အမှန်တကယ်တော့ ဂစ်တာကြိုးကို တီးတယ်ဆိုတာ လက်ချောင်းတွေကိုလွှဲပြီး အရှိန်နဲ့တီးတာ မဟုတ်ပါဘူး လက်ချောင်းရဲ့ထိပ်နဲ့ ဂစ်တာကြိုးကို ထိပြီးမှ ကြိုးကိုအတွင်း ဖက်ကိုဖိပြီး လွှတ်ပေးလိုက်တာပါ ။ အဲ့ဒီတော့ tone production တွေ ထိချက်တွေအတွက် လေ့ကျင့်ခန်းတွေ ရှိပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေက အရမ်းကို ရိုးရှင်းပါတယ်။ အရင်ဆုံး လက်လေးချောင်းစလုံးကို ဂစ်တာကြိုးလေးချောင်းပေါ်မှာ အရင်နေရာယူရပါတယ် ။ ပြီးမှ p i m a လက်ချောင်းလေးချောင်းကို တစ်ချောင်းချင်းစီကို ဖိပြီးမှ လွှတ်ချပေးတာပါ ။ p i m a ဆိုပြီးလက်ချောင်းလေးချောင်းဖြစ်လို့ 4/4 timing နဲ့လေ့ကျင့်ပါ ။1st beat မှာ p , 2nd beat မှာ i , 3rd beat မှာ m , 4th beat မှာ. a ဆိုပြီးအစဉ်လိုက်တီးရမှာ ဖြစ်ပါတယ်။ပြီးရင် 4th beat ရဲ့ off beat မှာ p i m a. လက်ချောင်းလေးချောင်းလုံးကို ကြိုးလေးချောင်းပေါ်မှာ နေရာပြန်ယူရပါတယ်။
ညာလက် အခေါ်အဝေါ်
p = (pulger) thumb = လက်မ
i = (indiceo) index finger = လက်ညှိုး
m = (media) middle finger = လက်ခလယ်
a = (anular) ring finger = လက်သူကြွယ်
Free stroke နှင့် Rest stroke
Free stroke တီးတဲ့အခါမှာ လက်ချောင်းရဲ့ တတိယအဆစ်ဟာ အောက်ကိုအနည်းငယ်ကျပြီးတော့ ၊ rest stroke တီးတဲ့အခါမှာ လက်ချောင်းရဲ့ တတိယအဆစ်ဟာ အထက်ကို အနည်းငယ် မြှင့်ပေးရပါတယ်။ အနည်းငယ်ထပ်ပြီးရှင်းရရင် 3rd string ကို free stroke. တီးလို့ အဆင်ပြေတဲ့အနေအထားဟာ ပြောင်းရွေ့စရာမလိုပဲ 1st string ကို rest stroke တီးလို့ အဆင်အပြေဆုံး အနေအထားပါပဲ ။
ကိုမြင့်သန်းထွန်း
No comments:
Post a Comment