29 March 2015
Hip-Hop စာအုပ်တစ်ချို့ .....
ဟစ်ဟော့စာအုပ် လိုချင်သူတွေအတွက် တင်ပေးလိုက်ပါတယ် ။ Hip-Hop History စာအုပ်တွေ, DVDတွေ , software တွေပေါသလောက် Instructional စာအုပ်ကျတော့ (အလကားရတာ) ရှားတယ် ။ How to Rap တစ်အုပ်ပဲ ရှာလို့ရပါတယ် ။ စောင့်ရတာ ကြာသွားတဲ့အတွက် ဆောရီးပါ ။
hip hop အကြောင်းတော့ သိပ်မသိဘူးဗျ ။ ဒါပေမယ့် ထုံးစံအတိုင်း မျက်ကန်းတစ္ဆေမကြောက် လျှာရှည်ရအုံးမှာပေါ့ :P
အင်တာဗျူးတစ်ခုမှာ Guthrie Govan ပြောခဲ့ဖူးတယ် ....
" Progressive Rock, Death Metal, Bluegrass ... ဆိုတာတွေက ခွဲခြားသတ်မှတ်ချက်တစ်ခုပါ ... ကျွန်တော်သိတဲ့ ဂီတအမျိုးအစား ၂မျိုးပဲ ရှိတယ် .. အဲဒါ ... Good Music နဲ့ Bad Music ပါ " ... တဲ့ ...
အဲဒါအမှန်ပဲ ။ Hip-hop မှ မဟုတ်ဘူး ... ဘယ်ဂီတအမျိုးအစားမဆို Good Music နဲ့ Bad Music ရှိတယ် ။ ဘယ်သူမဆို Good Music ဆိုရင်တော့ ဂီတအမျိုးအစားမရွေး သီချင်းမရွေး လာထားပဲ ။ ကိုယ့်စိတ်ကို entertainment မပေးနိုင်တဲ့ Bad Music မျိုးတော့ ဘယ်သူမှ စိတ်ဒုက္ခခံပြီး ဝဋ်ကြွေးပေးဆပ်နေရသလို နားမထောင်ဘူး ။ နားထောင်သူတွေမှာ ရွေးချယ်ခွင့်ရှိတဲ့အတွက် အကြောင်းမဟုတ်ပေမယ့် ဖန်တီးသူအတွက်တော့ တာဝန်ရှိတယ် ။ ခင်ဗျား ဘယ်ဂီတကိုရူးသွပ်တယ် ဖန်တီးချင်တယ်ဆိုတာ အရေးမကြီးဘူး ... ခင်ဗျားဖန်တီးတဲ့ဂီတဟာ ကောင်းမွန်ဖို့ပဲ လိုအပ်တယ် ။
့hip hop သီချင်းကောင်းတစ်ပုဒ် ဖြစ်လာဖို့လည်း အကြောင်းတရားမျိုးစုံ လိုအပ်တယ် ။ စက်ပစ္စည်းနဲ့ ကွန်ပျူတာအပိုင်းကို ဖယ်လိုက်မယ်ဆိုရင် ... Rhymes, Rhythms & accents တွေဟာ ဟစ်ဟော့ရဲ့ ပင်မဒေါင်တိုင်တွေပဲ ။
- Rhymes (ကာရန်)အတွက် စိတ်ကူး ၊ စကားလုံးရွေးချယ်မှုကောင်းဖို့ ... ကဗျာစွမ်းရည်လိုအပ်တယ် ။ အသံနဲ့ကာရန်သဘောကို သိရင် ဟစ်ဟော့ဖလိုးတွေကို ဖန်တီးရလွယ်ကူသွားမယ် ။ နိုင်ငံခြားစာအုပ်တွေမှာ သူတို့ဘာသာအတွက် ရွေးချယ်ပေးထားတဲ့ Rhymes တွေက ... မြန်မာတစ်ယောက်အတွက် အဆင်မပြေပါဘူး ။ အဲဒီတော့ မြန်မာကဗျာကိုပဲ လေ့လာသင့်တယ် ။ မြန်မာကဗျာအကြောင်း လေ့လာချင်ရင် ကိုဟယ်ရီလွင်ရဲ့ ဘလော့ကို သွားလိုက်ပါ ။
http://harrylwin.blogspot.com/
- Rhythms (ကော့ဒ်ကိုင်ပြီး တဗျန်းဗျန်းတီးရတဲ့ ရစ်သမ်ကိုပြောတာ မဟုတ်ပါဘူး ။ နရီစည်းချက်ကို ပြောတာပါ) ။ Rapping အများစုက semi-quaver rhythm နဲ့ သွားကြတာ များတယ် ။ အဲဒီ semi-quaver rhythm မှာ triplet , odd rhythm (မ) လိုမျိုး ဖောက်ထည့်ပေးလိုက်ရင် ၊ flow ကြွတက်ပြီး ရသဆန်းပြားလာတယ် ။ beating ဆော့ ၊ လိုက်ဖက်မယ့် synthesizer သံဆန်းတစ်ခု