်တဲ့သူတွေအတွက် ဒီစာအုပ်ကနေ အိုင်ဒီယာတွေ မကုန်မခမ်း ရနိုင်ပါတယ် ။ ခင်ဗျားတို့ တသက်လုံး သိမ်းထားရမယ့် စာအုပ်ပါ ။

စာအုပ် - Download link
စီဒီ ၁ - Download link
စီဒီ ၂ - Download link
စီဒီ ၃ - Download link


အခြေခံဂစ်တာသင်ခန်းစာ Plan-1

ကိုတင်မှာချင်တာတော့ ...

ဒီသင်ခန်းစာများကို PLAN များဖြင့် စီစဉ်ရေးသားထားပါတယ် ။ PLAN တစ်ခုကို တစ်ရက်တီးဖို့ရယ်တော့ မဟုတ်ပါဘူး ။ လူတစ်ယောက်နှင့် တစ်ယောက် သင်ယူလက်ခံနိုင်စွမ်းချင်း မတူကြပါ ။ PLAN တစ်ခုကို ဘယ်နှစ်ရက်တီးတီး အကြောင်း မဟုတ်ပါဘူး ။ အဓိကပြောချင်တာတော့ PLAN ၂ခုကို တစ်ရက်တည်းမတီးဖို့နှင့် မကျေညက်မချင်း PLAN အသစ်မတီးဖို့ပါပဲ … ။ အမြန်လိုချင်ဇောနှင့် စည်းကမ်းတွေမေ့ပြီး PLAN တစ်ခုပြီးတစ်ခု အမြန်ကုန်အောင် လိုက်တီးရင် တိုးတက်ဖို့ နှေးသွားပါလိမ့်မယ် ။ တတ်ဖို့မလောပါနှင့် ။ စိတ်အေးအေးထားတီးပါ ။ ဒီ course မှာ Patternတွေကို ကျေညက်အောင်အဓိကထားတဲ့ စနစ်ဖြစ်တဲ့အတွက် သီချင်းတွေ တီးရအုံးမှာ မဟုတ်ပါဘူး ။ သည်းခံပြီးလေ့ကျင့်လိုက်ပါ ။ Patternတွေကို ကျေညက်သွားတဲ့အခါ ခင်ဗျားတို့  တီးချင်တဲ့ သီချင်းကို အလွယ်လေး တီးနိုင်ပါလိမ့်မယ် ။ နောက် courseတွေမှာလည်း styles နှင့် songs တွေတွဲပြီး လေ့ကျင့်သွားမှာပါ … ။ ကဲ... ပျော်ရွှင်စွာ စလိုက်ရအောင်ဗျား…. ။

Warm-up (လက်ချောင်းသွေးပူလေ့ကျင့်ခန်း)

Picture
အခြေခံဂစ်တာသမား (သို့) အဆင့်မြင့် ဂစ်တာသမားပဲဖြစ်ဖြစ် ဂစ်တာစကိုင်ပြီ ဆိုတာနဲ့ warm-up လေ့ကျင့်ခန်းတွေ မလွဲမသွေတီးရပါမယ် ။ ရည်ရွယ်ချက် ကတော့ လက်ချောင်းများ သွေးပူလာအောင် ၊ သန်မာလာအောင် ၊ လွတ်လပ်စွာ လှုပ်ရှားနိုင်အောင် ၊ ဘယ်လက်နှင့် ညာလက် အပေးအယူမျှတအောင် စသည်တို့အတွက်ဖြစ်ပါတယ် ။ အရေးအကြီးဆုံးကတော့ အခြေခံဂစ်တာ လေ့ကျင့်နေတုန်းမှာ speed ဆိုတာကို ခေါင်းထဲက ထုတ်ထားပါ ။ လုံးဝ မတီးပါနဲ့ ။    မှန်ဖို့သာလိုပါတယ် ။ နည်းစနစ်ကျဖို့သာ လိုပါတယ်   ။  အခြေခံလေ့ကျင့်ခန်းများကို   down stroke (ဂစ်တာကြိုးပေါ်မှ အောက်သို့ တီးခတ်ခြင်း) ဖြင့်သာ လေ့ကျင့်ပါမယ် ။ down-stroke up-stroke ရေးပုံကို အပေါ်ကပုံထဲမှာ သင်္ကေတဖြင့် ပြထားပါတယ် ။     လေ့ကျင့်ခန်းများ မလေ့ကျင့်မီ အစပိုင်းတွင် ရေးသားခဲ့သော ဘယ်လက်အနေအထား နှင့် ညာလက် အနေအထား တို့ကို ကျေညက်အောင် မှတ်ထား စေလိုပါတယ် ။ အကြံတစ်ချို့ပေးချင်တာကတော့

