31 March 2015

အခြေခံဂီတသီအိုရီ - ၁၁

Chord
A Chord is defined as three or more notes played at the same time.
Chord ဆိုတာ တပြိုင်တည်းတီးခတ်ရတဲ့ နုတ်၃လုံး (သို့) ၃လုံးထက်ပိုတဲ့ နုတ် ၊ အသံ အစုအဝေး ပါ ။ Chord ကို ဂစ်တာ ၊ ပီယာနို ကဲ့သို့ တူရိယာများသာမက လေမှုတ်တူရိယာအဖွဲ့ ၊ Choir အဖွဲ့များဖြင့်လည်း တီးမှုတ်သီဆို နိုင်တယ် ။ Chord မှာ ပါဝင်တဲ့ interval များဖြင့် chord အမျိုးအစား ခွဲခြား ၊ အမည်ပေး ပါတယ် ။

Chord အမည် ၊ အမျိုးအစားသတ်မှတ်ခြင်း
Chord တစ်ခုမှာ အမည် ၂မျိုး ရှိတယ် ။ ၄င်းတို့မှာ- Roman numeral (ရောမဂဏန်း) နှင့်  Letter name (အက္ခရာအမည်) ။ အမည်၂ခုလုံးမှာ ၄င်းတို့နဲ့သက်ဆိုင်တဲ့ သင်္ကေတ ၊ အတိုကောက် အမှတ်အသားများဖြင့် chord အမျိုးအစား ခွဲခြားနိုင်ပါတယ် ။

Roman numeral (ရောမဂဏန်း) အမည်က .. ၄င်း chord တည်ဆောက်ထားတဲ့ scale ရဲ့ degree အရ အမည်ပေးထားခြင်း ဖြစ်ပြီး ၊
Letter name (အက္ခရာအမည်) ကတော့ chord ရဲ့ Root note ကို မူတည်ပြီး အမည်ပေးတာပါ ။ 
အပေါ်ပုံထဲမှာ တွေ့တဲ့အတိုင်း upper case ဂဏန်းအကြီးများက Major ကို ကိုယ်စားပြုပြီး ၊ Lower case ဂဏန်းအသေးများက minor ကို ကိုယ်စားပြုပါတယ် ။ diminished ကိုလည်း lower case နဲ့ ရေးပါတယ် ။ Chord ရဲ့ letter name တွေကိုတော့ Capital letter စာလုံးကြီးနဲ့ပဲ ရေးပါတယ် ။

30 March 2015

Voice Training for Android


အဆိုသမားတွေအတွက် အထောက်အကူဖြစ်စေမယ့် voice training apps ပါ ။
- sing the note
piano က တီးပေးတဲ့ Rondom note တစ်လုံးချင်းကို အသံမှန်အောင် လိုက်ဆိုရတဲ့ လေ့ကျင့်ခန်း
- sing the phrase
interval ၂လုံးကို အသံမှန်အောင် ဆိုရတဲ့ လေ့ကျင့်ခန်း
- hold the pitch
နုတ်တစ်လုံးတည်းကို ကြာရှည်ဆွဲပြီး ဆိုရတဲ့လေ့ကျင့်ခန်း
- Free sing
ကိုယ်ဆိုတဲ့ နုတ်ကို record လုပ်ပြီး ၊ play တဲ့အခါ ၊ ဘာနုတ်တွေဆိုတာ piano မှာ ပြန်ပြီးပြပေးတဲ့ function

အဆိုလေ့ကျင့်ခန်းစာအုပ်+စီဒီ (MI singing technique)

MI က ထုတ်တဲ့ singing technique စာအုပ်ပါ ။ အသံဖိုင်တွေလည်း ပါပါတယ် ။
ဒါလည်း Folder အဖြစ် share လိုက်ပါတယ် ။ Folder ထဲမှာ sub folder ၃ခု ရှိပါတယ် ။

ဒီမှာဒေါင်းယူပါ = Download Link

( ဒီစာအုပ်ကို မျှဝေပေးတဲ့ KO Kyaw Myo Htek ကို ကျေးဇူးတင်ပါတယ် )

အဆိုလေ့ကျင့်ခန်းစာအုပ်+စီဒီ (con:singing)

အဆိုသမားများအတွက် Contemporary Singing Techniques စာအုပ်ပါ ။ အဆိုနဲ့ပတ်သတ်ပြီး တော်တော်လေး ပြည့်စုံအောင် ရှင်းပြထားတယ် ။ လေ့ကျင့်ခန်း အသံဖိုင်တွေလည်း ပါပါတယ် (Google drive ကနေ Folder အဖြစ် share ပေးလိုက်တာပါ / sub folder ၇ဖိုင်ပါတယ် ။ ပါဝင်တဲ့ sub folder တွေက -
- CD tracks for men 1
- CD tracks for men 2
- CD tracks for men 3
- CD tracks for women 1
- CD tracks for women 2
- CD tracks for women 3
- PDFs
အဲဒီဖိုင်တွေအားလုံး ဒီ folder ထဲမှာ ရှိပါတယ် ။

Folder link = https://drive.google.com/folderview?id=0B55B6ABJOb_ldVUzZ1BhRzhaVTg&usp=sharing

( ဒီစာအုပ်ကို မျှဝေပေးတဲ့ KO Kyaw Myo Htek ကို ကျေးဇူးတင်ပါတယ် )

29 March 2015

Metronome for Android Phone

တူရိယာလေ့ကျင့်နေသူတိုင်း မရှိမဖြစ် metronome ပါ ။ Android apps ထဲမှာတော့ ဒီကောင်လေးက အကောင်းဆုံးပဲ ။
- Beats per Bar , Beat Value တွေကို အမျိုးမျိုးပြောင်းလို့ရတဲ့အတွက် compound time , complex time တွေလည်း လေ့ကျင့်လို့ရတယ် ။
- 16th note , 24th note တွေသာမက .. မဂဏန်းတွေလည်း လေ့ကျင့်ဖို့ Sub Beats ပါတယ် ။ sub beats ပေါင်းရင် တစ်ခုသတိထားဖို့က ၊ ဥပမာ - Triplet ကို တီးမယ်ဆိုရင် မူလ 1 beat ရှိပြီး ဖြစ်တဲ့အတွက် ၊ sub beats ကို 2 (၂လုံး) ပဲ ထပ်ပေါင်းပေးရတယ် ။
- finger stamina , speed တွေ run ချင်သူတွေအတွက် ၊ Accelerando မှာ ... 1 bar ကို bpm ဘယ်လောက်တိုးမယ်ဆိုတာ သတ်မှတ်ပေးပြီး ... တဖြည်းဖြည်းမြန် ၊ တဖြည်းဖြည်း နှေးသွားလို့ရတယ် ။
- ကျန်တဲ့ accent , tap beat .. စတဲ့ funtion တွေလည်း အကုန်ပါဝင်ပါတယ် ။
- အကောင်းဆုံးကတော့ ... 100% Free ဖြစ်တဲ့အပြင် ၊ ကြော်ငြာလုံးဝမပါပါ ။

google play ကနေ install လို့ ရတယ်
= https://play.google.com/store/apps/details?id=com.keuwl.metronome&hl=en

Drum Techniques (အခြေခံ မှ အဆင့်မြင့်) ၄အုပ်တွဲ

Musicians Institute ရဲ့ Drum course ပါ ။ snare, kick, hi-hat, rudiments, four-way control .. အားလုံးပါဝင်ပါတယ် ။

book 1 - Download Link
book 2 - Download Link
book 3 - Download Link
book 4 - Download Link

Hip-Hop စာအုပ်တစ်ချို့ .....



27 March 2015

Santana နှင့် စကားပြောခြင်း (စာအုပ် + စီဒီ)

ခင်ဗျားက Talking Guitarist တစ်ယောက် ဖြစ်ချင်တာဆိုရင် Santana ကို မေ့ထားလို့မရပါ ။ Electric Latin style ရဲ့ နှစ်သက်ကြည်နူးဖွယ် ရသမှာ ရင်ခုန်လေ့ကျင့်ရင်း .... အနည်းဆုံးတော့ Minor Pentatonic နဲ့ Harmonic minor scale အတွက် How to use ... ဆိုတဲ့ ပြဿနာ အလိုလိုရှင်းသွားပါလိမ့်မယ် ။
*** ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်ကလည်း improvisation အတွက်ပါ ။ သီချင်းတစ်ပုဒ်ချင်းရဲ့ scale အသုံးပြုပုံတွေကို ရှင်းပြပေးထားတယ် ။ သူ့ Solo တွေ လေ့ကျင့်ပြီးတဲ့အခါ ခင်ဗျားကိုယ်တိုင် improvise လုပ်နိုင်ဖို့  .... စီဒီ ၂ ခွေ ပါတယ် ။ backing tracks မှာ လိဒ်ဂစ်တာသံ မပါ .. full tracks မှာတော့ လိဒ်ဂစ်တာသံ ပါတယ် ။ ၂ခွေလုံး အဆိုသံ မပါပါ ***

