မှန်ကန်တဲ့ လက်ကောက်ဝတ်ထိန်းကျောင်းပုံ
ဒီလေ့ကျင့်ခန်းတွေရဲ့ အဓိကသော့ချက်က လက်ကောက်ဝတ် အထားအသို ၊ လှုပ်ရှားပုံပါ ။ အနီးစပ်ဆုံးက စာရေးခြင်း ဥပမာပါပဲ ။ စားပွဲပေါ်က စာရွက်တစ်ရွက်မှာ ဘောပင်ကိုင်ပြီး စာရေးတဲ့အခါ လက်ကောက်ဝတ်ကို သတိထားကြည့်ပါ ။ ဘောပင်ကို လိုရာထိန်းကျောင်းနိုင်ဖို့ လက်ကောက်ဝတ်က စားပွဲမှာ ဒေါက်တိုင်အဖြစ် ထောက်ထားတာ တွေ့ရလိမ့်မယ် ။ တစ်ခါ .. လက်ကောက်ဝတ်ကို ဒေါက်တိုင်အဖြစ် မထောက်ဘဲ လေထဲမှာထားပြီး စာရေးကြည့်ပါ ။ ဘောပင်ကို ထိန်းကျောင်းရ ခက်ခဲတာကို တွေ့ရလိမ့်မယ် ။ အဲဒီ ဥပမာလိုပဲ ။ ဘောပင်ထိပ်ဖျားက စာတစ်လုံးရေးတာနဲ့ ၊ ဂစ်တာလက်ခတ်ထိပ်ဖျားက နုတ်တစ်လုံးကို တီးတာ ... လက်ကောက်ဝတ်ထိန်းကျောင်းမှု သဘောတရားချင်း အတူတူပါပဲ ။ up stroke မှာလည်း လက်ကောက်ဝတ်လှုပ်ရှားမှုက အရေးကြီးပါတယ်
လေ့ကျင့်ခန်း-၁
ဒီလေ့ကျင့်ခန်းကို up stroke တစ်မျိုးတည်းဖြင့် လက်ကောက်ဝတ်အနေအထား မှန်ကန်တဲ့အထိ အကြိမ်ပေါင်းများစွာ တီးရပါတယ် ။ လေ့ကျင့်တဲ့အခါ မျက်လုံးမှိတ်ပြီး လက်ကောက်ဝတ်ကို အာရုံပြုသတိထားပေးပါ ။ လက်ကောက်ဝတ်ကို လေထဲမှာထားပြီး စားပွဲပေါ်ကစာရွက်မှာ ဘောပင်နဲ့စာရေးတဲ့ sense မျိုး ဖြစ်အောင် တီးရပါမယ် ။ ( လက်ကောက်ဝတ်ကို ဒေါက်တိုင်အဖြစ်ထားတယ်ဆိုတာ ထိန်းကျောင်းတာကို ပြောတာပါ ။ ဂစ်တာကြိုးပေါ် ၊ bridge ခုံပေါ်မှာ မီထားဖို့ ၊ တင်ထားဖို့ ပြောတာ မဟုတ်ပါ ) ***ဒီလေ့ကျင့်ခန်းဟာ ဖောင်ဒေးရှင်းပါ ။ အကြိမ်ပေါင်းများစွာ လေ့ကျင့်ပေးပါ***
လေ့ကျင့်ခန်း-၂
ဒီလေ့ကျင့်ခန်းမှာ ၃ကြိုးကိုတဖြတ် လက်ကောက်ဝတ်နဲ့အတူ လက်ဖျံတစ်ချောင်းလုံး မသိမသာ ရွေ့လျားသွားပါတယ် ။ စာရေးတဲ့အခါ စာလုံး ၄၊၅လုံး ရောက်တဲ့အခါ လက်ရွေ့သွားတဲ့ ဥပမာမျိုးပါပဲ ။ သဘောပေါက် အသားကျလာတဲ့အခါ ၄၊၅၊၆ကြိုးပေါ်မှာတီးရတာ ၊ ၁ ၊၂၊၃ကြိုးမှာ တီးခဲ့သလိုပဲ ကွာခြားမှုမရှိတာ တွေ့ရလိမ့်မယ် ။
လေ့ကျင့်ခန်း-၃
လေ့ကျင့်ခန်း-၁ နဲ့ ၂ က အဓိကပါ ။ အဲဒီ ၂ခု အိုကေပြီဆိုရင် ခင်ဗျားတို့ကြိုက်တဲ့ Etudeတွေ ၊ patternတွေ ချဲ့ပြီးတီးသွားလို့ရတယ် ။ အောက်မှာ နမူနာတစ်ပုဒ် လုပ်ပြထားပါတယ် ။
လေ့ကျင့်ခန်း-၄ (Spanish Romance)
***up stroke ကောင်းဖို့ လျှို့ဝှက်ချက်***
ခင်ဗျားတို့ တီးခဲ့ဖူးသမျှ စကေးတွေ ၊ လေ့ကျင့်ခန်းတွေအားလုံး up stroke နဲ့ စတီးပြီး ထပ်လေ့ကျင့်ပါ ... (Y) လေ့ကျင့်ခန်းအားလုံးကို alternate picking (down,up,down) (up,down,up) တွေနဲ့ ထပ်ပြီး လေ့ကျင့်လည်း ပိုကောင်းပါတယ် ။
ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)
No comments:
Post a Comment