Voice Lessons to go CD 1 + 2
မျက်လုံးမှာတော့ မွေးကတည်းက အရောင်မမြင်ရတဲ့ color-blindness တွေရှိသလို ... နားမှာလည်း အသံ ရဲ့ frequency ကို pitch အတိအကျ မကြားနိုင်တဲ့ tone-deaf တွေရှိတယ် ။ မွေးရာပါ tone-deaf မဟုတ်ရင် နားဝင်ပီယံဖြစ်အောင် သီချင်းဆိုနိုင်ပါတယ် ။ သာမာန် အသံမထွက်တာ ၊ အသံမငြိမ်တာ ၊ အသံပြာတာလောက်တော့ singing exercise တွေ လေ့ကျင့်လိုက်ရင် အိုကေသွားမှာပါ ။
အဆိုလေ့ကျင့်တာက human instrument ဆိုတော့ အမှားမခံဘူး ။ ပါးစပ်ဖွင့်ပုံ ၊ လည်ချောင်းကြွက်သားအသုံးပြုပုံ ၊ အသက်ရှူပုံ ၊ Pitch မှန်ကန်မှ တိုးတက်တာပါ ။ အွန်လိုင်းက ရသမျှ vocal lessons CD တွေကလည်း အခြေခံလို့သာပြောတာ ၊ absolute beginner တွေအတွက် လုံးဝ အထောက်အကူမဖြစ်ပါဘူး ။ ဆရာတစ်ယောက်နဲ့ လေ့ကျင့်ဖို့ပဲ တိုက်တွန်းပါရစေ ။ အခြေခံသိပြီး လေ့ကျင့်နေသူတွေအတွက်တော့ စာအုပ်တွေ ၊ စီဒီတွေ ရှာဖွေပေးပါမယ် ။ ခင်ဗျားတို့ဖာသာ နားထောင်ပြီး ယူသင့်တာယူ ပယ်သင့်တာ ပယ်လိုက်ပါ ။
CD 1-1 - Download Link
CD 1-2 - Download Link
CD 2-1 - Download Link
CD 2-2 - Download Link
No comments:
Post a Comment