26 March 2015

Finger Stretching for Guitar

Fretboard ပေါ်မှာ ရွေ့လျားနေတဲ့ ဂစ်တာသမားရဲ့လက်ဟာ ပြေးလွှားနေတဲ့ ပင့်ကူတစ်ကောင်နဲ့ သဏ္ဌာန်တူတယ် ။ ကိုယ်ထည်ဖြစ်တဲ့ လက်ဝါးက ဂစ်တာလက်တံကို အုပ်မိုးထားပြီး ၊ လက်ချောင်းထိပ်တွေက ပင့်ကူခြေထောက်တွေလို ရွေ့လျားနေပါတယ် ။ ဒါဟာ ဘယ်လက်ရဲ့ ပုံစံမှန်ပါပဲ ။ 3 notes per string , string skipping , interval အကျဲတွေကို ချောမွေ့စွာ တီးခတ်နိုင်ဖို့ လက်တွေကို ချဲကားနိုင်မှ ဖြစ်မယ် ။ လက်ချဲကားခြင်းက ဂစ်တာသမားအတွက် မရှိမဖြစ်လိုအပ်တဲ့ skill တစ်ခုပါ ။ 

လေ့ကျင့်ခန်း - ၁
ဒီ pattern လေးကို ကျက်ထားရမယ် ။ လေ့ကျင့်ခန်းအားလုံး ဒီ pattern ကို ဆင့်ပွားသွားမှာပါ ။ ရိုးပေမယ့် တကယ်ထိရောက်ပါတယ် ။ လေ့ကျင့်ပုံက - - A - B - C - D ဆိုတဲ့ အတွဲ၎တွဲကို ရှိတယ် ။ တတွဲမှာ (နုတ်၂လုံး) ပါတယ် ။ အဲဒါတွေကို တတွဲချင်း လက်မလွှတ်ဘဲ တီးရပါတယ် ။- ဥပမာ - အတွဲ A ကိုတီးတဲ့အခါ D note ကို လက်ညိုးနဲ့တီးပြီး ၊ A# note ကို လက်သန်းနဲ့တီးတဲ့အခါ ၊ D note တီးခဲ့တဲ့ လက်ညိုးကို မလွှတ်ဘဲ ဆက်ဖိထားရပါမယ် ။ ကျန်တဲ့အတွဲတွေလည်း ဒီအတိုင်းပါပဲ ။- ဒီလေ့ကျင့်ခန်းတွေမှာ metronome မလိုပါဘူး ။ လက်၂ချောင်းတွဲစီ ချဲကားလေ့ကျင့်တာဖြစ်လို့ နှေးလေကောင်းလေ ပါပဲ ။

လေ့ကျင့်ခန်း - ၂
လေ့ကျင့်ခန်း ၁ က pattern ကို ထပ်ပွားလိုက်ပါတာပါ ။ ကြိုးတွေကျဲလာတော့ လက်တွေပိုကျဲလာပါတယ် ။ ၅ကြိုးအထိပဲ ရေးပေးထားပါတယ် ။ Acoustic နဲ့ Electric ဂစ်တာမှာတော့ ၆ကြိုးအထိ လေ့ကျင့်နိုင်ပေမယ့် ၊ Classical ဂစ်တာမှာတော့ (လက်သန်း-လက်သူကြွယ်) အတွဲ D က ၁ကြိုးနဲ့ ၆ကြိုး ချဲနိုင်ဖို့ တော်တော်ခက်တယ် ။ လက်ချောင်းရှည်ရင်တော့ အဆင်ပြေမှာပါ ။ရေးထားတဲ့ အခေါက်ရေအတိုင်း အတိအကျတီးစရာ မလိုပါဘူး ။ ၂ကြိုးတွဲချင်းကို ၃မိနစ်စီလောက် တီးရင် အဆင်ပြေပါတယ် ။

လေ့ကျင့်ခန်း - ၃
လေ့ကျင့်ခန်းတွေရဲ့ အဓိကရည်ရွယ်ချက်က ဘယ်ဘက်လက်ချဲကားနိုင်ဖို့ဆိုပေမယ့် ... လေ့ကျင့်ခန်း ၁ နဲ့ ၂ ကို တပတ်လောက်တီးလို့ အသားကျပြီဆိုရင် ၊ လေ့ကျင့်ခန်း ၃ ကို  ညာလက်အတွက်ပါ တွဲပြီးလေ့ကျင့်လို့ ရပါတယ် ။ ဒီ picking pattern တွေက string skipping , intervals တွေကို တီးတဲ့အခါ အများကြီး အထောက်ကူဖြစ်ပါတယ် ။ ကြိုးအားလုံး ပေါင်းစပ်ပြီး တီးကြည့်ပါ ။

လေ့ကျင့်ခန်း - ၎
ဒါကတော့ classical သမားတွေအတွက် အသုံးအများဆုံး ညာလက် pattern ပါ ။ ကြိုးအားလုံး လေ့ကျင့်ပေးပါ ။ လက်ချဲကားနိုင်သလို ညာလက် tremolo အတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါတယ် ။

လေ့ကျင့်ခန်း - ၅
ဒါကတော့ ခင်ဗျားတို့ လေ့ကျင့်ခဲ့တဲ့ အခြေခံ pattern ကို Descending ပြန်လုပ်ထားတာပါ ။ လေ့ကျင့်ခန်း ၁ ကနေ ၄ အထိ လေ့ကျင့်ခဲ့သလို ၊ ဒီလေ့ကျင့်ခန်း ၅မှာလည်း pattern တွေကို အစားထိုးပြီး အစအဆုံး ပြန်လေ့ကျင့်ဖို့ တိုက်တွန်းအားပေးရင်း .........

ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)

No comments:

Post a Comment