ဘယ်လိုလေ့ကျင့်မလဲ ...
အထိရောက်ဆုံးနဲ့ ခပ်တိုတိုအကြံပေးရရင် "များများလေ့ကျင့်" ပေါ့ဗျာ ။ ဒါပေမယ့်လည်း ... " ကျွန်တော် ၁နှစ်လောက် ကျားကုတ်ကျားခဲလေ့ကျင့်ပြီးပြီ ။ ခုထိ သိပ်ပြီးတော့ အားမရဘူး " ဆိုတဲ့ ဂစ်တာသမားတွေက ခင်ဗျားတို့နဘေးမှာ ဒုနဲ့ဒေး ။ တော်တော့်ကို ဒုဒေးတာပါ ။ ဒီလောက် လေ့ကျင့်ရဲ့သားနဲ့ ခရီးမရောက်ဘူးဆိုရင် ... တစ်ခုခုတော့ လွဲမှားနေပြီပေါ့ ။ ဘာတွေမှားလဲ ... အဖြေရှာကြည့်ရပါမယ် ။
ဂစ်တာ ၊ ဘင်ဂျို ၊ မယ်ဒလင် ၊ တယော ... စတဲ့ တူရိယာတွေဟာ ... နုတ်တစ်လုံးအသံထွက်ဖို့ ဘယ်၊ညာလက်နှစ်ဖက်ကို တပြိုင်တည်း အသုံးပြု တီးခတ်ရပါတယ် ။ အကယ်၍ ... ဘယ်လက်က နုတ်ကိုမဖိရသေးခင် ညာလက်က အရင်တီးမိရင် ... မှားတယ် (bad note) ။ ဘယ်လက်က နုတ်ကိုဖိထားပြီ . ညာလက်က နောက်ကျမှ တီးမိတယ်ဆိုရင်လည်း ... မှားပါတယ် (bad timing) ။ လက်နှစ်ဖက်ဟာ အမေးအယူမျှတစွာ Balance ဖြစ်နေရပါမယ် ။
သာမာန်အားဖြင့် ... ဘယ်လက်က ညာလက် မတိုင်မီ အရင်ကြိုရောက်နေလေ့ ရှိတယ် ။ ဒါက သဘာဝဖြစ်စဉ်တစ်ခုပါ ။ ပြဿနာတစ်ခုတော့ မဟုတ်ဘူး ။ ကျွန်တော်တို့ သိထားဖို့ ၊ ဂရုပြုဖို့က ... ဘယ်လက်က နုတ်တစ်ခုမှ တစ်ခုကို ကူးပြောင်းချိန် ... ညာလက် မတီးခတ်မီအချိန်မှာ ... အင်မတန်တိုတောင်းတဲ့ silence တွေ ဖြစ်ပေါ်နေတယ် ။ တိုတောင်းလွန်းတဲ့အတွက် သတိမပြုမိ ကြပါဘူး ။ period of silence လို့ ခေါ်ပါတယ် ။ နုတ်တစ်လုံးမှ နုတ်တစ်လုံး ကူးပြောင်းခိုက် ၊ အဲဒီ မသိသာမထင်ရှားတဲ့ ကာလလေးက ... ခင်ဗျားရဲ့ ဂစ်တာသမားလက်ကို အဆုံးအဖြတ်ပေးတယ်ဆိုရင် ... ခင်ဗျား ယုံပါ့မလား .... ဒါမှမဟုတ် ... အံ့သြကောင်းအံ့သြမလား ...
