15 March 2015

J.S.Bach for Electric Guitar( Intermediate to Advanced )

Guitar Transcription work ထဲမှာတော့ ဒီစာအုပ်က တမူထူးခြားပါတယ် ။ J.S.Bachရဲ့ တေးသွားတွေကို မူရင်း key အတိုင်း ပြောင်းလဲခြင်းမရှိဘဲ Electric Guitar အတွက် ပြန်ပြီး Arrangement လုပ်ပေးထားတာပါ ။ Fingerstyle မဟုတ်ဘဲ Pick နဲ့ တီးဖို့အတွက်ပါ ။ stroke , legato , string skipping ,Hybrid picking တွေ အဓိက ပါဝင်တယ် ။ ဒီစာအုပ်ကို အသေအချာ လေ့ကျင့်ဖြစ်ရင်တော့ ခင်ဗျားလက်နဲ့ Fingerboard ဟာ နှစ်ကိုယ်တစ်စိတ် ဖြစ်လာရုံသာမက Neo-classical ကမ္ဘာမှာ ကျက်စားနိုင်ပါလိမ့်မယ်

စာအုပ် - Download link
စီဒီ - Download link

" ကလပ်စီကယ်ဂစ်တာတွင် Classical guitar work နှင့် Transcription work ဟူ၍ နှစ်မျိုးရှိသည် ။
Classical guitar work ဟူသည် ကလပ်စစ်ကယ်ဂစ်တာ၏ မူလဇာတိ စပိန်နိုင်ငံ၏ ရိုးရာသီချင်း Folk songs များ ၊ ဥပမာ Catalon Folk song , Andalusian Folk song , ဂစ်တာကွန်ပိုဆာများက ဂစ်တာအတွက် ရေးဖွဲ့ခဲ့သော ကလပ်စစ်ကယ် ဂစ်တာအဖွဲ့အနွဲ့များ (ဥပမာ - ဂစ်တာကွန်ပိုဆာ ဖာနန်ဒိုဆော ၊ တာရေးဂါး ၊ ကားကတ်ဆီ ၊ ဂူလီယာနီ ၊ စကာလက်တိ ၊ ဆီဂိုးဗီးယား) ကို တီးခတ်ရသည် ။
Transcription work ဆိုသည်မှာ မူလက ဂစ်တာဖြင့် တီးခတ်ထားခြင်းမဟုတ်ဘဲ ဘာ့ခ် ၊ ဘီသိုဗင် ၊ ရှူးမန်း ၊ မင်ဒယ်ရှိုပန်း ၊ အယ်ဘန်းနစ် တို့၏ အခြားတူရိယာအတွက် ရေးထားသော ဂီတအဖွဲ့အနွဲ့များ (ဥပမာ - ပီယာနို ၊ တယော ၊ ဟတ်ပဆီကော့ဒ် ၊ အော်ခက်စတြာ ဂီတအဖွဲ့အနွဲ့များ) ကို ဂစ်တာဖြင့် တီးခတ်၍ရအောင် ပြုပြင်ဖန်တီး ဆီလျော်အောင် လုပ်ထားသော ဂီတဖြစ်သည် ။ "
ခရက်ဒစ် => ဆရာ ညီပုလေး - လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ .... မှ

No comments:

Post a Comment