ဂစ်တာသမားတစ်ယောက်ဖြစ်ဖို့ ... ဘယ်လိုလေ့ကျင့်မလဲ .. ဘာတွေလေ့ကျင့်ရမလဲ ... ဘယ်လောက်လေ့ကျင့်မလဲ ... တွေဝေဖို့ အချိန်မရအောင်ကို ... ဒီသင်ခန်းစာတွေက လေ့ကျင့်ခန်း ၁ ကစပြီး အဆုံးအထိ ... ခင်ဗျားကို ဆွဲခေါ်သွားပါလိမ့်မယ် ။ Frank Gambale ရဲ့ Chop Builder Lessons ဟာ ... ဂစ်တာသမားတိုင်း လေ့ကျင့်သင့်တဲ့ အလွန်ကို စနစ်ကျတဲ့ လေ့ကျင့်ခန်းတွေပါ ။ *** လုံးဝကို လေ့ကျင့်ရပါမယ် *** နေ့စဉ်လေ့ကျင့်ရမယ့် daily plan လည်း ဖြစ်သလို ၊ Scales မျိုးစုံအပြင် ၊ mode , Interval , string skipping , sweeping , H-O . P-O တက်ကနစ်မျိုးစုံပါဝင်ပါတယ် ။ mode တွေ လေ့ကျင့်ပုံကို လမ်းညွှန်ပေးထားတာလည်း တကယ်ကို ကောင်းပါတယ် ။ အကောင်းဆုံးကတော့ စာအုပ်ကြည့်ပြီးလေ့ကျင့် ၊ ပြီးရင် ဗီဒီယိုဖိုင်လေးဖွင့်ပြီး သူနဲ့အတူ လိုက်တီးကြည့်ပါ ။ ဂစ်တာလေ့ကျင့်တဲ့အချိန်မှာ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ F.G က ကိုယ်တိုင်လမ်းပြပေးထားတယ် ။ လေ့ကျင့်ခန်းတွေတီးနေတုန်း ခင်ဗျားတို့ အိပ်ငိုက်မှာစိုးလို့ ထင်ပါရဲ့ ။ ဣတ္ထိယလေးတွေနဲ့ ဖျော်ဖြေပေးထားသေးတယ် ။ ဒီမှာ ... ခင်ဗျားရဲ့ စိန်ခေါ်မှုသစ်တွေကို စတင်နိုင်ဖို့ ...
စာအုပ် -
Download Link
အသံဖိုင် -
Download Link
ဗီဒီယိုဖိုင် -
https://www.youtube.com/watch?v=l-HOyCCmU3Y&list=PLrqh0RHZ04daXfYutz-5Vsaj7Size2uU3
( Youtube playlist အနေနဲ့ ဗီဒီယို ၁၄ ဖိုင်ခွဲပြီး တင်ပေးထားပါတယ် )
No comments:
Post a Comment