31 March 2015

အခြေခံဂီတသီအိုရီ - ၁၁

Chord
A Chord is defined as three or more notes played at the same time.
Chord ဆိုတာ တပြိုင်တည်းတီးခတ်ရတဲ့ နုတ်၃လုံး (သို့) ၃လုံးထက်ပိုတဲ့ နုတ် ၊ အသံ အစုအဝေး ပါ ။ Chord ကို ဂစ်တာ ၊ ပီယာနို ကဲ့သို့ တူရိယာများသာမက လေမှုတ်တူရိယာအဖွဲ့ ၊ Choir အဖွဲ့များဖြင့်လည်း တီးမှုတ်သီဆို နိုင်တယ် ။ Chord မှာ ပါဝင်တဲ့ interval များဖြင့် chord အမျိုးအစား ခွဲခြား ၊ အမည်ပေး ပါတယ် ။

Chord အမည် ၊ အမျိုးအစားသတ်မှတ်ခြင်း
Chord တစ်ခုမှာ အမည် ၂မျိုး ရှိတယ် ။ ၄င်းတို့မှာ- Roman numeral (ရောမဂဏန်း) နှင့်  Letter name (အက္ခရာအမည်) ။ အမည်၂ခုလုံးမှာ ၄င်းတို့နဲ့သက်ဆိုင်တဲ့ သင်္ကေတ ၊ အတိုကောက် အမှတ်အသားများဖြင့် chord အမျိုးအစား ခွဲခြားနိုင်ပါတယ် ။

Roman numeral (ရောမဂဏန်း) အမည်က .. ၄င်း chord တည်ဆောက်ထားတဲ့ scale ရဲ့ degree အရ အမည်ပေးထားခြင်း ဖြစ်ပြီး ၊
Letter name (အက္ခရာအမည်) ကတော့ chord ရဲ့ Root note ကို မူတည်ပြီး အမည်ပေးတာပါ ။ 
အပေါ်ပုံထဲမှာ တွေ့တဲ့အတိုင်း upper case ဂဏန်းအကြီးများက Major ကို ကိုယ်စားပြုပြီး ၊ Lower case ဂဏန်းအသေးများက minor ကို ကိုယ်စားပြုပါတယ် ။ diminished ကိုလည်း lower case နဲ့ ရေးပါတယ် ။ Chord ရဲ့ letter name တွေကိုတော့ Capital letter စာလုံးကြီးနဲ့ပဲ ရေးပါတယ် ။

Triad
Triad or Three Note Chord consists of three sounds, namely : the Root or Fundamental, together with its Third and Fifth.
 
Triad ဆိုတာ နုတ်၃လုံးပါဝင်တဲ့ chord တစ်ခုပါ ။ တနည်းအားဖြင့် နုတ်၃လုံးပါဝင်တဲ့ interval အစုအဝေး တစ်ခုပါ ။ (Tri ဆိုတာ “၃“ ကို  ပြောခြင်းပါ။) Triad တစ်ခုကို Root, Third, Fifth ဆိုတဲ့ interval များ ဖြင့် ဖွဲ့စည်းထားတယ် ။ Triad တစ်ခုကို ရေတွက်တဲ့အခါ Root ကစပြီး အထက်သို့ ရေတွက်ပါတယ် ။ ဥပမာ-၁ မှာ ပေးထားတဲ့ C Major triad ကို ကြည့်ပါ ။ C – E – G (Root, Third, Fifth) ဆိုပြီး အစဉ်လိုက် ရေတွက်ရတယ် ။

Diatonic Triads
Triad များကို လက်တွေ့တည်ဆောက်ဖို့ C major scale ကို ရေးချလိုက်ပါ ။
C major scale ရဲ့ degree တိုင်းမှာ third နဲ့ fifth interval များကို ထပ်ပေါင်းထည့်လိုက်ပါ ။ 
ဒါက C Major diatonic scale ပေါ်မှာ အခြေပြုကာ ရေးသားထားတဲ့ Triad များဖြစ်ပါတယ် ။ ထို့ကြောင့် ၄င်းတို့ကို diatonic triads လို့ခေါ်ပါတယ် ။ ထို triads များတွင်ပါဝင်သော interval များမှာ -

  • I တွင် Root, Major 3rd, Perfect 5th
  • ii တွင် Root, minor 3rd , Perfect 5th
  • iii တွင် Root, minor 3rd, Perfect 5th
  • IV တွင် Root, Major 3rd, Perfect 5th
  • V တွင် Root, Major 3rd, Perfect 5th
  • vi တွင် Root, minor 3rd, Perfect 5th
  • vii တွင် Root, minor 3rd, diminished 5th တို့ပါဝင်ပါတယ် ။

vii မှအပ I to vi အထိ triad များအားလုံး perfect 5th ပါဝင်ပါတယ် ။ vii triad မှာ ပါဝင်တာကတော့diminished fifth ပါ ။ အဲဒီ diminished fifth ပါဝင်တဲ့အတွက်ကြောင့် diminished triad လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ် ။
Diatonic Triads များရဲ့အစီအစဉ်များမှာ Major, minor, minor, Major, Major, minor, diminished ဟူ၍ ဖြစ်ပါတယ် ။ မည်သည့် Major scale/key မဆို ဒီအစီအစဉ်အတိုင်းပါပဲ ။ အတိုကောက် မှတ်သားရင် I, IV ,V က Major , ii, iii, vi က minor , vii က diminishedဖြစ်ပါတယ် ။

နောက်ထပ် 1sharp key နှင့် 1flat keyတို့ရဲ့ triad chord များကို ကြည့်လိုက်ပါ ။

G Major triads
(G major scale မှာ 1 sharp ပါဝင်တဲ့အတွက် Triads တွေကို ပိုမြင်သာအောင် .. အောက်ကပုံ Example-4 မှာ ထပ်ရေးပြထားပါတယ် ။)

F Major triads
(F major scale မှာ 1 flat ပါဝင်တဲ့အတွက် Triads တွေကို ပိုမြင်သာအောင် .. အောက်ကပုံ Example-5 မှာ ထပ်ရေးပြထားပါတယ် ။)

ဒါတွေဟာ Major scale/key တစ်ခုမှာ ပါဝင်တဲ့ triad chords တွေပါပဲ ။ Diatonic triads တွေကို ကျေညက်ဖို့ Major scale/key အားလုံးရဲ့ Triads များကို ကိုယ်တိုင်ရေးချပြီး ၊ တီးခတ်လေ့ကျင့်လိုက်ပါအုံး ။

ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)

1 comment:

  1. luckyclub.live Casino Site - Lucky Club
    Lucky Club is the newest online casino, featuring over 100 of the most popular casino games available online. Play more than 1500 카지노사이트luckclub slots, table games,

    ReplyDelete