စာအုပ် - Download Link
အသံဖိုင် (backing tracks) - Download Link
အသံဖိုင် (full tracks) - Download Link

Al Di Meola ရဲ့ Chords, Scales & Arpeggios Guide


Flying fingers လို့ တင်စားခေါ်ဝေါ်ခံရတဲ့ Al Di Meola ဆိုတာ ၊ သူ့ခေတ်အခါတုန်းက ပရော်ဖက်ရှင်နယ် ဂစ်တာသမားအချင်းချင်း လေးစားအားကျခံရတဲ့ Jazz / Fusion ဂစ်တာပညာရှင်ပါ ။ သူ့ရဲ့ကိုယ်ပိုင်နည်းစနစ်တွေနဲ့ ဒီစာအုပ်ဟာ ဂစ်တာသမားပေါင်းများစွာကို လမ်းပြပေးခဲ့ပါတယ် ။ Jazz ချစ်သူတိုင်း Al Di Meola ကိုသိသလို ဒီစာအုပ်ကို ရင်းနှီးဖူးတယ် ။ တကယ်တော့ ဂျက်ဇ်သမားမှ မဟုတ်ပါဘူး .. ရော့ခ်ဂီတသမားတွေလည်း ဂျက်ဇ်ကို လေ့ကျင့်ရတာပါပဲ ။ ဂျက်ဇ်ရဲ့ သဘောသဘာဝအရ ရှုပ်ထွေးဆန်းပြားလှတဲ့ ဟာမိုနီတွေ ဖြစ်ပေါ်ပေါင်းစပ်နေတာမို့ ... ဂီတသီအိုရီကျေညက်ချင်တဲ့ ဘယ်ဂစ်တာသမားမဆို လေ့ကျင့်သင့်တယ် ။
ဒီစာအုပ်ကို လေ့ကျင့်တဲ့အခါ စာမျက်နှာ ၁ ၊ ၂ ၊ ၃ ၊ ၄ အစဉ်လိုက် လေ့ကျင့်လို့မရပါဘူး ။ Lesson plan တစ်ခုချင်းကို ဖတ်ပြီး လေ့ကျင့်ရတာပါ ။ အကြမ်းသဘော ပြောပေးပါမယ် ။

ဂျက်ဇ်ဂစ်တာ ၂ (intermediate) စာအုပ် + စီဒီ

Jody Fisher ရဲ့ ဒုတိယစာအုပ်ပါ ။ ဒီစာအုပ်မှာ lesson tempo တွေ မြင့်တက်လာပြီး တော်တော်ကောင်းလာပါပြီ ။ နည်းစနစ်များ ပိုပြီးပြည့်စုံ မြင့်တက်လာရုံမက ၊ Jazz improvisation ရဲ့ ပင်မ chord progression ဖြစ်တဲ့ ii-V7-I ရဲ့ substitutionsတွေကို တွင်တွင်ကျယ်ကျယ်ပြီး အသုံးချပြ ၊ ရှင်းပြထားပါတယ် ။ self-study လုပ်နေသူတွေအတွက် တကယ့်အဖိုးတန်ပါပဲ ။

စာအုပ် - Download Link
အသံဖိုင် - Download Link

ပထမစာအုပ် မတီးရသေးရင် ဒီမှာ ဒေါင်းလုပ်နိုင်ပါတယ် ။

ဘေ့စ်ဂစ်တာ (Scales and Arpeggios)

ဘေ့စ်ဂစ်တာ scales ၊ mode  ၊ Triads ၊ arpeggios တွေကို ရိုးရိုးလေးရှင်းပြထားတာ ။ အရမ်းကောင်းပါတယ် ။ ဘေ့စ် လေ့ကျင့်နေသူတိုင်း ဆောင်ထားသင့်တယ် ။ absolute beinnger လို့ ပြောထားပေမယ့် စတီးမယ့်သူတွေအတွက်တော့ ... ဒီwebsiteမှာ တင်ပေးထားတဲ့ Ed Friedland ရဲ့ Bass Method ဆိုတဲ့ အခြေခံဘေ့စ်ဂစ်တာတီးနည်းကို လေ့ကျင့်ပြီးမှ ဒီစာအုပ်ကို လေ့ကျင့်ပေးပါ ။

စာအုပ်ဒေါင်းရန် - Download Link

Bass guitar - song sheets (A)

ဘေ့စ်ဂစ်တာသမားတွေ သီချင်းလေ့ကျင့်ဖို့အတွက်ပါ ။ ပါဝင်တဲ့သီချင်းတွေက -

ACDC - Back in Black
ACDC - Hell's Bells
ACDC - Highway to Hell
Aerosmith - Janies Got a Gun
Aerosmith - Sweet Emotion
Aerosmith - Walk this way
Alice Cooper - No more Mr. Nice Guy
Alice Cooper - Schools Out
Alice in Chains - Down in a hole
Allan Holdsworth - Road Games
Allman Brothers - Statesboro Blues
Anthrax - Caught in a Mosh

ဒိုင်နိုဆောတွေလို့ မတွေးလိုက်နဲ့နော် ။ Bass line တွေ ကောင်းလွန်းလို့ ... Guitar magazine တွေက ရွေးချယ်ဖော်ပြခဲ့ကြတဲ့  သီချင်းတွေ ။ အလန်းတွေချည်း စုပေးလိုက်တာ ။ mp3 aတာင် ပါသေးဗျာ ။ ရင်ခုန်ကြည့်လိုက်ပါအုံး !!!

စာအုပ်ဒေါင်းရန် - Download Link
အသံဖိုင်ဒေါင်းရန် - Download Link


26 March 2015

Finger Stretching for Guitar

Fretboard ပေါ်မှာ ရွေ့လျားနေတဲ့ ဂစ်တာသမားရဲ့လက်ဟာ ပြေးလွှားနေတဲ့ ပင့်ကူတစ်ကောင်နဲ့ သဏ္ဌာန်တူတယ် ။ ကိုယ်ထည်ဖြစ်တဲ့ လက်ဝါးက ဂစ်တာလက်တံကို အုပ်မိုးထားပြီး ၊ လက်ချောင်းထိပ်တွေက ပင့်ကူခြေထောက်တွေလို ရွေ့လျားနေပါတယ် ။ ဒါဟာ ဘယ်လက်ရဲ့ ပုံစံမှန်ပါပဲ ။ 3 notes per string , string skipping , interval အကျဲတွေကို ချောမွေ့စွာ တီးခတ်နိုင်ဖို့ လက်တွေကို ချဲကားနိုင်မှ ဖြစ်မယ် ။ လက်ချဲကားခြင်းက ဂစ်တာသမားအတွက် မရှိမဖြစ်လိုအပ်တဲ့ skill တစ်ခုပါ ။ 

လေ့ကျင့်ခန်း - ၁
ဒီ pattern လေးကို ကျက်ထားရမယ် ။ လေ့ကျင့်ခန်းအားလုံး ဒီ pattern ကို ဆင့်ပွားသွားမှာပါ ။ ရိုးပေမယ့် တကယ်ထိရောက်ပါတယ် ။ လေ့ကျင့်ပုံက - - A - B - C - D ဆိုတဲ့ အတွဲ၎တွဲကို ရှိတယ် ။ တတွဲမှာ (နုတ်၂လုံး) ပါတယ် ။ အဲဒါတွေကို တတွဲချင်း လက်မလွှတ်ဘဲ တီးရပါတယ် ။- ဥပမာ - အတွဲ A ကိုတီးတဲ့အခါ D note ကို လက်ညိုးနဲ့တီးပြီး ၊ A# note ကို လက်သန်းနဲ့တီးတဲ့အခါ ၊ D note တီးခဲ့တဲ့ လက်ညိုးကို မလွှတ်ဘဲ ဆက်ဖိထားရပါမယ် ။ ကျန်တဲ့အတွဲတွေလည်း ဒီအတိုင်းပါပဲ ။- ဒီလေ့ကျင့်ခန်းတွေမှာ metronome မလိုပါဘူး ။ လက်၂ချောင်းတွဲစီ ချဲကားလေ့ကျင့်တာဖြစ်လို့ နှေးလေကောင်းလေ ပါပဲ ။

လေ့ကျင့်ခန်း - ၂
လေ့ကျင့်ခန်း ၁ က pattern ကို ထပ်ပွားလိုက်ပါတာပါ ။ ကြိုးတွေကျဲလာတော့ လက်တွေပိုကျဲလာပါတယ် ။ ၅ကြိုးအထိပဲ ရေးပေးထားပါတယ် ။ Acoustic နဲ့ Electric ဂစ်တာမှာတော့ ၆ကြိုးအထိ လေ့ကျင့်နိုင်ပေမယ့် ၊ Classical ဂစ်တာမှာတော့ (လက်သန်း-လက်သူကြွယ်) အတွဲ D က ၁ကြိုးနဲ့ ၆ကြိုး ချဲနိုင်ဖို့ တော်တော်ခက်တယ် ။ လက်ချောင်းရှည်ရင်တော့ အဆင်ပြေမှာပါ ။ရေးထားတဲ့ အခေါက်ရေအတိုင်း အတိအကျတီးစရာ မလိုပါဘူး ။ ၂ကြိုးတွဲချင်းကို ၃မိနစ်စီလောက် တီးရင် အဆင်ပြေပါတယ် ။