အခြေခံဂစ်တာသင်ခန်းစာ (intro)

မင်္ဂလာပါ ။ အခြေခံဂစ်တာသင်ခန်းစာကတော့ ဂစ်တာကို အခြေခံမှစတင်ပြီး လေ့လာသင်ယူနိုင်ဖို့ ရည်ရွယ်ပြီး ရေးထားခြင်းဖြစ်ပါတယ် ။ ဂစ်တာကို နည်းစနစ်တကျ ကိုယ်တွယ်တီးခတ်နိုင်ဖို့ ၊ ဘယ်ညာ လက်အနေအထား ၊ Guitar pick ကိုင်တွယ်ပုံ ၊ ဂစ်တာကြိုးညှိပုံ ၊ Guitar Tablature ဖတ်နည်းများကို သိထားရပါမယ် ။ အဲဒါကြောင့်  လေ့ကျင့်ခန်းများ မတီးခတ်မီ ဂစ်တာနဲ့ ပတ်သတ်တဲ့ သိထားသင့်တဲ့ အကြောင်းအရာ တစ်ချို့ကို ဒီသင်ခန်းစာမှာ ရေးပေးထားပါတယ် ။ 

ဂစ်တာ၏အစိတ်အပိုင်းများ

Picture
 ဂစ်တာမတီးခတ်မီ ကျွန်တော်တို့ တီးခတ်မယ့် တူရိယာဖြစ်တဲ့ ဂစ်တာရဲ့ အစိတ်အပိုင်းများနှင့် အကျွမ်းဝင် ရင်းနှီးအောင် အရင်ဆုံး လေ့လာကြည့်ရအောင် ။ ပထမဆုံး Headstock လို့ခေါ်တာ ဂစ်တာရဲ့ ခေါင်းပိုင်းပါ ။ အဲဒီမှာရှိတဲ့ Tuning keys (or) Machine Heads လေးတွေနဲ့ ခင်ဗျားဂစ်တာ ကို ကြိုးညှိရပါမယ် ။ အဲဒီနောက်မှာ မျှော့ကြောင်းလေးတွေ ဖော်ထားတဲ့ Nut လို့ခေါ်တဲ့ ဂစ်တာကြိုးထိန်းလေး ရှိတယ် ။ သူ့ကို ပလက်စတစ် ၊ အရိုး (သို့) သစ်သား စတာတွေနဲ့ ပြုလုပ်လေ့ရှိတယ် ။ သေးငယ်ပေမယ့် အင်မတန် အရေးပါတဲ့ ကောင် လေးဖြစ်ပါတယ် ။ ဂစ်တာကြိုးတွေကို မရွှေ့ရှားနိုင်အောင် ထိန်းဖို့ ၊ ကြိုးတွေကို လက်ကွက်ပြားပေါ်မှ မတင်ပေးထားတဲ့ တာဝန်ကို ယူထားပါတယ် ။ နောက်အစိတ်အပိုင်း တစ်ခုကတော့ ခင်ဗျားရဲ့ အိပ်မက်တွေကို ပျိုးကြဲပေးမယ့် Neck လို့ခေါ်တဲ့ ဂစ်တာ လက်တံကြီး ပါပဲ အဲဒီက Frets (သတ္ထုဘား)များနဲ့ ပိုင်းခြားထားတဲ့ Fretboard (လက်ကွက်ပြား) ပေါ်က  