02 July 2015

ဂစ်တာအမြန်တီးချင်တယ် ဆိုရင် ......

" ကျွန်တော် လက်မြန်အောင် ဘယ်လိုလေ့ကျင့်ရမလဲ " ဆိုတဲ့ မေးခွန်းက ဂစ်တာသင်တန်းတိုင်းမှာ တစ်လကို အကြိမ်၃၀ထက်မနည်း ကြားရတဲ့ မေးခွန်းပါ ။ ဂစ်တာသမားတိုင်း မမေးဖူးသူ မရှိလောက်ဘူး ထင်ပါရဲ့ ။ တူရိယာသမားတိုင်းကို စိန်ခေါ်တဲ့အရာတွေမှာ speedက ထိပ်ဆုံးက ပါဝင်သလို ... အားလုံးကလည်း လိုချင်တပ်မက်ကြတယ် ။ ဒါပေမယ့် ... ကျွန်တော်တို့ သတိမမူမိတဲ့  speedရဲ့ တခြားတဖက်ကို ကြည့်လိုက်တဲ့အခါလည်း ...  စွဲမက်ရင်ခုန်ဖွယ်ကောင်းတဲ့ သီချင်းတစ်ပုဒ် ၊ solo တစ်ပုဒ်ကို speed မပါဝင်ဘဲ ...  ဖန်တီး ၊ တီးခတ်ဖို့ ...   ရိုးရှင်းလှပတဲ့ (သို့) ရှုပ်ထွေးနက်နဲတဲ့ ... ဟာမိုနီအသံတွဲတွေ ၊ ကော့ဒ် နဲ့ arpeggios တွေ ၊ စည်းတန်ဖိုး နုတ်တန်ဖိုးတွေ ၊ တခြားသော တက်ကနစ်များဖြင့်လည်း တီးခတ် ဖန်တီးလည်း ရတာပဲ ။ ဆိုလိုချင်တာတော့ Good music နဲ့  Fast music ဆိုတာ တစ်ခုတည်း မဟုတ်ဘူး ။ ဒါကိုလည်း ကျွန်တော်တို့ သဘောပေါက်ထားဖို့ လိုတယ် ။ ခင်ဗျားက speed သိပ်ကောင်းတဲ့ ဂစ်တာသမား ဆိုရင်တော့ ... သီချင်းတွေကို ပိုပြီး ကျယ်ပြန့်လွယ်ကူစွာနဲ့ ဖန်တီးလုပ်ဆောင်နိုင်မယ်ဆိုတာ ယေဘုယျအားဖြင့် ငြင်းချက်မရှိပါဘူး ။ ဒါပေမယ့် ... အများစုရဲ့ မေးခွန်းကတော့ ... " ကျွန်တော် လက်မြန်အောင် ဘယ်လိုလေ့ကျင့်ရမလဲ "