Sight Singing ၄အုပ်တွဲ

အဆိုသမားတွေအတွက် Musicians Institute ရဲ့ Vocal Sight Singing course ပါ ။ ဂီတကျောင်းစာအုပ်ဆိုတော့ ညွှန်းစရာ မလိုတော့ပါဘူး နော် ။

book 1 - Download Link
book 2 - Download Link
book 3 - Download Link
book 4 - Download Link

အသံလေ့ကျင့်ခန်း စီဒီ ၁ + ၂

Voice Lessons to go CD 1 + 2 
မျက်လုံးမှာတော့ မွေးကတည်းက အရောင်မမြင်ရတဲ့ color-blindness တွေရှိသလို ...  နားမှာလည်း အသံ ရဲ့ frequency ကို pitch အတိအကျ မကြားနိုင်တဲ့ tone-deaf တွေရှိတယ် ။ မွေးရာပါ tone-deaf မဟုတ်ရင် နားဝင်ပီယံဖြစ်အောင် သီချင်းဆိုနိုင်ပါတယ် ။ သာမာန် အသံမထွက်တာ ၊ အသံမငြိမ်တာ ၊ အသံပြာတာလောက်တော့ singing exercise တွေ လေ့ကျင့်လိုက်ရင် အိုကေသွားမှာပါ ။
အဆိုလေ့ကျင့်တာက human instrument ဆိုတော့ အမှားမခံဘူး ။ ပါးစပ်ဖွင့်ပုံ ၊ လည်ချောင်းကြွက်သားအသုံးပြုပုံ ၊ အသက်ရှူပုံ ၊ Pitch မှန်ကန်မှ တိုးတက်တာပါ ။ အွန်လိုင်းက ရသမျှ vocal lessons CD တွေကလည်း အခြေခံလို့သာပြောတာ ၊ absolute beginner တွေအတွက် လုံးဝ အထောက်အကူမဖြစ်ပါဘူး ။ ဆရာတစ်ယောက်နဲ့ လေ့ကျင့်ဖို့ပဲ တိုက်တွန်းပါရစေ ။ အခြေခံသိပြီး လေ့ကျင့်နေသူတွေအတွက်တော့ စာအုပ်တွေ ၊ စီဒီတွေ ရှာဖွေပေးပါမယ် ။ ခင်ဗျားတို့ဖာသာ နားထောင်ပြီး ယူသင့်တာယူ ပယ်သင့်တာ ပယ်လိုက်ပါ ။

CD 1-1 - Download Link
CD 1-2 - Download Link
CD 2-1 - Download Link
CD 2-2 - Download Link

25 March 2015

ဂီတသင်တန်းများ

ဆရာကိုစိုင်း (Guitar Library)
Polychromatic Music Centre
Guitar,Bass,Piano,Vocal and Music Theory တွေကို သင်ယူနိုင်ပါတယ်။
အမှတ်-၁၀၈ ၊ ၆ လွှာ စမ်းချောင်းလမ်းနှင့် သပြေညိုလမ်းထောင့် ၊ မြေနီကုန်း ၊ စမ်းချောင်း
ဖုန်းနံပါတ် - ၀၉၄ ၃၁၁၈ ၅၃၅ ။


ဆရာ ကိုညီညီထွေး (Metal Guitarist) ဂစ်တာသင်တန်း
အမှတ်-၁၅၂(ဘီ) ၊ ၈ လွှာ ၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ ကန်တော်ကလေး ၊ မင်္ဂလာတောင်ညွန့် 
ဖုန်းနံပါတ် - ၀၉၅ ၁၄၈ ၅၇၈ ၊ ၀၉၇ ၃၀၈၁ ၆၁၈ ။


International note ဖတ်နည်း (မြန်မာစာအုပ်)

International notes များကို နားလည်တတ်ကျွမ်းချင်သူများအတွက် အက်ဒမင် ကိုဟယ်ရီလွင် ရေးသားထားပြီး ၊ မြန်မာမိသားစုဖိုရမ်က တင်ဆက်ထားတဲ့ Rudiments of music စာအုပ်ပါ ။ ကိုဟယ်ရီလွင် ရဲ့ ဘလော့မှာ ဂီတအကြောင်း ၊ ကဗျာအကြောင်းများကို လေ့လာနိုင်ပါတယ် ။

စာအုပ် - Download Link
ဘလော့ - http://harrylwin.blogspot.com/

ယနေ့ဂစ်တာ ဆိုသည်မှာ ...

၂ဝဝ၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ညချမ်းအချိန်တွင် ကမ်းနားဟိုတယ်၌ ‘ဂါအဲရှိရှ်’ (Gaëlle Chiche) နှင့် ‘ဖရန်စစ်စကိုဘဲနီရေး’ (Francisco Bernier) ဟူသော ဂစ်တာပညာရှင်ဇနီးမောင်နှံ (၂)ဦးဖြင့်ဖွဲ့စည်းထားသော ဒူယိုအက်စတော (Duo Astor) အဖွဲ့မှ ဂန္ထဝင်ဂစ်တာ တေးဂီတ ဖျော်ဖြေတင်ဆက်ပွဲတစ်ခု ကျင်းပသွားခဲ့ပါသည်။ စပိန်ဂစ်တာပညာရှင်ကြီးများဖြစ်ကြသော ‘ဖါနန်ဒိုဆော’ (Fernando Sor) ၏လက်ရာ ‘ဖန်တရှား အိုပတ်(စ) ၅၄’ (Fantaisie Opus 54) တေးစုကို အဖွင့်ပိုင်းတွင် လက်ရာမြောက်စွာ တင်ဆက်သွားပြီး၊ ဖျော်ဖြေပွဲအစီအစဉ်အပြီးတွင် အထူးလက်ဆောင်အဖြစ် ‘ဖရန်စစ်စကိုတာရီဂါ’ (Francisco Tárrega) ၏ လက်ရာမွန် ‘ရီကာဒိုစ်ဒီလာ အယ်လ်ဟမ်ဘရာ’ (Recuerdos de la Alhambra) ကို တီးခတ်ဖျော်ဖြေ သွားခဲ့ရာ ထိုပညာရှင်မောင်နှံ (၂) ဦးအား ကျေးဇူးတင်လျက်နားဆင်ခဲ့ရပါသည်။ ထိုစပိန်တေးပြုဆရာကြီးနှစ်ဦးစလုံးမှာ ကျွန်တော်၏အသည်းစွဲပညာရှင်များ ဖြစ်ကြ၍ ဂန္ထဝင်ဂစ်တာတေးသွားများ စင်တင်ဖျော်ဖြေတင်ဆက်ပွဲကို မြတ်နိုးနားဆင်လိုသော အိပ်မက်တစ်ခုမှာ ဂီတကဝေတို့ မှော်ဝင်ဂီတ၏ ညှို့ငင်ဖမ်းစားမှုအာရုံဖြင့် ထိုညချမ်းတွင် ပြီးပြည့်စုံခြင်းသို့ရောက်ရှိခဲ့ပါသည်။ အိမ်အပြန်လမ်းတွင် အတွေးတစ်စက ရစ်ပတ်နှောင်ဖွဲ့ထားသည်မှာတော့ “ယနေ့ဂစ်တာဆိုသည်မှာ ...” 

24 March 2015

Rock N' Roll Piano (HL) စာအုပ် + စီဒီ

Rock ဂီတရဲ့ ကောင်းကင်ဘုံအစဟာ Rock n' Roll ရဲ့ နှစ်ခြင်းမင်္ဂလာပါ ။ ခွန်အားပြည့်တဲ့ ဂီတများစွာရဲ့ မွေးဖွားရှင်သန်ရာ ဘူမိနက်သန်လည်း ဖြစ်ရဲ့ ။ Fats Domino , Jerry Lee Lewis, Little Richard တို့နဲ့အတူ 50s, 60s ရင်ခုန်သံမှာ ... ခင်ဗျားတဖန် နုပျိုချင်တယ်ဆိုရင် ...

စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link

Blues Piano (HL) စာအုပ် + စီဒီ

Blues ဂီတဟာ နှလုံးသားတစ်ခုဖြစ်သလို ... စကြဝဠာတစ်ခုဆိုလည်း မမှားဘူး ။ သူ့ရဲ့ အနားသတ်မရှိ လွတ်လပ်ကျယ်ပြန့်တဲ့ ခံစားရသမှာ ဂီတသမားတိုင်း လိုလားစွာ  နားခိုကြတယ် ။ ဂီတကို ... နှလုံးသားနဲ့ ဖန်တီးချင်တယ် တီးခတ်ချင်တယ်ဆိုရင် Blues ဂီတနဲ့ ရင်းနှီးမှဖြစ်ပါမယ် ။ ဒီစာအုပ်မှာ Blues အခြေခံကစ ၊ Pro တွေ အသုံးပြုတဲ့ technique တွေ ၊ trick တွေ ပါဝင်တယ် ။ အတိုင်းအတာတစ်ခုထိ ပြည့်စုံတဲ့ စာအုပ်ကောင်းလို့ ဆိုနိုင်ပါတယ် ။

စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link
အသံဖိုင် ၆ - Download Link

ဂစ်တာသမားများအတွက် Up stroke လေ့ကျင့်ခန်း

ဂစ်တာစကေးတွေကို တီးခတ်တဲ့အခါ ... (Ascending) အပေါ်ကြိုးကနေ အောက်ကြိုး / အသံနိမ့်ကနေ အသံမြင့်သို့ တီးခတ်ခြင်းက ပိုမိုလွယ်ကူပြီး ၊ (Descending) အောက်ကြိုးကနေ အပေါ်ကြိုး / အသံမြင့်ကနေ အသံနိမ့်ဆီ ပြန်သွားတဲ့အခါ ထစ်ငေါ့မှုတွေ ရှိတတ်တယ် ။ အဓိက ပြဿနာက ညာလက် Up stroke ကြောင့်ပါ ။ အဲဒီအတွက် up stroke ကို သီးသန့်လေ့ကျင့်ပေးရတယ် ။

မှန်ကန်တဲ့ လက်ကောက်ဝတ်ထိန်းကျောင်းပုံ
ဒီလေ့ကျင့်ခန်းတွေရဲ့ အဓိကသော့ချက်က လက်ကောက်ဝတ် အထားအသို ၊ လှုပ်ရှားပုံပါ ။ အနီးစပ်ဆုံးက စာရေးခြင်း ဥပမာပါပဲ ။ စားပွဲပေါ်က စာရွက်တစ်ရွက်မှာ ဘောပင်ကိုင်ပြီး စာရေးတဲ့အခါ လက်ကောက်ဝတ်ကို သတိထားကြည့်ပါ ။ ဘောပင်ကို လိုရာထိန်းကျောင်းနိုင်ဖို့ လက်ကောက်ဝတ်က စားပွဲမှာ ဒေါက်တိုင်အဖြစ် ထောက်ထားတာ တွေ့ရလိမ့်မယ် ။ တစ်ခါ .. လက်ကောက်ဝတ်ကို ဒေါက်တိုင်အဖြစ် မထောက်ဘဲ လေထဲမှာထားပြီး စာရေးကြည့်ပါ ။ ဘောပင်ကို ထိန်းကျောင်းရ ခက်ခဲတာကို တွေ့ရလိမ့်မယ် ။ အဲဒီ ဥပမာလိုပဲ ။ ဘောပင်ထိပ်ဖျားက စာတစ်လုံးရေးတာနဲ့ ၊ ဂစ်တာလက်ခတ်ထိပ်ဖျားက နုတ်တစ်လုံးကို တီးတာ ... လက်ကောက်ဝတ်ထိန်းကျောင်းမှု  သဘောတရားချင်း အတူတူပါပဲ ။ up stroke မှာလည်း လက်ကောက်ဝတ်လှုပ်ရှားမှုက အရေးကြီးပါတယ်

လေ့ကျင့်ခန်း-၁

23 March 2015

Snare Drum လေ့ကျင့်ခန်းစာအုပ်

stick control for snare drummers
----------------------------------------
snare drum exercises တွေပါ ။ အခြေခံကနေ အဆင့်မြင့်အထိ Rhythmမျိုးစုံကို combination လုပ်ပေးထားပါတယ် ။ Accentတွေ မထည့်ထားပါဘူး ။ ဘယ်ညာ လက်နှစ်ဘက် အသံညီမျှဖို့ကို အသားပေးထားတယ် ။ Modern Drummer Magazine ကတော့ ဒီစာအုပ်ကို one of the top 25 books of all-time လို့ ညွှန်းထားပါတယ် ။ ဟုတ် မဟုတ် သိရအောင် ခင်ဗျားကိုယ်တိုင် how to practice ... ကို ဖတ်ပြီး တီးကြည့်လိုက်ပါ ။

စာအုပ် - Download Link

22 March 2015

Four-way control (For Drummers)

ဒရမ်မာတွေ ဘယ်၊ညာ၊ခြေ၊လက် လေးချောင်းလုံး အညီအမျှတိုးတက်ဖို့ လေ့ကျင့်ခန်းတွေပါ ။ ရေးထားတာ ရိုးရှင်းပေမယ့် သမာရိုးကျ beatingတွေ မဟုတ်ဘူး ။ တီးရ ခက်ခဲပါတယ် ။ တကယ့်ဒရမ်မာဖြစ်ချင်သူတွေ အတွက် စာအုပ်ကောင်းပါ ။ ဒီစာအုပ်ပြီးရင်တော့ ခြေလက်၎ဖက် အာရုံကွဲ လွတ်လပ်ပြီး ခင်ဗျားလိုရာ စေနိုင်မှာပါ ။

စာအုပ် - Download Link

Guitar Effect အကြောင်း

Guitar Effect ကိုစလေ့လာရင် Analog Effect အတုံးလေးတွေကို အရင်လေ့လာတာ ကောင်းပါတယ်။ သူတို့မှာ ချိန်ရမယ့် Preset တွေပါတော့ ဘယ်ဟာကိုလှည့်ရင် ဘာဖြစ်တယ်ဆိုတာ မြင်နေ ကြားနေရတယ်လေ။ တစ်ခုချင်းဝယ်ရတာဆိုတော့ ကုန်ကျစရိတ်တော့ များတယ်။ ရှိတဲ့နေရာမှာ အချိန်ပိုင်းနဲ့ သွားလေ့လာလည်း ရပါတယ်။ Digital Effect အပြားကြီးတွေကျတော့ Effect မျိုးစုံစုပြုံထည့်ထားပြီး Preset တွေကိုမြှုပ်ထားတော့ ရုတ်တရက် လေ့လာဖို့မလွယ်ပါဘူး။ အားသာချက်တွေတော့ အများကြီးရှိပါတယ်။

ကလက်စစ်ကယ်ဂစ်တာ ညာလက် လေ့ကျင့်ခန်း

အမှန်တကယ်တော့ ဂစ်တာကြိုးကို တီးတယ်ဆိုတာ လက်ချောင်းတွေကိုလွှဲပြီး အရှိန်နဲ့တီးတာ မဟုတ်ပါဘူး လက်ချောင်းရဲ့ထိပ်နဲ့ ဂစ်တာကြိုးကို ထိပြီးမှ ကြိုးကိုအတွင်း ဖက်ကိုဖိပြီး လွှတ်ပေးလိုက်တာပါ ။ အဲ့ဒီတော့ tone production တွေ ထိချက်တွေအတွက် လေ့ကျင့်ခန်းတွေ ရှိပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေက အရမ်းကို ရိုးရှင်းပါတယ်။ အရင်ဆုံး လက်လေးချောင်းစလုံးကို ဂစ်တာကြိုးလေးချောင်းပေါ်မှာ အရင်နေရာယူရပါတယ် ။ ပြီးမှ p i m a လက်ချောင်းလေးချောင်းကို တစ်ချောင်းချင်းစီကို ဖိပြီးမှ လွှတ်ချပေးတာပါ ။ p i m a ဆိုပြီးလက်ချောင်းလေးချောင်းဖြစ်လို့ 4/4 timing နဲ့လေ့ကျင့်ပါ ။1st beat မှာ p , 2nd beat မှာ i , 3rd beat မှာ m , 4th beat မှာ. a ဆိုပြီးအစဉ်လိုက်တီးရမှာ ဖြစ်ပါတယ်။ပြီးရင် 4th beat ရဲ့ off beat မှာ p i m a. လက်ချောင်းလေးချောင်းလုံးကို ကြိုးလေးချောင်းပေါ်မှာ နေရာပြန်ယူရပါတယ်။


ညာလက် အခေါ်အဝေါ်
p = (pulger) thumb = လက်မ
i = (indiceo) index finger = လက်ညှိုး
m = (media) middle finger = လက်ခလယ်
a = (anular) ring finger = လက်သူကြွယ်