နေရာအမျိုးမျိုးမှာ စနစ်တကျ ကွဲပြား ခြားနားတဲ့ သံစဉ် အမျိုးမျိုးကို ခင်ဗျား ဖန်တီးနိုင်ပါတယ် ။ အဲဒီမှာ ခင်ဗျား မှတ်မိလွယ်အောင် position marker လို့ခေါ်တဲ့ လက်ကွက်ပြား အမှတ်အသားလေးတွေ မြှုပ်ပေးထားပါတယ် ။ များသောအားဖြင့် အဝိုင်းလေးတွေပါ ။ တခြားပုံစံတွေလည်း ပြုလုပ်နိုင်ပါတယ် ။ (အော်ဒါမှာပေါ့  :) ။ ကဲ … နောက်ဆုံးကတော့ အသံထွက်တဲ့ ဂစ်တာရဲ့ ကိုယ်ထည် (Body)ပါပဲ ။ ကိုယ်ထည်မှာကတော့ Sound Hole (အသံထွက်ပေါက်) ၊ ဂစ်တာကို လက်ခတ်ပြားနဲ့ မခြစ်မိအောင် ကာကွယ် အလှဆင်ထားတဲ့ Pickguard (လက်ခတ်ပြားထိန်း) နှင့် Bridge (ကြိုးထိန်းခုံ) တစ်ခု ရှိပါတယ် ။ Bridge ပေါ်မှာလည်း Nutနှင့် ဆင်တူတဲ့ အသံထွက်ဖို့ ထောက်ပံ့ပေးတဲ့ Saddleခေါ် ကြိုးထိန်းရန် ပင့်မရန် အပြားလေးအပြင်၊ ဂစ်တာကြိုးတပ်ဖို့ string pegs ခေါ်တဲ့ ငုတ်လေးတွေလည်း ရှိပါတယ် ။ နောက်ပိုင်းပြုလုပ်တဲ့ ဂစ်တာအများစုမှာတော့ string pegs ပါတာများပါတယ် ။ အရင်တုန်းက ဂစ်တာတွေမှာတော့ နောက်ဆွဲ ခေါ်တဲ့ (tailpiece) မှာ ဂစ်တာကြိုးကို သွင်းပြီး တပ်ရပါတယ် ။ ဒီနေ့ခေတ်မှာတော့ အဲလိုပုံစံမျိုးတွေ အတွေ့နည်းသွားပါပြီ ။  အိုကေ ... ဂစ်တာ ကိုင်တွယ်တီးခတ်ပုံ ကိုယ်ဟန် အနေအထားများ ကို စလိုက်ကြရအောင် ။

အခြေခံဂီတသီအိုရီ - ၈

Perfect Intervals
4th , 5th interval တွေကိုတော့ Major , minor လို့မခေါ်ဘဲ perfect intervals လို့ ခေါ်ပါတယ် ။ perfect 4th , perfect 5th စသည် ဖြင့် ရေးပါတယ် ။ unison နဲ့ octave တွေကလည်း perfect interval တွေပါပဲ ။