သင့်တော်အောင် ထပ်ပေါင်းထည့်ပေးလိုက်လို့ကတော့ အဲဒီနေရာဟာ နားထောင်သူရင်ကို စွဲငြိစေတဲ့ (hook) ချိတ်တစ်ခု ဖြစ်သွားတယ် ။ အဲဒါကြောင့် ဟစ်ဟော့ flowကောင်းတွေကို ဖန်တီးချင်ရင် Rhythm ကျေညက်အောင် လေ့ကျင့်ပါ ။ Rhythm ကျေညက်ဖို့ တူရိယာတစ်ခုကို လေ့ကျင့်တာ အကောင်းဆုံးပဲ ။ အလွယ်ဆုံးဆိုရင်တော့ drum pad တစ်ခုနဲ့ snare drum လေ့ကျင့်ခန်းတွေ လေ့ကျင့်သင့်ပါတယ် ။
- accents
Accent ဟာ Rhythm ရဲ့ အသက်ပဲ ။ Rhythm ကို လုံးလုံးလျားလျား အားပြုထားတဲ့ ဟစ်ဟော့ flow ရဲ့ အသက်ကလည်း accent ပါပဲ ။
" ခွက်စုတ်လေးနဲ့ ပတ်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ " ... ကို accent မထည့်ဘဲ တန်းတန်းကြီးဆိုကြည့်ပါ ။ ဟာတာတာ ပေါတောတောကြီး ခံစားရလိမ့်မယ် ။ အဲဒါကိုပဲ ... "ခွက်" နဲ့ "ပတ်" မှာ accent ထည့် ၊ အမူအယာပါထည့် ။ "ရီ" "ရီ" ၂နေရာမှာလည်း accent ထည့် ၊ အမူအယာပါထည့်ပြီး ... လူတစ်ယောက်ရှေ့မှာ သွားဆိုကြည့်စမ်းပါ ။ နားထောင်နေတဲ့သူ ထထိုးချင်စိတ်ပေါက်အောင် ရသမြောက်သွားတယ် ။ အဲဒါပဲဗျ ... accent ရဲ့ တန်ခိုးက ။ :)
နောက်ထပ် အရေးအကြီးဆုံးကတော့ Breathing control ပဲ ။ တံတောင်နဲ့ လက်ကောက်ဝတ်ကိုကောက် ၊ ပရိသတ်ကို လက်၅ချောင်းထိုးပြီး ... အသက်ရှူရပ်လောက်တဲ့ hip hop flow တွေကို သီဆိုချင်တယ်ဆိုရင်တော့ ... ခင်ဗျားကိုယ်တိုင် အသက်ရှူရပ်မတတ် အရင်လေ့ကျင့်ရမယ် ။ ဘယ်လိုလေ့ကျင့်ရမလဲ စိတ်ပူမနေပါနဲ့ ။ အခုတင်ပေးလိုက်တဲ့ How to Rap စာအုပ်မှာ အကုန်ပါတယ် ။ studio , performance ပိုင်းတွေတောင် ပါသေးဗျာ ။
ကျွန်တော်တို့ဘဝမှာ ဖိစီးမှုတွေ မွန်းကျပ်မှုတွေ များလာတဲ့အခါ Blowin' in the wind, Hey Jude , Let it be , No Woman No Cry ,Time of your life, Never gonna stop, Nothing Else Matter , Left Behind, Wait and Bleed, I'm not afraid, If I don't ... ဂီတမျိုးစုံက သီချင်းမျိုးစုံရှိတယ် ။ အဲဒါတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ခရီးဆက်နေကြရတာ မဟုတ်လား ။ ရန်ဖြစ်သလို ၊ ပေါက်ကွဲဖွင့်ထုတ်နေတဲ့ ဟစ်ဟော့သီချင်းတွေရှိသလို ၊ ဘဝအတွက် inspiration ပေးနိုင်မယ့် ရိုးသားစွာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဟစ်ဟော့သီချင်းကောင်းလေးတွေလည်း နားထောင်ဖို့ .. မျှော်လင့်နေရင်း ... စောင့်စားနေရင်း ....
How to Rap - Download Link
Book of Rhymes - Download Link
Icons of Hip Hop - Download Link
That's the Joint! - Download Link
Subscribe to:
Post Comments (Atom)
Thank you,to explain to us
ReplyDelete