အခြေခံကလပ်စစ်ကယ်ဂစ်တာ (Christopher Parkening's Guitar Method) book 1 + 2

ဒီစာအုပ်က  ဆရာတွေ အများဆုံး လက်စွဲပြုတဲ့ စာအုပ်ပါ ။ တအားစနစ်ကျတယ် ။ တော်တော်လေး ကောင်းတယ် ။ ဒီစာအုပ်ကို ဇွဲရှိရှိနဲ့ တစ်အုပ်ကုန်အောင် တီးပြီးပြီဆိုရင်လည်း ခင်ဗျားပိုး က တော်တော်ကြီးသွားပါပြီ ။ မာစတာအဆင့်ရောက်အောင် မဖြစ်မနေတီးမယ့်သူ စာရင်းမှာ ခင်ဗျား ပါသွားပြီ ။ စိန်ခေါ်မှုတွေကျော်လွှားရင်း သင်ယူပျိုးထောင်ရင်း ... သာယာပါစေဗျာ ...
(ဒီစာအုပ်ကို တင်ပေးတဲ့ ကို Aung Oo ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ)

book 1 - Download Link
book 2 - Download Link


အခြေခံကလပ်စစ်ကယ်ဂစ်တာ (David Braid) စာအုပ် + စီဒီ

ားမထောင်ပါနဲ့ ။ နုတ်ကြည့်တီးပြီးမှ အသံဖိုင်နဲ့ မှန် မမှန် တိုက်ဆိုင် စစ်ဆေးပါ ။
- လက်သည်းကို သဘာဝအတိုင်းပဲ ထားပါ ။ တီးရင်းနဲ့မှ ဘယ်လိုလက်သည်းမျိုးနဲ့ အဆင်ပြေမယ်ဆိုတာ ခင်ဗျားကိုယ်တိုင် ရွေးချယ် တတ်လာပါလိမ့်မယ် ။
ဒီစာအုပ်က လွယ်တယ် ။ အသံဖိုင်တွေပါတယ် ။ ကိုယ်တိုင်လေ့လာဖို့ အဆင်ပြေတယ် ။ ဒီစာအုပ်နဲ့ နုတ်တွေ ဖတ်နိုင်ပြီ အတော်အသင့် တီးနိုင်ပြီဆိုရင် Christopher Parkening ရဲ့ Guitar Method vol 1 , 2 ကို လေ့ကျင့်ဖို့ တိုက်တွန်းပါတယ် ။ လက်အနေအထား ၊ တီးခတ်ပုံတွေကိုလည်း ပိုပြီး အသေးစိတ် ရေးပေးထားပါတယ် ။

စာအုပ် - Download Link
အသံဖိုင် - Download Link

Keyboard Reading (beginner to Advanced)

ပီယာနို ၊ ကီးဘုတ်တီးချင်တဲ့သူတွေအတွက် Musicians Institute က ထုတ်တဲ့ course တစ်ခုပါ ။ ဂီတကျောင်းဆရာတွေ guideလုပ် သင်ကြားပေးရတဲ့ စာအုပ်မျိုး ဖြစ်တဲ့အတွက် သဘောတရားတွေ အများကြီးရေးမထားဘူး ။ လေ့ကျင့်ခန်းတွေကတော့ အများကြီးပဲ ။ တကယ်တီးမယ် ဆိုတဲ့သူတွေအတွက်တော့ ရွှေပဲ ။ Rocket piano လေး ဖတ်လိုက် ၊ ဒီစာအုပ်တွေ လေ့ကျင့်လိုက်ဆိုရင် ပိုကောင်းတယ် ။ အခြေခံကနေ အဆင့်မြင့်အထိ ၄အုပ်တွဲပါ ။

book 1 - Download Link
book 2 - Download Link
book 3 - Download Link
book 4 - Download Link

21 March 2015

101 Groovin' Bass Patterns

င်္Funk , Disco , Reggae တွေတီးရမယ်ဆို ဂစ်တာသမားတွေ သိပ်မကြိုက်ပေမယ့် ... ဘေ့စ်သမားကတော့ .. ဒီတစ်ခါ ငါ့အလှည့်ဆိုပြီး  မျက်လုံးလေးမှိတ် မေးလေးတဆတ်ဆတ် ခေါင်းလေးတခါခါပေါ့ ။ ဆရာသမားများ မုဝင်ပုံ ပြောပါတယ် ။ ဒီစာအုပ်က 70s ခုနှစ်တွေတုန်းက Funk & Disco Bass Pattern တွေပါ ။ ရေလည် တီးလို့ကောင်းပါတယ် ။ ဒစ်စကိုဒန်းဆားဘေ့စ်တွေများ ခင်ဗျားမို့လို ဒီလောက်ညွှန်းနေတယ် လို့ ထင်ကောင်းထင်မယ် ။ ပြဿနာမရှိဘူး ။ စာအုပ်ဖွင့်တီးကြည့်လိုက်ရင် ကျွန်တော် မလွန်ဘူးဆိုတာ ခင်ဗျားသိလိမ့်မယ် ။
 
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link

Develop your Bass Grooves

ဒီစာအုပ်ကို လေ့လာကြည့်တော့ ကျွန်တော်သိချင်တဲ့ အဖြေတစ်ခုကို ရလိုက်တယ် ။ Music မှာ ပြောနေကြတဲ့ Groove ဆိုတာ Time , Rhythm နဲ့ မတူမှန်းသိပေမယ့် ဘယ်လိုစကားလုံးနဲ့ ရှင်းပြရမှန်း မသိဘူး ။ ခင်ဗျား မမြင်နိုင်ဘူး .. မထိနိုင်ဘူး .. ဒါပေမယ့် ... sense အရ သိနိုင်တယ် ... ခံစားနိုင်တယ် ။ ဘေ့စ်သမားကောင်းတစ်ယောက်ဆိုတာ Rhythmic သဘောကို အပြည့်အဝ နားလည်ပြီး groovin' ဖြစ်အောင် တီးနိုင်တဲ့သူပါ ။ တီးဝိုင်းတစ်ခုဟာ groove ဖြစ်တဲ့အခါ နားထောင်သူတွေကို ညို့ယူနိုင်တယ် ။ အထူးသဖြင့် ဒရမ်မာနဲ့ ဘေ့စ်သမားက groove ဖြစ်တဲ့အခါ ... ကျန်တဲ့ player တွေပါ moodဝင်ပြီး အကောင်းဆုံးကို တီးခတ် ဖန်တီးလာနိုင်တယ် ။ အဲဒါကြောင့် ဒရမ်နဲ့ဘေ့စ် ကောင်းရင် တီးဝိုင်းကောင်းပြီ လို့ ပြောကြတာ ဖြစ်ပါလိမ့်မယ် ။ အဲဒီတော့ Groove ဆိုတာ အတိအကျပြော ဆိုရင်တော့ Enigma လို့ပဲ ပြောရလိမ့်မယ် ။ ပဟေဠိတစ်ခု ၊ ပုစ္ဆာတစ်ခုပဲ ။ ဒီစာအုပ်က အဲဒီပုစ္ဆာကို ဖြေရှင်းပေးမယ့် သော့ချက်ပါ ။ ဒီလောက်ဆို ဒီစာအုပ်မှာ ဘာတွေပါမလဲ သိလောက်ပြီ ထင်ပါရဲ့ ။ တီးကြည့် ၊ ဖတ်ကြည့်ပါ ။ ခင်ဗျားအတွက် music sense တစ်ခု ရလာမှာပါ ။

စာအုပ် - Download Link
စီဒီ - Download Link

Enigma ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်လို့ နည်းနည်း လျာရှည်ချင်ပါသေးတယ် :) ရုပ်ရှင်ဇာတ်ကား တကားအကြောင်း ။ အဲဒီဇာတ်ကားက The imitation Game (2014) ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေခေါင်းစားနေတာ ... ဂျာမာန်တွေ အသုံးပြုတဲ့ လျှို့ဝှက်ကြေးနန်းစက် Enigma machine ပါ ။ Enigma machine ဟာ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးစက် ၊ အခက်ခဲဆုံးပြဿနာပဲ ။ အဲဒါကြောင့် Enigma isn't difficult. It's impossible. လို့ ဆိုကြတယ် ။ အဲဒီစက်ကတဆင့် ပေးပို့နေတဲ့ ဂျာမာန်တွေရဲ့ကုဒ်ကို decrypt လုပ်နိုင်ဖို့ သချာင်္ပညာရှင် Alan Turing နဲ့ အဖွဲ့က ကြိုးစားခဲ့ကြတယ် ။ ၂နှစ်အကြာမှာ အောင်မြင်ခဲ့ကြတယ် ။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီနေ့အသုံးပြုနေတဲ့ ကွန်ပြူတာရဲ့အစဟာ ... အဲဒီတုန်းက Alan တီထွင်ခဲ့တဲ့ Turing machine က ဖွံ့ဖြိုးလာတာပါ ။
ခင်ဗျားတို့လည်း Groove ကို သိရင် ဘေ့စ်ဂစ်တာရဲ့ Alan Turing ဖြစ်ပြီ ။ တစ်ခုပဲ ကသိကအောက် ဖြစ်စရာရှိတယ် ။ Alan Turing က ...... h ... o ... m ... o .... ? ? ? :P

20 March 2015

အခြေခံဂီတသီအိုရီ - ၁၀

Compound Intervals
Compound Intervals မစခင်မှာ C major scales  ရဲ့ intervals များကို တစ်ခေါက်ပြန်ကြည့် လိုက်ပါ ။

၎င်း Intervals များကို octave ကျော်လွန်ပြီး ထပ်မံပေါင်းစပ်သောအခါ 9th , 10th ,11th ,12th စတဲ့ compound intervals များဖြစ်လာပါတယ် ။ အောက်ကပုံကိုကြည့်ပါ ။