Major intervals တွေကို one half step လျော့တဲ့အခါ minor intervals ဖြစ်ကြောင်းကို သိပြီးပါပြီ ။ perfect intervals တွေကတော့ တစ်မျိုးကွဲပြားပါတယ် ။ အပေါ်ပုံကို ကြည့်ပါ ။ perfect interval တွေကို one half step လျော့တဲ့အခါ Diminished interval လို့ ခေါ်ပြီး ၊ one half step မြှင့်တဲ့အခါမှာတော့ Augmented interval ခေါ်ပါတယ် ။ ဥပမာ - perfect 4th ကို one half step လျော့တဲ့အခါ Diminished 4th ဖြစ်သွားပြီး ၊ one half step တိုးတဲ့အခါ Augmented 4th ဖြစ်သွားပါတယ် ။ perfect 5th လည်း အတူတူပါပဲ ။ အောက်မှာ ဇယားကွက်ဖြင့် ဖော်ပြပေးထားပါတယ် ။ သင်္ကေတအားဖြင့် Perfect = P , diminished = d , Augmented = A ဆိုပြီး ရေးသားပါတယ် ။ ပါဝင်တဲ့ half step များနှင့်အတူ တွဲပြီးမှတ်သားထားလိုက်ပါ ။



















အခြေခံဂီတသီအိုရီ - ၇

မနေ့က ... အခြေခံဂီတသီအိုရီ - ၆ မှ လေ့ကျင့်ခန်းများရဲ့ အဖြေတွေပါ ။


အခြေခံဂီတသီအိုရီ - ၆

Intervals
An Interval is the measure of the difference in pitch between any two musical sound.
Interval ဆိုတာ ဂီတနုတ် ၂လုံး (သို့) ဂီတသံနှစ်ခုရဲ့ အကွာအဝေး ၊ သံစဉ်နိမ့်မြင့် ခြားနားချက် ဖြစ်ပါတယ် ။  interval type ၂မျိုး ရှိပါတယ် ။

Harmonic Interval & Melodic Interval
ထောင်လိုက် (vertical) ထပ်၍ ရေးသားတဲ့ note အမျိုးအစား များသည် Harmonic interval များဖြစ်ပြီး ၊ အလျားလိုက် (horizontal) ရေးသားတဲ့ noteတွေကတော့ Melodic interval များဖြစ်ပါတယ်။


အတူတူ တပြိုင်နက်တီးခတ်ကြတဲ့နုတ်များက Harmonic interval များဖြစ်ကြပြီး ၊ တစ်လုံးချင်း တီးခတ်တဲ့နုတ်များကတော့ Melodic interval များဖြစ်ကြပါတယ် ။ 


အခြေခံဂီတသီအိုရီ - ၅

Key Signatures
ဂီတကို ဖန်တီးတဲ့အခါ (သို့) တီးခတ်တဲ့အခါ ... တေးသွားရဲ့တောင်းဆိုမှု ၊ တွဲဖက်မယ့်တူရိယာ ၊ လူရဲ့vocal range ... အစရှိတဲ့ အကြောင်းအချက် အမျိုးမျိုးပေါ်မူတည်ပြီး key အမျိုးမျိုးကို ပြောင်းလဲတီးခတ်ကြရတယ် ။ Natural Key C မှအပ ကျန် key များအားလုံး Accidentals (flat/sharp) အမှတ်အသားများ ပါဝင်ကြတာဖြစ်လို့ ... တေးသွားတစ်ပုဒ်လုံးအတွက် Accidental တွေကို လိုက်ရေးနေရရင် မလွယ်ပါဘူး ။  အဲဒီအတွက် Key signatures ကို အသုံးပြုရပါတယ် ။ Key signature ဆိုတာ Key တစ်ခုမှာပါဝင်တဲ့ flat / sharp တွေကို စုစည်းဖော်ပြထားတဲ့ အမှတ်အသားတစ်ခုပါ ။ တီးခတ်မယ့်တေးသွားဟာ ဘယ်scaleကို အခြေခံရေးဖွဲ့ထားလဲ ၊ ဘယ်keyကို တီးခတ်ရမလဲ ဆိုတာကို သူကဖော်ပြပေးတာပါ ။ သူ့ကို ရေးသားပုံက ... Clef sign နှင့် time signature တို့ရဲ့ကြားမှာ ရေးရပါတယ် ။















