Delay
Delay ဆိုတာ ပဲ့တင်သံလို့ပဲ သိထားပါ။ Solo ရဲ့ ရသကို ပေါ်လွင်စေတဲ့ Effect တမျိုးပါ။ သူ့မှာ အဓိကသိဖို့ ၃ခုရှိပါတယ်။
၁-Level ဆိုတာက ပဲ့တင်သံရဲ့ အတိုးအကျယ်ပါ။ တယောက်တည်း လေ့ကျင့်တဲ့အခါမှာ ကြားနိုင်ရုံလောက်ပဲ ထားရင်ရပါတယ်။ Full Band Solo တီးရင်တော့ ပေါ်လွင်အောင် တင်ပေးထားပါ။
၂-Feedback(Fdbk) ကတော့ ပဲ့တင်ထပ်မယ့် အကြိမ်အရေအတွက်ပါ။ ပဲ့တင်သံ အနည်းအများပေါ့။ ကြိုက်သလိုထားနိုင်ပါတယ်။
၃-Time ကတော့ ပဲ့တင်သံ တခုနဲ့တခုကြား အချိန်အကွာအဝေးပါ။ Mili Second(ms)နဲ့ ပြပါတယ်။ စိပ်စိပ်လား ကျဲကျဲလားပေါ့။ များသောအားဖြင့် သီချင်းရဲ့ Tempo(BPM=Beats Per Minute)နဲ့ သတ်မှတ်ပါတယ်။ ဒါကအရေးကြီးပါတယ်။ Tempo တိကျဖို့က မလွယ်ဘူးလေ။ ဒါကြောင့် Digital Delay တွေမှာ Tap Tempo ဆိုတဲ Function သီးခြားထည့်ပေးထားပါတယ်။ အနီးစပ်ဆုံး Tap ပုတ်လို့ ရတာပေါ့။
ဒီလောက်ဆို Delay အကြောင်း ပြည့်စုံပါပြီ။
Drive/Distortion
ဒီ Effect က တော်တော်ကျယ်ပြန့်ပါတယ်။ Music အမျိုးမျိုးအတွက် Effect Type အမျိုးမျိုးရှိပါတယ်။ ဘယ် Music ကို ဘယ် Type သုံးရမယ်လို့တော့ အကြံမပေးလိုပါဘူး။ ဒါက Player ရဲ့ ရွေးချယ်မှုပါ။ တခုတော့ရှိပါတယ်။ ဘယ်သီချင်းလာလာ Metal Zone ဆိုတာကတော့ မကောင်းဘူးပေါ့။ တခြား Drive တွေကိုလဲ စမ်းသုံးကြည့်စေချင်ပါတယ်။
ဟုတ်ပါပီ။ Effect Type ကို ရွေးချယ်ပြီးရင်၁- Level ဆိုတာက ဒီ Effect ရဲ့ အတိုးအကျယ်ကို တခြားအသံတွေနဲ့ ညှိပေးဖို့ပါ။ Clean Tone နဲ့ပဲ ညှိတာကောင်းပါတယ်။ Effect နင်းလိုက်မှ ကျယ်လာတာတို့ ဝပ်သွားတာတို့က ဒီ Level ကို မချိန်ထားလို့ပါ။ Backing နဲ့ Solo သီးခြားချိန်ထားနိုင်ရင် ပိုကောင်းပါတယ်။
၂- Drive/Dist ကတော့ Distortion ပါဝင်မှု အနည်းအများပါ။ သီချင်းအနုအရင့်ကိုလိုက်ပြီး အလျှော့အတင်း လုပ်ပေးရတာပါ။ သတိထားရမှာက Dist သိပ်တင်ထားရင် ထိမ်းရခက်ပါတယ်။ လက်သေသပ်ဖို့လိုပါတယ်။
၃-Tone/EQ က Effect ရဲ့ အရသာကို ပြုပြင်ပေးသလို သီချင်းရဲ့ရသကိုလည်း ပေါ်လွင်စေပါတယ်။ အသံစူးစူးလား ဝပ်ဝပ်လားပေါ့။ EQ (Equilizer)အကြောင်းတော့ အားလုံးသိပြီးသားမို့ မပြောတော့ပါဘူး။
ခြုံပြောရရင် အရင်ဆုံး Effect Type ကိုပဲ ရွေးချယ်ပါလို့။
Reverb
Reverb ဆိုတာက လှိုင်ခေါင်းသံလို့ပြောရမလားပဲ။ Vocal အတွက်တော့ အရမ်းအသုံးဝင်တဲ့ Effect ပေါ့။ Guitar Milti Effect Processor တွေမှာ ပါပါတယ်။ Rhythm, Plucking နဲ့ Clean Tone Solo တွေအတွက် သုံးလို့ကောင်းတဲ့ Effect ပါ။ သူ့မှာ Type အမျိုးမျိုးရှိပါတယ်။ Hall, Room, Plate, Spring စသည်ဖြင့်ပေါ့။ ကြိုက်တာနဲ့တီးပါ။- Level က လှိုင်ခေါင်းသံရဲ့ အတိုးအကျယ်ကိုချိန်တာပါ။ Background Music နဲ့ အဆင်ပြေသလို ထားပေးရပါတယ်။ များလွန်းရင် မကောင်းသလို နည်းလွန်းရင်လည်း မပေါ်ပါဘူး။
- Tone ကတော့ Effect သံရဲ့ Bass နဲ့ Treble ကို ပြုပြင်ပေးတာပါ။ အလယ်မှာပဲထားတာ ကောင်းပါတယ်။
- Time ကတော့ လှိုင်ခေါင်းသံ အတိုအရှည်(ကြာချိန်) ကို သတ်မှတ်ပေးတာပါ။ 1 second လောက်ထားရင် ရပါပီ။
သူက Effect Chain ရဲ့ နောက်ဆုံးမှာ နေပါတယ်။ Delay သုံးဖို့ မကောင်းတဲ့အခါမျိုးမှာ သူ့ကိုသုံးရတာ အဆင်ပြေပါတယ်။ စမ်းကြည့်ကြပါ ။
No comments:
Post a Comment