တကယ်တော့ ... ဂစ်တာအမြန်တီးခြင်းဆိုတာ .. အဲဒီ ... period of silence ကို လျော့နိုင်လောက် လျော့ချပစ်ခြင်းပါပဲ ။
ဒါကို အခြေခံကတည်းက သင်ကြားခဲ့ကြတာပါ ။ သတိမထားမိကြလို့ပါ ။ ရစ်သမ်ဂစ်တာတီးခတ်ရင်တောင် ကော့ဒ်အကူးအပြောင်းမှာ စည်းချက်အတိုင်း တန်ဖိုးအတိုင်း ကွက်တိ တီးခတ်ရပါတယ် ။ ဥပမာ - ll A - - - l D - - - ll ကို တီးခတ်တယ် ဆိုပါတော့ ။ A ကနေ D ကို ကူးပြောင်းတဲ့အခါ ဒုတိယဘားရဲ့ ပထမစည်းချက်ရောက်မှ ၊ A ကိုလွှတ်ပြီး D ကို ချက်ချင်း သွက်လက်စွာ ကူးပြောင်း တီးခတ်ရပါတယ် ။ (ကောဒ့်အကူးအပြောင်းတွေကို သပ်ရပ်ချောမွေ့အောင် , Tension မရှိအောင် လေ့ကျင့်ရပါတယ်) ။ အများစုက A ကို တန်ဖိုးအပြည့်မတီးခတ်ဘဲ ၊ နံပါတ် ၄ စည်းချက် (သို့) အကြွမှာ လက်ကို ကြိုလွှတ်လေ့ရှိတယ် ။ အဲဒီ .. ကော့ဒ်အကူးအပြောင်းတွေကို ကြည့်ခြင်းဖြင့် .. ဒီဂစ်တာသမားဟာ စနစ်တကျ လေ့ကျင့်ခဲ့လား ... မလေ့ကျင့်ခဲ့ဘူးလား ... ဆိုတာ သိသာနေပါပြီ ။ အဲဒီ ကော့ဒ်တွေနေရာမှာ ... နုတ်တစ်လုံးခြင်းကို ဥပမာထားလိုက်ရင် ... period of silence ဟာ ဘယ်လောက်အရေးကြီးကြောင်း ... ထင်ရှားလာတယ် ။
အနှေးဆုံးနဲ့လေ့ကျင့်
ဒီစကားကို ... ဂစ်တာသမားတိုင်း ၊သင်တန်းတိုင်း ၊ ဆရာတိုင်း ၊ စာအုပ်တိုင်းက ... ခဏခဏပြောလွန်းလို့ ခင်ဗျားငြီးငွေ့လောက်ပြီ ထင်ပါရဲ့ ။ ဒါပေမယ့်လည်း ... ဒီစကားက Universal Truth ပါ ။ Intermediat ဂစ်တာသမားတစ်ယောက်အနေနဲ့ Beginner လောက်တော့ နှေးစရာမလိုဘူးပေါ့ ။ နို့မို့ သိပ်နှေးလွန်းရင်လည်း ခင်ဗျားကို အလွယ်တကူ ငြီးငွေ့စေလိမ့်မယ် ။ ဒါဆိုရင် ... အနှေးလေ့ကျင့်ရတဲ့ ရည်ရွယ်ချက်က .... ဘာလဲ .... ???
"Practice makes Perfect." လို့ ဆိုကြတယ် ။ ဒါဟာ တကယ်ထိရောက်တယ်ဆိုရင် ... " ကျွန်တော် ၁နှစ်လောက် ကျားကုတ်ကျားခဲလေ့ကျင့်ပြီးပြီ ။ ထင်သလောက် အားမရဘူး " ဆိုတဲ့ ဂစ်တာသမားတွေ ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူးဗျ ။ အမှန်အားဖြင့် ... Practice တိုင်း Perfect မဖြစ်ပါဘူး ။ " Perfect Practice makes Perfect." ပါ ။ ကောင်းမွန် ပြီးပြည့်စုံတဲ့ လေ့ကျင့်ခြင်းကသာ .. ခင်ဗျားကို အကျိုးများစေမှာပါ ။ ကောင်းမွန် ပြီးပြည့်စုံတဲ့ လေ့ကျင့်ခြင်းဆိုတာ ... စနစ်ကျပြီး အမှားကင်းတဲ့ လေ့ကျင့်ခြင်းကို ဆိုလိုတာပါ ။