ဒါတွေကတော့ C scale ရဲ့ compound intervals တွေပါ ။ ပေါင်းစပ်ပုံကို ဇယားဖြင့်အလွယ်တကူ မှတ်သားနိုင်ပါတယ် ။

Rocket Piano Book - 3 (Advanced) စာအုပ် + စီဒီ

Advanced စာအုပ်ပါ ။ Rocket Piano ရဲ့ Jamorama piano book 1 နဲ့ book 2 တီးပြီးရင် ဒီစာအုပ်ကို လေ့လာနိုင်ပါပြီ ။ သဘောတရားတွေ ရှင်းပြထားတာတော့ တအားကောင်းတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်းကတော့ နည်းတယ် ။ Musicians Institute က ထုတ်တဲ့ Keyboard Reading နဲ့ တွဲကျင့်ရင် ပိုအဆင်ပြေပါလိမ့်မယ် ။

စာအုပ် - Download Link
စီဒီ - Download Link


19 March 2015

40 Drum Rudiments

Drum Rudiments ဟာ ဒရမ်မာတစ်ယောက်ရဲ့ အသက် ၊ ဖောင်ဒေးရှင်း ၊ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ ။ ဒရမ်မာကောင်းတစ်ယောက်ဖြစ်ဖို့ သော့ချက်လည်း ဖြစ်ပါတယ် ။ ဒရမ်ဝဘ်ဆိုက်တွေထဲမှာ ဒီဝဘ်ဆိုက်ရဲ့ ဗီဒီယိုသရုပ်ပြ လေ့ကျင့်ခန်းတွေက စနစ်ကျတယ် ။ ရိုးရှင်းတယ် ။ နားလည်လွယ်တယ် ။ Drum Rudiments တီးခတ်ပုံကို Drum pad နဲ့ သေချာအရင်ရှင်းပြပြီး Drum set ပေါ်မှာ ထပ်တီးပြတယ် ။ ခင်ဗျားကိုယ်တိုင် Rhythm pattern တစ်ခုရတာနဲ့ beat တစ်ခု fill တစ်ခုကို ကိုယ်တိုင်ဖန်တီး တီးခတ်လာနိုင်ပါလိမ့်မယ် ။ ဝဘ်ဆိုက်က ဗီဒီယိုထဲမှာလည်း နုတ်တွေထည့်ပေးထားသလို ၊ ဗီဒီယိုရဲ့ အောက်စာမျက်နှာမှာလည်း နုတ်တွေ ရေးပေးထားပါတယ် ။ ခင်ဗျာအတွက် တစ်စုံတစ်ခုတော့ ရမှာပါ ။ သွားကြည့်လိုက်ပါ ။

websitehttp://www.40drumrudiments.com/


18 March 2015

ဂျက်ဇ်ဂစ်တာ (beginner) စာအုပ် + စီဒီ

ဂစ်တာကို အတော်အသင့်တီးခတ်နိုင်ပြီး Jazz Guitar style ကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင် ဒီစာအုပ်နဲ့ သင့်တော်ပါတယ် ။ ရှင်းပြချက်တွေ နားလည်လွယ်သလောက် လေ့ကျင့်ခန်းတွေလည်း ကောင်းပါတယ် ။ complete method အဖြစ် ၄အုပ်တွဲပါ ။ တစ်ပိုင်းချင်း တင်ပေးသွားပါမယ် ။

စာအုပ် - Download link
အသံဖိုင် - Download link

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ "လေ့ကျင့်တယ်" ဆိုတာထက်  "ပျိုးထောင်တယ်" ဆိုတဲ့စကားကို ပိုသဘောကျတယ် ။ ဟုတ်ပါတယ် ။ ဂစ်တာလေ့ကျင့်တယ်ဆိုတာ ဂစ်တာနဲ့ ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်တာပါ ။ ဒီလိုနားလည်ထားမှလည်း လေ့ကျင့်တဲ့အချိန်တွေကို မငြီးမငွေ့ ဖြတ်သန်းနိုင်မှာပါ ။ ( ကျွန်တော်က ဂစ်တာသမားဖြစ်တဲ့အတွက် ဒီတူရိယာလေ့ကျင့်နည်းကို ဂစ်တာကို ဥပမာထားပြီး ရေးသွားပါမယ်)
  
၁ ။ မလေ့ကျင့်မီ အကြောလျော့ပေးပါ
ဂစ်တာစကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး (ဖြစ်နိုင်ရင်တစ်ကိုယ်လုံး) အကြောလျော့ပေးပါ ။ တချို့က မလိုအပ်ဘူးလို့ ထင်ကောင်းထင်မယ် ။ အကြောလျော့ခြင်းနဲ့ စိတ်ရဲ့relaxဟာ ခင်ဗျားကို မောင်းတင်ပေးမယ့် ခွန်အားတွေပါ ။ 
  
၂ ။ warm up အမြဲလုပ်ပါ ။ 
Fingering, chromatic scale, fingering stretching  တွေထဲက ခင်ဗျားအတွက် ပေါ့ပါးလွယ်ကူမယ့် တမျိုးမျိုးကို နာရီဝက်လောက် အရင်တီးလိုက်ပါ ။ လက်ချောင်းတွေ သွေးပူလာဖို့ ၊ လွတ်လပ်စွာလှုပ်ရှားဖို့ ၊ finger stamina ကောင်းဖို့ ၊ ဒဏ်မဖြစ်ဖို့ ... warm up မလွဲမသွေတီးရပါမယ် ။ 
  
၃ ။ Metronomeနဲ့ အမြဲကျင့်ပါ ။ 
Metronomeနဲ့ မကျင့်ခဲ့ရင်Bandနဲ့တီးတဲ့အခါ၊ Studioမှာအသံသွင်းတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်လာပါမယ် ။ ကိုယ့်ရဲ့ tempoကို ကိုယ်သတိထားမိဖို့ ခက်ပါတယ် ။ စိတ်ကြွလာရင် tempoတက်လိုက် ၊ စိတ်မပါရင် tempo ကျလိုက် ဖြစ်တတ်ပါတယ် ။ 
  
၎ ။*very important* အနှေးဆုံးကိုတီးပါ ။
လေ့ကျင့်နေတဲ့အချိန်မှာ speedကိုခေါင်းထဲ ဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။ speedဟာ ဂစ်တာသမားတိုင်း တပ်မက်တဲ့ ရှိရမယ့် အရည်အချင်းဆိုပေမယ့် ... သူ့ကို အရူးအမူးနဲ့ လိုချင်ပြီးလေ့ကျင့်ပြီ ဆိုတာနဲ့  လမ်းတဝက်မှာ ပြတ်ကျန်ခဲ့ဖို့ သေချာသလောက်ရှိပြီ ။ တခါတလေ ... အနှေးဆုံးတွေကို တီးနေရင်း ခင်ဗျား ငြီးငွေ့လာမယ် ။ သေချာတယ် ။ ဒါကြောင့် ပြောခဲ့ပါတယ် ။ တူရိယာတစ်ခုကို လေ့ကျင့်တယ် ဆိုတာထက် ပျိုးထောင်နေတယ်လို့ ခံယူထားပါ ။ ဒါတွေဟာ ခင်ဗျား မလွဲမသွေ ဖြတ်ကျော်ရမယ့် လှေကားထစ်တွေပါ ။

17 March 2015

ဂစ်တာအက်ဖက်များ နှင့် ဂစ်တာအန်ပလီဖိုင်ယာများကို ချိန်ညှိခြင်း - ၂

၁ - ကို Steve Vai ကြီး ချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင် ကောက်ကြောင်း
--------------------------------------------------------------------------------------------------------
ကို Steve Vai ကြီးဟာ သူ့မူပိုင် Ibanez JEM ဆောလစ်တွေနဲ့အတူ ဂစ်တာအက်ဖက်တွေ ကို အသုံးပြု တဲ့အခါ မှာ မူလအစက Single Guitar Effect တွေကိုဘဲ တစ်စိုက်မတ်မတ် အသုံးပြုခဲ့ တာ ပါ။ နောက်ပိုင်း မှာ Single Effects တွေနဲ့အတူ Multi-Effects Processor ကိုပါ ပူးတွဲသုံးစွဲ လာခဲ့ပါ တယ်။ သူ့ရဲ့ နောက်ဆုံး DVD Live Show ခွေမှာ Single Effects တွေနဲ့အတူ Zoom Multi-Effects Processor ကြီးကို Expression Pedal တွေ အများကြီးနဲ့ တွဲသုံးပြသွား ခဲ့ပါတယ်။ နမူနာ ဗီဒီယိုဖြစ်တဲ့ Now We Run ဂစ်တာဆိုလိုကို ဒီမှာ ကြည့်နိုင်ပါတယ်။