အခြေခံဂီတသီအိုရီ - ၎

Tetrachord
Major scale နှင့် ပတ်သတ်ပြီး မှတ်သားဖို့ နောက်တစ်ခုကတော့ Tetrachord ပါ ။ Tetrachord ဖြင့်လည်း Major scale ကို ချဉ်းကပ်လို့ရပါတယ် ။ 


Major scale တစ်ခုကို အညီအမျှ စိတ်ပိုင်းလိုက်တဲ့အခါ ... အပေါ်က ပုံမှာ တွေ့ရတဲ့အတိုင်း အသံ၎သံ (သို့) နုတ်၎လုံး ပါဝင်တဲ့ Tetrachord ၂ခုကို တွေ့ရပါလိမ့်မယ် ။ အသံတွေကလည်း အစီအစဉ်တကျ ညီမျှ နေပါတယ် ။ Tetrachord-1 , C - D - E - F ( W - W - H ) , Tetrachord-2, G - A - B - C ( W - W - H ) စသည်ဖြင့် တွေ့ရပါတယ် ။ အဲဒီ W - W - H အကွာအဝေးနဲ့ ဖွဲ့စည်းထားတဲ့ အသံ၎သံကို Tetrachord လို့ ခေါ်ပါတယ် ။အဲဒီတော့ Major scale ဆိုတာ ... Tetrachord ၂ခုကို Whole step (W) ဖြင့် ပိုင်းခြား ၊ ဆက်စပ်ထားတာပါ ။ Scale တစ်ခုရဲ့ အစနှင့်အဆုံးမှာ ရှိတဲ့နုတ်ဟာ Root note ဆိုတာ ခင်ဗျားတို့ သိပြီးပါပြီ ။ အဲဒီ Root ကို Tonic (or) Key note လို့လည်း ခေါ်နိုင်ပါတယ် ။ Tetrachord ရဲ့ ဘယ်အစနုတ်မဆို Key note ဖြစ်နိုင်တယ် ။ Tetrachord ရဲ့ အစနုတ်ကို key note အဖြစ်သတ်မှတ်ပြီး ၊ နောက်ထပ် Tetrachord တွေ ပေါင်းစပ်ခြင်းဖြင့်လည်း scale သစ် တစ်ခုကို ဖွဲ့စည်းနိုင်တယ် ။ 

အခြေခံဂီတသီအိုရီ - ၃ (အဖြေများနှင့် ဇယားကွက်များ)

မနေ့က ... အခြေခံဂီတသီအိုရီ - ၃ မှ မေးခွန်းများရဲ့ အဖြေတွေပါ ။ 

Ans;1 B♭major scale / 2 flat scale

Ans;2 E♭major scale / 3 flat scale

Ans;3 A♭major scale / 4 flat scale

Ans;4 D♭major scale / 5 flat scale

အခြေခံဂီတသီအိုရီ - ၃

The Scales ( circle of fourth / flat scales )
Flat scales များကို မစခင်မှာ ဂီတမှာ အင်မတန်အရေးပါတဲ့ စက်ဝိုင်းကြီးတစ်ခုကို လေ့လာကြည့်ပါမယ် ။


အခြေခံဂီတသီအိုရီ - ၂ (အဖြေနှင့် ဇယားကွက်များ)