သိထားသင့်တာက ... ကျွန်တော်တို့ဦးနောက်ရဲ့ မှတ်ယူပုံ အလုပ်လုပ်ပုံပါ ။ တူရိယာတစ်ခုကို လေ့ကျင့်နေတဲ့အချိန်မှာ ... ဦးနောက်က ခင်ဗျားတို့ တီးခတ်နေသမျှ ... hand positon , note , movement , tone , techniques ... စတာတွေကို အသေးစိတ် မှတ်သားနေပါတယ် ။ ခင်ဗျားက worng note တွေတီးရင်လည်း ... သူက wrong note တွေ မှတ်ထားမှာပဲ ။ bad movement တွေတီးရင်လည်း bad movement တွေ မှတ်ထားပေးမှာပါပဲ ။ နောင်တစ်ချိန် ... ခင်ဗျားက recall ပြန်လုပ်တဲ့အခါ ၊ ပြန်လည်တီးခတ်တဲ့အခါ ... သူကလည်း အရင်မှတ်ထားတဲ့ wrong note , bad movement တွေကို ခင်ဗျားကို ပြန်ပေးမှာ ။ garbage in , garbage out ပဲ ။ အဲဒီအတွက် ... speed တီးနိုင်ခြင်းရဲ့ သော့ချက်က ... "အမှားကင်းခြင်း" ဆိုရင်လည်း မမှားပါဘူး ။
အမြန်မတီးနိုင်ဘူး ဆိုတဲ့ ဂစ်တာသမားထက် ... အမြန်တီးရင် မကောင်းဘူး (မှားတယ်) လက်မသပ်ရပ်ဘူး ဆိုတဲ့ ဂစ်တာသမားတွေ ပိုများတယ် ။ ဘာကြောင့် အမြန်တီးခဲ့အခါ မကောင်းလဲ .. မှားလဲ ဆိုတာ ... အနှေးတီးတုန်းက perfect မဖြစ်ခဲ့လို့ ၊ မှားယွင်းခဲ့လို့ပါပဲ ။ ဒါကြောင့် ... စနစ်ကျဖို့ အမှားကင်းဖို့ဆိုတာ ... မမှားနိုင်တဲ့ ၊ ကိုယ်နိုင်နင်းတဲ့ timing နဲ့ လေ့ကျင့်မှ ရတယ် ။ ဒါကြောင့် ... ကိုယ်နိုင်နင်းတဲ့ အနှေးဆုံးမှာ perfect ဖြစ်အောင် အရင်လေ့ကျင့်ရမယ် ။ hand position , note , tone , movement စတာတွေ သေသပ်ပြည့်စုံပြီဆိုရင် +2 (ဒါမှမဟုတ် သိပ်စိတ်မရှည်ရင်တော့) +4 လောက်စီ တိုးတိုးပြီး လေ့ကျင့်သွားနိုင်ပါတယ် ။ သက်တောင့်သက်သာနဲ့ အမှားကင်းပြီ သေသပ်ပြီဆိုရင် speed ဟာ ခင်ဗျားမခေါ်ဘဲ အလိုလို ကျိန်းသေပေါက် ရောက်လာပါလိမ့်မယ် ။
ဘယ်လက်နဲ့ပတ်သတ်လို့ သတိထားစရာအချက်တွေကတော့ ....
- လက်ချောင်းတွေကို အားစိုက်မဖိနှိပ်ပါနဲ့ ။
အများစုဟာ ကော့ဒ် (သို့) နုတ်တွေကို တီးခတ်တဲ့အခါ လိုအပ်တာထက်ပိုပြီး အားစိုက်ဖိနှိပ်လေ့ ရှိပါတယ် ။ လူ့ကြွက်သားသဘာဝအရ ထိန်းချုပ်မှု နဲ့ အားစိုက်မှုကို တပြိုင်နက်တည်း အာရုံမစိုက်နိုင်ပါဘူး ။ အားစိုက်မှုကို လျော့ချပြီး ထိန်းချုပ်မှုမှာ အာရုံပိုစိုက်ခြင်းဖြင့် ရလဒ်ကောင်းတွေ ပိုထွက်လာပါတယ် ။
- ဂစ်တာလက်တံပေါ်က ကြေးဘားတွေရဲ့ ညာဘက်မှာ ကပ်တီးပါ ။