ကို Steve Vai ကြီး ကြိုက်တဲ့ Boss Single Effect Pedal ကတော့ လိမ္မော်ရောင် DS-1 ပါ။ ဒီ Boss DS-1 Distortion Pedal ကို သူ့စိတ်ကြိုက် အခြား အမေရိကန် ဂစ်တာအက်ဖက်အချို့နဲ့ Expression Pedal တွေနဲ့သူအမြဲဘဲ တွဲအသုံးပြုခဲ့တာပါ။

JR ရဲ့ ရော့ခ်စည်းမျဉ်း

John Petrucci ရဲ့ Rock Discipline ဟာ ... ဒါလေးကို ဒီလိုတီးဆိုတဲ့ ... ရိုက်စားခွေမျိုး မဟုတ်ပါဘူး ။ ၂နာရီစာပါဝင်တဲ့ သူ့ရဲ့ တက်ကနစ် ၊ အယူအဆ ၊ ရှင်းလင်းချက်အားလုံးက ... ခင်ဗျားအတွက် ကိုယ်ပိုင်ဟန်ထူထောင်ဖို့ ပံ့ပိုးထားတာချည်းပဲ ။ Rock Guitar အတွက် အသားပေးရှင်းပြထားပေမယ့် ဘယ်ဂစ်တာသမားမဆို လေ့ကျင့်နိုင်တယ် ။ သူ့ရဲ့ warm-up , chromatic scale , finger stretching တွေဟာ တကယ်ကိုကောင်းပါတယ် ။ ကျွန်တော်တို့ ဒီနေ့ထိ ဂစ်တာကိုင်တာနဲ့ တီးဖြစ်နေတုန်း ။ string skipping နဲ့ scale fragments တွေကလည်း scale , chord တွေကို ဘယ်လိုဆင့်ပွားလေ့ကျင့်နိုင်တယ်ဆိုတဲ့ အိုင်ဒီယာသာမက ... solo အယူအဆတွေပါ တိုးတက်စေတယ် ။ arpeggios နဲ့ ပတ်သတ်လို့တော့ သိပ်မပါဘူး ။ JPကိုယ်တိုင်လည်း arpeggios ကို တရှိုက်မက်မက် မသုံးပါဘူး ။ arpeggios အစား chord တွေကို string skipping အနေနဲ့ သုံးတာ ပိုများပါတယ် ။ ခင်ဗျားဟာ ရော့ခ်တေးသွားတွေကို သီကုံးဖို့ကြိုးစားနေသူဆိုရင်တော့ အခွေနောက်ဆုံးမှာ ရှင်းပြထားတဲ့  chordal techniques ကို ဂရုတစိုက်သာ နားထောင်ကြည့်လိုက်ပါ ။ နိဂုံးချုပ်ရရင်တော့ John Petrucci ရဲ့ Rock Discipline ဟာ ဂစ်တာသမားတွေအတွက် ရတနာသိုက်ကြီးတစ်ခုပါပဲ ။
စာအုပ် - Download link
ဂစ်တာပရိုဖိုင် - Download link
video 1 (playlist) - https://www.youtube.com/watch?v=k6aEMRMiRkA&list=PL731921287786F542
video 2 (full) - https://www.youtube.com/watch?v=6VApk-vvhp8

( video 1 က Youtube playlist ၁၂ ဖိုင် ၊ video 2 က တခွေလုံးပါ ) ရှေ့ဆုံးမှာ JP သရုပ်ပြထားတဲ့ အကြောလျော့လေ့ကျင့်ခန်းတွေကိုလည်း ဂစ်တာမတီးခင် လေ့ကျင့်ပေးပါ ။ စိတ်ရောကိုယ်ပါ relax ဖြစ်တဲ့အခါ ခင်ဗျားရဲ့ဂစ်တာသံတွေ ပိုပြီး သာယာလာပါလိမ့်မယ် ။

16 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-13

Warm-up

Ex - 207

Picture


Ex - 208

Picture


Ex - 209

Picture
ဒီနေ့တော့ Rhythm ကိုနောက်ဆုံးမှ တီးပါမယ် ။ နုတ်တွေကို အရင်လေ့ကျင့်ပါမယ် ။ အသစ်လေ့ကျင့်မယ့် နုတ်တွေမှာ sharp( ♯ ) , flat( ♭ ), natural( ♮ ), ဆိုတဲ့ accidental sign တွေ ပါလာပါပြီ ။

အခြေခံဂစ်တာသင်ခန်းစာ Plan-12 (Revision)

ခင်ဗျားတို့ လေ့ကျင့်ခန်းတွေ အများကြီး ဖြတ်ကျော်လာခဲ့ပါပြီ ။ PLAN-9,PLAN-10,PLAN-11 တွေကို တစ်ခေါက်ပြန်နွှေးရင်း တီးခဲ့သမျှနုတ်တွေကို ပိုပြီး မှတ်မိသွားအောင် အသစ်ပေးထားတဲ့ သီချင်းသစ်လေးတွေ တီးရင်း ပျော်ရွှင်ပါစေဗျာ … ။ ။ (သီချင်းနှင့် လိုက်ဖက်မယ့် Rhythm-patterns လေးတွေ ရေးပေးထားပါတယ် ။)
Picture
¾ timing အားလုံးအတွက်တော့ 1-2&-3 rhythm pattern က အလိုက်ဖက်ဆုံးပါပဲ ။ ex-205 ကို rhythm တီးတဲ့အခါ ပထမနှင့် တတိယစည်းချက်တွေမှာ အပေါ်ကြိုးများကို ဦးစားပေး တီးခတ်ပြီး ၊ ဒုတိယနှင့် စတုတ္ထစည်းချက်တွေမှာတော့ အောက်ကြိုးများကို ဦးစာပေးခတ်ပါမယ် ။ ex-203နှင့်ex-206 တို့ရဲ့ နောက်ဆုံးဘားတွေမှာ chordပေါ်မှာ အစက်တစ်စက်နှင့် မျဉ်းခုံးလေးတစ်ခု တွေ့ရပါမယ် ။ အဲဒါက Fermata (or) Pause sign လို့ခေါ်ပါမယ် ။ ဂျွမ်း .. ဆိုတီးချပြီး အသံဆွဲအဆုံးသတ်လိုက်ပါ .. ။

Ex - 200

Picture

အခြေခံဂစ်တာသင်ခန်းစာ Plan-11

Warm-up

ဒီplanကစပြီး Eight note fingering တွေတီးပါမယ် ။ ဖြေးဖြေးမှန်မှန်ပဲကျင့်ပါ ။

Ex - 181

Picture


Ex - 182

Picture

ဂစ်တာအက်ဖက်များ နှင့် ဂစ်တာအန်ပလီဖိုင်ယာများကို ချိန်ညှိခြင်း - ၁

ဂစ်တာကို မြေလျှိုးမိုးပျံအဆင့်တီးတတ်ပါတယ် ... နုတ်စ်တွေကိုလည်း ပြောင်းပြန်ရေး ထားတောင် ဖတ်နိုင်ပါ တယ် ... ဆိုပေမဲ့ အလက်ထရစ်ဂစ်တာတွေနဲ့ တီးတော့မယ်ဆိုရင် ဂစ်တာအက်ဖက်တွေ နဲ့မပါတ်သက် လို့မရတော့ပါ ဘူး။ အဲဒီတော့မှ အက်ဖက် မချိန်တတ်လို့ အသံကြောင်ကြီးတွေ ထွက်လာခဲ့ရင် သွားပါပြီ။ ကိုယ့်ကို ဂစ်တာသမား ကောင်းမှန်း မသိကြ-မလေးစားကြတော့ပါဘူး။ ဒါကြောင့် ဂစ်တာအက်ဖက်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင်ချိန်တတ်ဖို့က ဆောလစ်ဂစ်တာတွေကိုင်ကြတဲ့ သူငယ်ချင်းတွေ အားလုံး သိကြမှာ ပါခင်ဗျာ။ ဂစ်တာသမား တစ်ဦးချင်းအလိုက် အက်ဖက်ချိန်တဲ့ ဆက်တင်တွေ ကိုယ်ပိုင်ဟန်အသီးသီး ရှိကြတယ် ဆို ပေမဲ့၊ ကော်ပီသီချင်း တွေ လိုက်တီးတဲ့ ဂစ်တာ သမားတွေဟာ မူရင်းသီချင်းနုတ်စ် စာရွက် ကြီးကို ကိုင် ထားပြီး မူရင်း ဂစ်တာသမားက အဲဒီ့သီချင်းအတွက် ချိန်ထားတဲ့ ဂစ်တာအက်ဖက် ဆက်တင် အတိုင်း အနီးစပ်ဆုံးလိုက်မချိန်နိုင်ရင်- သူများသီချင်းတော့ ယူတီးသေးတယ်။ မှီလည်း မမှီဘူး ဆိုပြီးဝိုင်း ကဲ့ရဲ့လေ့ရှိပါ တယ်။ ဒါကြောင့် ဂစ်တာအက်ဖက်ချိန်တာဟာ အရမ်း အရေးကြီးတယ်လို့ထင်ပါတယ်။

