12 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-2

Warm-up

Picture
warm-up နောက်တစ်မျိုးနှင့် စလိုက်ရအောင် ။ (နောက်ပိုင်းတွင် Fingering လို့ရေးသွားပါမယ် ။) စည်းကမ်းတွေက အရင်နေ့က ပြောပြီးပါပြီ ။ အဲဒီအတိုင်း ဂရုတစိုက် လိုက်နာပြီး တီးပေးပါ ။ ဒီလေ့ကျင့်ခန်းမှာ သတိထားဖို့ကတော့ လက်ချောင်း၁တီးပြီး လက်ချောင်း၂ တီးသောအခါ လက်ချောင်း၁ကို မလွှတ်ဘဲ ဆက်နှိပ်ထားဖို့ပါ ။ picking ကတော့ down-strokeပါ ။ ဒါပါပဲ ။ အိုကေ စပြီ ။

Ex – 14

Picture

Picture


လေ့ကျင့်ခန်း 15 မှာလည်း လက်ချောင်း၂တီးပြီး လက်ချောင်း၎ တီးသောအခါ လက်ချောင်း၂ကို ဆက်လက် ဖိနှိပ်ထားပါ ။ ပုံမှာပြထားတဲ့အတိုင်းပါပဲ ။ ။

Rocket Piano Book - 1 (beginner) စာအုပ် + စီဒီ

Home Learner တွေအတွက် Publishing အမျိုးမျိုးကနေ ၄င်းတို့ရဲ့ ကိုယ်ပိုင်အာဘော်တွေနဲ့ Course အမျိုးမျိုးကို ထုတ်ဝေကြတယ် ။ Rocket Piano ရဲ့ Jamorama piano စာအုပ်ကို လေ့ကျင့်ရတာ ငြီးငွေ့ဖွယ် ဖြစ်ကောင်းဖြစ်မိမယ် ။ သူက Learn and Master piano က လေ့ကျင့်ခန်းတွေလောက် မသွက်ဘူး ။ နည်းနည်းတော့ လေးတွဲတွဲနိုင်တယ် ။ ဒါပေမယ့် Rocket piano က ဒီတစ်အုပ်တည်းနဲ့ မရပ်မသွားပါဘူး ။ အခြေခံကနေ အဆင့်မြင့်အထိ တဖြည်းဖြည်း ဖြည့်တင်းပေးရင်း ဆွဲခေါ်သွားဖို့က သူ့ရဲ့ ကိုယ်ပိုင်စိတ်ကူးပါ ။ ဒီစာအုပ်မှာလည်း ပီယာနိုနဲ့ပတ်သတ်တဲ့ အခြေခံနည်းစနစ် ၊ လေ့ကျင့်ခန်း ၊ သီအိုရီတွေ အပြည့်အစုံအပြင် ... အထွေထွေဗဟုသုတတွေကိုပါ လေ့လာနိုင်ပါတယ် ။ လေ့ကျင့်ခန်းတွေကို လေ့ကျင့်သလို စာတွေကိုလည်း ဖတ်ပေးပါ ။ ငွေနဲ့တိုင်းတာလို့မရတဲ့ ပီတိတွေက ခင်ဗျားကို နှစ်သက်ကြည်နူးစေပါလိမ့်မယ် ။
စာအုပ် - Download link
စီဒီ ၁ - Download link
စီဒီ ၂ - Download link
စီဒီ ၃ - Download link
စီဒီ ၄ - Download link
စီဒီ ၅ - Download link