ကြေးဘားရဲ့ ညာဘက်မှာ ကပ်တီးတဲ့အခါ သိပ်ပြီး အားစိုက်စရာ မလိုတဲ့အတွက် ... ထိန်းချုပ်မှု ၊ အမြန်တီးခတ်မှုတွေမှာ ပိုပြီး အထောက်အကူဖြစ်စေပါတယ် ။
- လက်ချောင်းတွေကို ဂစ်တာလက်တံအနီးမှာ ကပ်ထားပါ ။
လက်ချောင်းတွေကို ဂစ်တာလက်တံကနေ အဝေးကြီးခွာထားတဲ့အခါ ... သွားရမယ့် လက်အကွာအဝေးက ပိုများတဲ့အတွက် အမြန်တီးခတ်မှုကို နှောင့်နှေးစေပါတယ် ။ အဲဒါကြောင့် ... လက်ချောင်းများကို ဂစ်တာလက်တံမှာ ကပ်နိုင်သမျှ ကပ်ထားတဲ့ အလေ့အကျင့်ကို ပြုလုပ်ရပါမယ် ။
- လက်ချောင်းများကို ချဲထားပါ ။
သာမာန်အားဖြင့် .. လက်လေးချောင်းဟာ ဂစ်တာလက်တံ တကွက်စီမှာ နေရာယူထားပါတယ် ။ ထို့အတူ .. scale တစ်ခုကို run တဲ့အခါမျိုးမှာလည်း ၊ လက်ချောင်းတွေက အဲဒီ scaleရဲ့ pattern အတိုင်း အသင့်ဖြစ်နေဖို့ လိုပါတယ် ။ ဒါမှ နုတ်တစ်ခုမှ နုတ်တစ်ခုကို အလျင်အမြန် တီးခတ်နိုင်မှာပါ ။
ညာဘက်နဲ့ပတ်သတ်လို့ ...
- pick ကို အစအရှည်ကြီး မထုတ်ပါနဲ့ ။
ရစ်သမ်တီးတာမဟုတ်ဘဲ နုတ်အလုံးတွေကို တီးခတ်တဲ့အခါ pick ကို အစအရှည်ကြီး ထုတ်စရာမလိုပါဘူး ။ 0.5 cm လောက်ဆိုရင် လုံလောက်ပါပြီ ။ ကြိုးပေါ်မှာ ဖြတ်သန်းသွားမယ့် pickရဲ့အလျားက တိုတောင်းလေ ... အလုံးရေများများကို အမြန်တီးနိုင်လေပါပဲ ။
- ကြိုးကို တီးခတ်နဲ့ pickရဲ့ အကွာအဝေး (အကျဲ)ကို ချုံ့နိုင်မျှ ချုံ့ရပါမယ် ။
အဲဒါကို လျော့ချခြင်းဖြင့်လည်း ခင်ဗျားရဲ့ညာလက် picking ကို ပိုပြီး လျင်မြန်လာစေနိုင်တယ် ။
- အပေါ်ကပြောခဲ့တဲ့ အချက်၂ချက်လုံးမှာ .. period of silence ပါဝင်နေတာ တွေ့ရမှာပါ ။ အကောင်းဆုံးဥပမာတစ်ခုက ဘောလုံးကန်သလိုပါပဲ ။ ဘောလုံးနဲ့ခြေထောက် သိပ်ပြီး အကျွမ်းမဝင်သေးတဲ့အခါ ... ပထမဆုံး ကိုယ့်ဆီကိုလာတဲ့ ဘောလုံးကို ခြေထောက်နဲ့ ဖမ်းတယ် ။ ပြီးမှ ... လိုရာကို ကန်ထုတ်တယ် ။ ကျွမ်းကျင်တဲ့ ဘောလုံးသမားတွေကျတော့ ကိုယ့်ဆီလာတဲ့ဘောလုံး (သို့) အရှိန်ဖြင့် လိမ့်နေတဲ့ဘောလုံးကိုပဲ လိုရာကို ချက်ချင်းကန်နိုင်တယ် ။ ဘောလုံးနဲ့ ခြေထောက်ထိတဲ့အချိန်ကို လျော့ချပစ်လိုက်သလို ... ကြိုးနဲ့ pick ထိတွေ့ချိန် ၊ အကွာအဝေးကို လျော့နိုင်သမျှ လျော့ချခြင်းဖြင့် speedပန်းတိုင်ဟာ နီးကပ်လာစေပါတယ် ။