ဂစ်တာအက်ဖက်မှာ မူလတုန်းက Single Guitar Effect တွေရဲ့ခေတ်ပါ။ နောက်တော့ IT ခေတ်ကြီးဖြစ်လာတော့ ကွန်ပြူတာစနစ်၊ ဒစ်ဂျစ်တယ် စနစ်တွေ ထွန်း ကားလာတော့ ပို Convenient ဖြစ်တဲ့ Economy ဖြစ်တဲ့ Multi-Guitar-Effects Processor တွေပေါ် လာပါ တယ်။ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ ဂစ်တာအက်ဖက်လောက မှာ နံမည်ကြီး တာက ကီးဘုတ်တွေ ထုတ်တဲ့ နံမည်ကျော် Roland ကုမ္ပဏီကြီးကထုတ်တဲ့ Boss တံဆိပ် ဂစ်တာအက်ဖက်တွေပါ။
နောက်ပိုင်းမှာ Zoom ဂစ်တာအက်ဖက်နဲ့။ Digtec တံဆိပ် ဂစ်တာအက်ဖက်တွေလည်းလူသုံးများ လာကြ ပါတယ်။ နံမည်ကျော် ဂစ်တာကုမ္ပဏီကြီးများဖြစ်ကြတဲ့ Ibanez တို့လဲ ဂစ်တာကုမ္ပဏီကြီးများ က လည်း သူတို့ ရဲ့ မူပိုင် Ibanez တံဆိပ် Single Guitar Effect Pedal တွေထုတ်လာကြပြန်ပါတယ်။

ဒရမ်လေ့ကျင့်ခန်းများ (Beginner to Advanced)

နာမည်ကြီးဂီတကျောင်းတစ်ခုဖြစ်တဲ့ Musicians Institute က ထုတ်ဝေတဲ့ Drum Reading  ဒရမ်လေ့ကျင့်ခန်းစာအုပ်တွေပါ ။ Course တစ်ခုလည်း ဖြစ်ပါတယ် ။ ဒရမ်မာတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေ ၊ လုံလောက်တဲ့လေ့ကျင့်ခန်းတွေကို အခြေခံကနေ အဆင့်မြင့်အထိ အပြည့်အစုံ ပါဝင်ပါတယ် ။ ကောင်းနိုးရာရာ ရှာဖွေပြီး တစ်အုပ်ချင်းတီးတာနဲ့ courseပြတ်တီးတာ ဘယ်လိုမှ မတူပါဘူး ။ ဒီစာအုပ်တွေကို ဆရာတစ်ယောက်က ဂိုက်လုပ်ပေးပြီး လေ့ကျင့်မယ်ဆိုရင် တော်တော်အကျိုးများမှာပါ ။
စီဒီတော့မပါဘူး ။ self-study လေ့ကျင့်တဲ့သူတွေ အမှားအမှန်စစ်ချင်ရင် Guitar pro လို ဆော့ဝဲမျိုးမှာ နုတ်ရေးပြီး နားထောင်ပါ ။ ရေးလည်း  ရေးစေချင်တယ် ။ အဲဒါမှ ခင်ဗျားတို့ reading skill သာမက writing skill ပါ တိုးတက်လာပါလိမ့်မယ် ။

စာအုပ် ၁ - Download link
စာအုပ် ၂ - Download link
စာအုပ် ၃ - Download link
စာအုပ် ၄ - Download link

15 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-10

Warm-up

Ex - 157

Picture

အခြေခံဂစ်တာသင်ခန်းစာ Plan-9

Warm-up

Ex - 135

Picture

အခြေခံဂစ်တာသင်ခန်းစာ Plan-8

Revision

ဒီနေ့ကတော့ ၃ရက်တီး ၊ ၁ရက်ပြန်နွှေး စနစ်အရ Plan 5 , 6 , 7 တွေကို ပြန်နွှေးရင်း သီချင်းသစ် ၂ ပုဒ် လေ့ကျင့်ရုံပါပဲ ။

Ex - 133

Picture

Paul Gilbert Flamenco

ကျွန်တော်တို့ ဂစ်တာဟီးရိုးကြီး Paul Gilbert ဟာ Flamenco guitarist တစ်ယောက်တော့ မဟုတ်ဘူး ။ ဒါကြောင့် ဒီ solo ဟာ Flamenco guitarist တွေရဲ့ စိတ်တိုင်းကျ ဖြစ်ချင်မှ ဖြစ်မယ် ။ ဒါပေမယ့် သူဟာ Mr.Big , Racer X တို့နဲ့အတူ အောင်မြင်တဲ့ guitarist တစ်ယောက် အနေဖြင့်သာမက solo artist, songwriter, guitar instructor လည်း ဖြစ်ပြန်တယ် ။ pop, rock, metal, blues, jazz, funk and classical ဂီတအမျိုးအစားများစွာ တေးသွားများစွာကို စံထားလောက်အောင် တီးခတ်နိုင် ရေးဖွဲ့နိုင် ပြန်လည်သင်ကြားပေးနိုင်တဲ့ စွယ်စုံရ ဂစ်တာသမား တစ်ယောက်လည်း ဖြစ်ပြန်တယ် ။ ဘာပဲပြောပြော ... Phrygian mode ရဲ့ third degree ကို major third ပြုလုပ်ထားတဲ့ spanish gypsy scale နဲ့ တီးခတ်ထားတဲ့ Paul ရဲ့ Flamenco လက်သံက ကျွန်တော့်နားတွေကိုတော့ အလွယ်တကူ ပြုစားနိုင်ခဲ့တယ် ။ ခင်ဗျားလည်း မှော်ဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ....
pdf - Download link
video link 1 - https://www.youtube.com/watch?v=11KaKhGAa3I

video link 2 - https://www.youtube.com/watch?v=u39rtHRpBNA

( video link 1 က တေးသွားသက်သက်ပါ ။ video link 2 မှာတော့ တေးသွားအပြင် တီးခတ်ပုံတွေကိုပါ ရှင်းပြထားပါတယ် ။)

J.S.Bach for Electric Guitar( Intermediate to Advanced )

Guitar Transcription work ထဲမှာတော့ ဒီစာအုပ်က တမူထူးခြားပါတယ် ။ J.S.Bachရဲ့ တေးသွားတွေကို မူရင်း key အတိုင်း ပြောင်းလဲခြင်းမရှိဘဲ Electric Guitar အတွက် ပြန်ပြီး Arrangement လုပ်ပေးထားတာပါ ။ Fingerstyle မဟုတ်ဘဲ Pick နဲ့ တီးဖို့အတွက်ပါ ။ stroke , legato , string skipping ,Hybrid picking တွေ အဓိက ပါဝင်တယ် ။ ဒီစာအုပ်ကို အသေအချာ လေ့ကျင့်ဖြစ်ရင်တော့ ခင်ဗျားလက်နဲ့ Fingerboard ဟာ နှစ်ကိုယ်တစ်စိတ် ဖြစ်လာရုံသာမက Neo-classical ကမ္ဘာမှာ ကျက်စားနိုင်ပါလိမ့်မယ်

စာအုပ် - Download link
စီဒီ - Download link

" ကလပ်စီကယ်ဂစ်တာတွင် Classical guitar work နှင့် Transcription work ဟူ၍ နှစ်မျိုးရှိသည် ။
Classical guitar work ဟူသည် ကလပ်စစ်ကယ်ဂစ်တာ၏ မူလဇာတိ စပိန်နိုင်ငံ၏ ရိုးရာသီချင်း Folk songs များ ၊ ဥပမာ Catalon Folk song , Andalusian Folk song , ဂစ်တာကွန်ပိုဆာများက ဂစ်တာအတွက် ရေးဖွဲ့ခဲ့သော ကလပ်စစ်ကယ် ဂစ်တာအဖွဲ့အနွဲ့များ (ဥပမာ - ဂစ်တာကွန်ပိုဆာ ဖာနန်ဒိုဆော ၊ တာရေးဂါး ၊ ကားကတ်ဆီ ၊ ဂူလီယာနီ ၊ စကာလက်တိ ၊ ဆီဂိုးဗီးယား) ကို တီးခတ်ရသည် ။
Transcription work ဆိုသည်မှာ မူလက ဂစ်တာဖြင့် တီးခတ်ထားခြင်းမဟုတ်ဘဲ ဘာ့ခ် ၊ ဘီသိုဗင် ၊ ရှူးမန်း ၊ မင်ဒယ်ရှိုပန်း ၊ အယ်ဘန်းနစ် တို့၏ အခြားတူရိယာအတွက် ရေးထားသော ဂီတအဖွဲ့အနွဲ့များ (ဥပမာ - ပီယာနို ၊ တယော ၊ ဟတ်ပဆီကော့ဒ် ၊ အော်ခက်စတြာ ဂီတအဖွဲ့အနွဲ့များ) ကို ဂစ်တာဖြင့် တီးခတ်၍ရအောင် ပြုပြင်ဖန်တီး ဆီလျော်အောင် လုပ်ထားသော ဂီတဖြစ်သည် ။ "
ခရက်ဒစ် => ဆရာ ညီပုလေး - လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ .... မှ