မနေ့က ... အခြေခံဂီတသီအိုရီ - ၂ မှ လေ့ကျင့်ခန်းတွေရဲ့ အဖြေတွေပါ ။

Ans;1 A Major scale / 3 sharps scale

Ans;2 E Major scale / 4 sharps scale

Ans;3 B Major scale / 5 sharps scale

Ans;4 F# Major scale / 6 sharps scale

အခြေခံဂီတသီအိုရီ - ၂

The Scales ( circle of fifth / sharp scales )
A Scale or Tone-Ladder is a series or succession of tones arranged in regular order, ascending or descending.
 အလွယ်ပြောရရင် Scale ဆိုတာ  အသံလှေကားထစ်လေးပါပဲ ။ Half step , Whole step များနှင့် ပါဝင်ဖွဲ့စည်းထားပြီး စနစ်တကျစီစဉ်ထားတဲ့ အသံအစုအဝေးတစ်ခု လို့လည်း ပြောနိုင်ပါတယ် ။ Scale ပုံစံပေါင်းများစွာ ရှိပါတယ် ။ အခုလောလောဆယ် အဓိက အခြေခံအကျဆုံးဖြစ်တဲ့ Major scale ကို စတင် လေ့လာ ပါမယ် ။ Major Scale ဆိုတာ Degree ရှစ်ခုပါဝင်တဲ့ scale တစ်ခုဖြစ်ပါတယ် ။ Major scale ရဲ့အစီအစဉ်ကို အောက်ကပုံမှာ ရှင်းပြထားပါတယ် ။

အခြေခံဂီတသီအိုရီ - ၁

ဂီတသင်ခန်းစာများကို စနစ်တကျ သင်ယူလေ့လာဖို့ ဂီတသီအိုရီအနည်းအကျဉ်းကို လေ့လာရပါတော့မယ် ။ သီအိုရီဆိုလို့ ခေါင်းမကိုက်ပါနဲ့ဗျာ ။ ဂီတသမားတိုင်း မရှိမဖြစ်သိသင့်တဲ့ ဗဟုသုတလေးတွေပါ ။ လွယ်ကူပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ပထမဆုံး ... ဂီတသီအိုရီမှာ ပါဝင်တဲ့ ခေါင်းစဉ်တစ်ချို့ကို အကြမ်းမျဉ်း တစ်ခေါက်လောက် မှတ်သားလိုက်ရအောင် ။ ။

(Sound)အသံ
Sound is the result of sound wave or vibrations of the air.
ရှင်းပါတယ် ... နော် :D ။ အသံဆိုတာ လေလှိုင်းတွေရဲ့တုန်ခါနှုန်းကြောင့် ဖြစ်ပေါ်လာတာ ။ လေထုရဲ့ တုန်ခါခြင်းတွေကို အသံလှိုင်းလို့ ခေါ်ပါတယ် ။ အဲလို ... စတင်ထွက်ပေါ်လာတဲ့ နေရာမှ လေထုရဲ့ တုန်ခါခြင်းကြောင့် လေလှိုင်းများဖြစ်ပေါ်လာပြီး ...  လေထုထဲမှ ကြားခံအဆင့်ဆင့်ဖြတ်သန်းကာ ... ခင်ဗျားရဲ့ နားဆီကိုရောက်လာတဲ့ အသံ၂မျိုး ရှိပါတယ် ။ အဲဒါကတော့ ... သာယာသံ နှင့် ဆူညံသံ တို့ ဖြစ်ပါတယ် ။ အဲဒီ၂ခု ဘာတွေ ကွာခြားလည်း ကြည့်ရအောင် ။

Guitar Chord Picture Encyclopedia

ဒီတစ်အုပ်ကတော့ Hal Leonard ကထုတ်တဲ့ ပုံပြကော့ဒ်စာအုပ်လေးပါ ... ဆောင်ထားသင့်ပါတယ် ... tab ဖြင့်သာမဟုတ်ဘဲ လက်နဲ့ကိုယ်တွယ်ပုံကို ဓာတ်ပုံများဖြင့် ရှင်းလင်းအောင် လုပ်ပေးထားပါတယ် ။

Download link

100 songs for kids

ဒီတစ်အုပ်ကတော့ ကလေးများအတွက် လွယ်ကူတဲ့သီချင်း ၁၀၀ တဲ့ ။ လူကြီးလည်း တီးလို့ရပါတယ် ။ မရှက်ပါနဲ့ ဟဲ ဟဲ ...။ အခြေခံဂစ်တာတီးနည်း လေ့ကျင့်ပြီးရင် ဒီစာအုပ်လေးနဲ့ တွဲကျင့်နိုင်ပါတယ်။

Download link