Warm-up
warm-up နောက်တစ်မျိုးနှင့် စလိုက်ရအောင် ။ (နောက်ပိုင်းတွင် Fingering လို့ရေးသွားပါမယ် ။) စည်းကမ်းတွေက အရင်နေ့က ပြောပြီးပါပြီ ။ အဲဒီအတိုင်း ဂရုတစိုက် လိုက်နာပြီး တီးပေးပါ ။ ဒီလေ့ကျင့်ခန်းမှာ သတိထားဖို့ကတော့ လက်ချောင်း၁တီးပြီး လက်ချောင်း၂ တီးသောအခါ လက်ချောင်း၁ကို မလွှတ်ဘဲ ဆက်နှိပ်ထားဖို့ပါ ။ picking ကတော့ down-strokeပါ ။ ဒါပါပဲ ။ အိုကေ စပြီ ။
Ex – 14
လေ့ကျင့်ခန်း 15 မှာလည်း လက်ချောင်း၂တီးပြီး လက်ချောင်း၎ တီးသောအခါ လက်ချောင်း၂ကို ဆက်လက် ဖိနှိပ်ထားပါ ။ ပုံမှာပြထားတဲ့အတိုင်းပါပဲ ။ ။
Ex – 15
E x - 16
* လေ့ကျင့်ခန်းအားလုံးမှာ ရှေ့လက်ချောင်းကိုတီးပြီးတိုင်း မလွှတ်ဖို့ပါပဲ ။ အရေးကြီးလွန်းလို့ အထပ်ထပ် သတိပေးနေတာပါ ။ အဲဒီအတိုင်း တသွေမတိမ်း ကျင့်သွားရင် ခင်ဗျားတို့ရဲ့ လက်ချောင်းတွေဟာ ပိရိသေသပ်ပြီး အသံထွက်ကောင်းတဲ့ ဂစ်တာသမားတစ်ယောက် ဖြစ်လာမှာပါ ။ တိုးတက်မှုလည်း မြန်ဆန်ပါလိမ့်မယ် ။
Rhythm Section
မနေ့က ကော့ဒ်နှစ်ခုကိုပြန်တီးပါမယ် ။ ရေးနည်းပုံစံပြောင်းသွားပါပြီ ။ staff-note ကိုနားလည်ပြီ ဆိုတော့ staff notation ဖြင့် Rhythm တီးပါမယ် ။
Ex – 17
အဆင်ပြေမယ်ထင်ပါတယ် ။ ရိုက်ချက် (strum)တွေကို Quarter note ဖြင့်ဖော်ပြထားပါတယ် ။ Rhythm ကိုရေးတဲ့အခါ နုတ်အသံကို မဖော်ပြဘဲ ရိုက်ချက်ကိုသာ ဖော်ပြတာကြောင့် နုတ်ခေါင်းကို အလွယ်သဘောနဲ့ ခပ်ပြားပြားပုံစံ ရေးထားပါတယ် ။ ကော့ဒ်တစ်ခုကို ၂ဘားစီ တီးထားပါတယ် ။
Ex – 18
Ex – 19
ကော့ဒ်တစ်ခုကို ဘားဝက်စီ တီးထားတာပါ ။ စည်းချက် 1-2တွင် C , စည်းချက် 3-4တွင် G7 , ရှေ့ဆုံးဘားမှာ ပိုင်းခြားပြထားပါတယ် ။ နောက်တစ်မျိုးလောက် အားပေးလိုက်ပါအုံးးး
Ex – 20
နောက်ဆုံးဘားမှ half note strum ကိုသတိထားပါ ။ beat3 စည်းချက်၃မှာ တီးပြီး beat4 စည်းချက်၎ကို ထပ်မတီးတော့ဘဲ စည်း၂ချက်ဆွဲထားရပါမယ် ။
ဒီနေ့အတွက် Rhythm section ပြီးပါပြီ ။
၂ကြိုးပေါ်မှ နုတ်များ
မနေ့က ၁ကြိုးပုံစံအတိုင်းပါပဲ ။ ဒီနေ့တီးမယ့် နုတ်တွေကတော့ -
စည်းကမ်းတွေ သိနေပြီဖြစ်လို့ အာလူးမဖုတ်တော့ပါဘူး ။ စလိုက်ရအောင်ဗျာ …. ။ အောက်က လေ့ကျင့်ခန်းတွေ ၊ နောက်ထပ် လေ့ကျင့်ခန်းတွေမှာ လက်ညိုးဆက်နှိပ်ထားဖို့ မရေးတော့ပါဘူး။ သိနေပါပြီနော်…။
စည်းကမ်းတွေ သိနေပြီဖြစ်လို့ အာလူးမဖုတ်တော့ပါဘူး ။ စလိုက်ရအောင်ဗျာ …. ။ အောက်က လေ့ကျင့်ခန်းတွေ ၊ နောက်ထပ် လေ့ကျင့်ခန်းတွေမှာ လက်ညိုးဆက်နှိပ်ထားဖို့ မရေးတော့ပါဘူး။ သိနေပါပြီနော်…။
Ex – 21
Ex – 22
Ex – 23
Ex – 24
Ex – 25
Ex – 26
Ex – 27
Ex – 28
PLAN-2 ရဲ့သင်ခန်းစာတွေပြီးသွားပြန်ပါပြီ ။ ခင်ဗျားတို့ရဲ့ တိုးတက်မှုကို ဇယားလေးနဲ့ကြည့်လိုက်ပါအုံး ။ ဒီ Plan-2 ကို ကျေညက်ပြီ ဆိုရင် Plan-3 ကို ဆက်သွားနိုင်ပါပြီ ။
No comments:
Post a Comment