( Intermediate ဆောင်းပါးဖြစ်တဲ့အတွက် ... လေ့ကျင့်ချိန်မှာ လက်ကို ဂစ်တာမှာ မကပ်ထားဖို့ ၊ မထောက်ထားဖို့ ၊ ကြိုးတွေပေါ်မှာ မမှီထားဖို့ ၊ pick ကို floatting ဖြစ်ဖို့ ... ဆိုတာတွေက နားလည်ပြီးသားယူဆလို့ အသေးစိတ်မရေးတော့ပါ)
speed playing ဟာ sight-reading လေ့ကျင့်နေတာ မဟုတ်ပါ ။ အဲဒါကြောင့် ... speed လေ့ကျင့်မယ့် တီးကွက်တွေကို (by heart) အလွတ်ကျတ်မှတ်ထား ရပါမယ် ။ အလွတ်ရပြီဆိုမှ tempo ကို တဖြည်းဖြည်းတိုးပြီး အမှားကင်းစွာ လေ့ကျင့်ခြင်းက speedပန်းတိုင်အတွက် အကောင်းဆုံးဖြတ်လမ်းပဲ ဖြစ်ပါတယ် ။
Metronome နဲ့ လေ့ကျင့်ရမယ်ဆိုတာ အားလုံးသိတယ် ။ လေ့ကျင့်ကြပါတယ် ။ ဒါပေမယ့် ... ဂစ်တာသမားအများစုက လေ့ကျင့်ချိန် (သို့) ဖျော်ဖြေတဲ့အခါ သူတို့တီးနိုင်တဲ့ အမြန်နှုန်းထက် ပိုတီးမိလေ့ရှိတယ် ။ အဆိုပိုင်းမှာလည်း အတူတူပါပဲ ။ အမြင့်သံသီဆိုရတော့မယ် (ဒါမှမဟုတ်) အမြန်တီးကွက်တွေ တီးရတော့မယ်ဆိုရင် ... "ခက်ခဲတဲ့အပိုင်းရောက်လာပြီ" ဆိုတဲ့ ... စိုးရိမ်စိတ် tension ဝင်လာတတ်တယ် ။ အဲဒီ tension ဝင်လာပြီဆိုရင် အမှားမှား အယွင်းယွင်းတွေ ဖြစ်ကြပါတယ် ။ အဲဒါကြောင့် ... လေ့ကျင့်တဲ့အချိန်မှာ Relax ဖြစ်ဖို့လည်း လိုအပ်သလို ၊ Tension လုံးဝမရှိအောင် ၊ ဝင်မလာအောင် ကိုယ့်ဘက်က အားထုတ်ထားရမယ် ။
တူရိယာသမားဟာ ကိုယ်တီးနိုင်တာရဲ့ ၅၀%ကိုသာ လူရှေ့မှာ တီးခတ်သင့်တယ် ... တဲ့ ။ အဲဒီအတိုင်းဆိုရင် ... 200 bpm သီချင်းတစ်ပုဒ်ကို 400 bpm နဲ့ လေ့ကျင့်ရမယ့်ပုံပဲ ။ သင့်တော်မျှတတဲ့နည်းလမ်းကတော့ ... စင်ပေါ်မှာတီးခတ်မယ့် သီချင်း (သို့) soloတွေကို tempo + 10 % (or) 20 % တိုးပြီး လေ့ကျင့်ထားဖို့ပါ ။ 200 bpm solo တစ်ပုဒ်ကို 220 , 240 bpm မှာ perfect ဖြစ်အောင် လေ့ကျင့်ထားလိုက်ရင် ... စင်ပေါ်မှာလည်း အမှားနည်းနိုင်သလို ၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးပွားစေပါတယ် ။
အခုရေးခဲ့တဲ့ အချက်အလက်တွေကို သတိထားပြီး ... ခင်ဗျားရဲ့ အိပ်မက်ဟောင်းကြီးတွေကို ပြန်လေ့ကျင့်ကြည့်ပါ ။ လူတစ်ယောက်ချင်းရဲ့ ဇွဲ ၊ အာရုံစူးစိုက်မှု အနည်းအများအလိုက် အချိန်တွေ ကွာခြားကောင်း ကွာခြားနိုင်ပေမယ့် ... တစ်နေ့ ... ပန်းတိုင်ရောက်ရမှာပေါ့ဗျာ .... ။ ။
ရွှင်လန်းချမ်းမြေ့ပါစေ ...
လူတစ်ယောက်
Very Useful. Thank you!
ReplyDelete