27 March 2015

Al Di Meola ရဲ့ Chords, Scales & Arpeggios Guide


Flying fingers လို့ တင်စားခေါ်ဝေါ်ခံရတဲ့ Al Di Meola ဆိုတာ ၊ သူ့ခေတ်အခါတုန်းက ပရော်ဖက်ရှင်နယ် ဂစ်တာသမားအချင်းချင်း လေးစားအားကျခံရတဲ့ Jazz / Fusion ဂစ်တာပညာရှင်ပါ ။ သူ့ရဲ့ကိုယ်ပိုင်နည်းစနစ်တွေနဲ့ ဒီစာအုပ်ဟာ ဂစ်တာသမားပေါင်းများစွာကို လမ်းပြပေးခဲ့ပါတယ် ။ Jazz ချစ်သူတိုင်း Al Di Meola ကိုသိသလို ဒီစာအုပ်ကို ရင်းနှီးဖူးတယ် ။ တကယ်တော့ ဂျက်ဇ်သမားမှ မဟုတ်ပါဘူး .. ရော့ခ်ဂီတသမားတွေလည်း ဂျက်ဇ်ကို လေ့ကျင့်ရတာပါပဲ ။ ဂျက်ဇ်ရဲ့ သဘောသဘာဝအရ ရှုပ်ထွေးဆန်းပြားလှတဲ့ ဟာမိုနီတွေ ဖြစ်ပေါ်ပေါင်းစပ်နေတာမို့ ... ဂီတသီအိုရီကျေညက်ချင်တဲ့ ဘယ်ဂစ်တာသမားမဆို လေ့ကျင့်သင့်တယ် ။
ဒီစာအုပ်ကို လေ့ကျင့်တဲ့အခါ စာမျက်နှာ ၁ ၊ ၂ ၊ ၃ ၊ ၄ အစဉ်လိုက် လေ့ကျင့်လို့မရပါဘူး ။ Lesson plan တစ်ခုချင်းကို ဖတ်ပြီး လေ့ကျင့်ရတာပါ ။ အကြမ်းသဘော ပြောပေးပါမယ် ။


ဥပမာ - Lessons Plan 1
- step 1 - စာမျက်နှာ ၂၄ က Form 1 chords တွေဖြစ်တဲ့ G - Gmaj7 - G7 - G6 ကို လေ့ကျင့် ။ အဲဒီ ကော့ဒ်တွေရဲ့ Root က ၆ကြိုးပေါ်က G ။ အဲဒါကို Fretboard တလျောက် Root ပြောင်း (moveable) လုပ်ပြီး လေ့ကျင့်ရပါတယ် ။ ( A ကို Root ထားလိုက်ရင် A - Amaj7 - A7 - A6 ဆိုတဲ့ ကော့ဒ်တွေ ဖြစ်လာပါတယ် ။ F# ကို Root ထားတီးရင် F# - F#maj7 - F#7 - F#6 ဆိုတဲ့ ကော့ဒ်တွေ ဖြစ်လာပါတယ် ။)
- step 2 ကနေ 9 အထိ ၊ စာမျက်နှာအသီးသီးက G နဲ့ ပတ်သတ်တဲ့ Form 1 chord တွေကို လေ့ကျင့်သွားဖို့ပါပဲ ။
- step 10 - စာမျက်နှာ ၈၀ က Jazz Chord Exercise Studies 1 ကို လေ့ကျင့်ပါ ။ Form 1 လို့ ရေးပေးထားတဲ့အတွက် ကော့ဒ်တွေကို Form 1 ပုံစံနဲ့ပဲ တီးပါ ။
- step 11 - စာမျက်နှာ ၈၅ က 12 Bar Blues Patterns တွေကို လေ့ကျင့်ပါ ။ မတီးခင်မှာ ဘာကို focus လုပ်ပြီး လေ့ကျင့်ရတယ်ဆိုတာ နားလည်အောင် .. စာမျက်နှာ ၈၄ က tip တွေကို အရင်ဖတ်ပြီးမှ လေ့ကျင့်ပါ ။ (အဓိကရည်ရွယ်ချက်က chord substitutions ကို နားလည်ပြီး improvise လုပ်နိုင်အောင်ပါ)
- step 12 - စာမျက်နှာ ၄၂ က Scale Section ကို ဖတ်ပြီး၊ စာမျက်နှာ ၄၃ က Form 1 တွေကို လေ့ကျင့်ပါ ။ Form 1 -  ၆ကြိုးက Root စထဲ့ A major scale ကို fingering A,B,C,D,E ၅ မျိုးပေးထားတယ် ။ အဲဒီ Fingering တွေကို အလွတ်ရအောင် လေ့ကျင့် ။ ပြီးရင် စာမျက်နှာ ၄၆ က လေ့ကျင့်ခန်းတွေကို fingering A နဲ့လေ့ကျင့် ။ ပြီးရင် တခြား fingering တွေနဲ့ ထပ်လေ့ကျင့်ပါ ။
- step 13 - စာမျက်နှာ ၆၂ ကို အရင်ဖတ်ပြီး စာမျက်နှာ ၆၃ က Arpeggios တွေကို လေ့ကျင့်ပါ ။

*** အကျဉ်းချုပ်ပြောရင် Form 1 ဆိုရင် ၊ Form 1 နဲ့ ပတ်သတ်တာကို တအုပ်လုံး လေ့ကျင့်ဖို့ပါ ။ ပြီးမှ Form တစ်ခုပြီးတစ်ခု ၊ Lessons plan တစ်ခုပြီးတစ်ခု ထပ်လေ့ကျင့်ရပါတယ် ***
Lessons plan တွေသာမကပါဘူး ။ ဂစ်တာသမားကောင်းတစ်ယောက်ဖြစ်ဖို့ အကြံပေး လမ်းညွှန်ချက်တွေလည်း အများကြီး ရေးပေးထားပါတယ် ။ အချိန်ပေး အားစိုက်ပြီး လေ့လာကြည့်လိုက်ပါ ။

စာအုပ်ဒေါင်းရန် - Download Link

No comments:

Post a Comment