13 March 2015

အခြေခံဂီတသီအိုရီ - ၉

Augmented and Diminished Intervals
Perfect intervals တွေမှာ one half step လျော့ရုံဖြင့် Diminished ဖြစ်သလို ၊ one half step တိုးရုံဖြင့်လည်း Augmented ဖြစ်လို့ မှတ်ရလွယ်ကူပါတယ် ။ Major intervals တွေမှာတော့ one half step လျော့ရင် minor intervals ဖြစ်ပေမယ့် ဒီထက်ပို အသေးစိတ်လာတဲ့ intervalsတွေ ရှိပါသေးတယ် ။






အပေါ်ပုံ Example-1 မှာ - D ဟာ C ရဲ့ Major 2nd interval ပါ ။ Major 2nd ကို one half step တိုးပေးခြင်းဖြင့် Augmented 2nd interval ဖြစ်လာပါတယ် ။ Major 2nd ကို one half step လျော့ခြင်းဖြင့် minor 2nd interval ဖြစ်လာပါတယ် ။ Major 2nd ကို two half step လျော့လိုက်ရင်တော့ Diminished 2nd interval ဖြစ်လာပါတယ် ။ half step နှစ်ကြိမ်လျော့တဲ့အတွက် Double flat လို့ခေါ်တဲ့ flast sign ၂ခုကို ရေးသားထားပါတယ် ။ Diminished 2nd မှာ half step အကွာအဝေး လုံးဝမရှိသောကြောင့် unison နှင့် အတူတူဖြစ်သော်လည်း letter မတူညီပါ ။ C , Dဟူသော letter၂လုံးဖြစ်သောကြောင့် Diminished 2nd ဖြစ်ပါတယ် ။






အပေါ်ပုံ Example-2 ကို three sharps key ဖြင့်ပေးထားပါတယ် ။ F#,C#,G# တို့ပါဝင်ကြောင်း သတိပြုပါ ။ C# ဟာ A ရဲ့ Major 3rd interval ဖြစ်ပါတယ် ။ Augmented 3rd ဖြစ်ဖို့ one half step တိုးတဲ့အခါ နောက်ထပ် sharp တစ်ခုကိုထပ်ပေါင်းပေးရပါမယ် ။ C# ရဲ့ မူလရှိနေပြီးသား sharp မှာ နောက်ထပ် sharp တစ်ခု ထပ်ပေါင်းလိုက်တဲ့အခါ Double sharp ဆိုပြီး ကြက်ခြေခတ်ပုံစံ (x) ရေးသားရပါတယ် ။ 







Double sharp နှင့် Double flat တို့ကိုနားလည်အောင် Example-3 နှင့် Example-4 မှာ ထပ်ရှင်းပေးထားပါတယ် ။ Example-3 က Two flat key (Bb) ဖြစ်ပါတယ် ။ Eb ဟာ Bbရဲ့ perfect 4th ဖြစ်ပါတယ် ။ Diminished 4th အဖြစ်ပြောင်းတဲ့အခါ Eb ကိုနောက်ထပ် falt တစ်ခုထပ်ပေါင်းသောကြောင့် double flat ဖြင့်ရေးသား ရပါတယ် ။ Example-4 က Five sharp key (B) ဖြစ်ပါတယ် ။ F#ဟာ Bရဲ့ perfect 5th ဖြစ်ပါတယ် ။ Augmented 5th အဖြစ်ပြောင်းတဲ့အခါ F# ကို နောက်ထပ် sharp တစ်ခုထပ်ပေါင်းသောကြောင့် double sharp ဖြစ်သွားပါတယ် ။


ဒါကတော့ 1 half step လျော့ခြင်း တိုးခြင်းရဲ့ အကျဉ်းချုပ်ဇယားပါ။


အခုဆိုရင် Major , minor , Perfect , Augmented , Diminished intervals တွေ အားလုံး ရှင်းပြပြီးသွားပြီ ။ ကျေညက်သွားအောင် လေ့ကျင့်ခန်းတွေ ဖြေဆိုကြည့်ပါအုံး ။

လေ့ကျင့်ခန်း - ၁ 

လေ့ကျင့်ခန်း - ၁ အဖြေများ
1-A5, 2-m3, 3-P4, 4-A5, 5-M7, 6-M3, 7-P4, 8-m6, 9-m6, 10-m3, 11-d2, 12-m7, 13-m6, 14-P5, 15-A4, 16-m3, 17-M2, 18-A6, 19-P4, 20-m3, 21-M3, 22-A5, 23-d4, 24-P4

လေ့ကျင့်ခန်း - ၂

လေ့ကျင့်ခန်း - ၂ အဖြေများ
1-d4, 2-M2, 3-P5, 4-X, 5-P4, 6-A3, 7-P4, 8-P5, 9-A8, 10-m3, 11-d7, 12-P4, 13-d4, 14-P8, 15-M3, 16-A3, 17-U, 18-P5, 19-d4, 20-m6, 21-A6, 22-M6, 23-d6, 24-A4 (နံပါတ်၎က မေးခွန်းမှားပါ)

လေ့ကျင့်ခန်း -၃

လေ့ကျင့်ခန်း -၃ အဖြေများ
1-m3, 2-d5, 3-d3, 4-d2, 5-X, 6-P4, 7-M3, 8-A3, 9-P4, 10-m3, 11-P5, 12-M6, 13-A4, 14-m3, 15-d2, 16-d5, 17-d7, 18-d5, 19-M6, 20-m6, 21-M3, 22-A3, 23-d8, 24-A5 (နံပါတ်၅က မေးခွန်းမှားပါ)

လေ့ကျင့်ခန်း - ၎

လေ့ကျင့်ခန်း - ၄ အဖြေများ
(1-treble) a-U, b-M3, c -U, d-m3, e -U, f-m3, g-m2, h-m3, i-m3, j-d5, k –m2, l-M3
(1-Bass) a-m3, b-M3 ,c –m3, d-m6 ,e –m3, f-M3 ,
(2-treble) a-M2, b-M2 ,c –m2, d-M2 ,e -U, f-M2 , g-M2 , h-M2 , i-A4, j-m2 , k –P8
(2-Bass) a-P8, b-M3 ,c –P4, d-M6 ,e –M3, f-m6 , g-U
(3-treble) a-M2, b-m2 ,c –M3, d-M2 ,e –M2, f-m2 , g-P5 , h-P4
(3-Bass) a-M3, b-P4 ,c –P5, d-m6 ,e –m7, f-m3 , g-M6 , h-P8
(4-treble) a-M2, b-M2 ,c –M3, d-M2 ,e –P5, f-U , g-M2 , h-M2 , i-M2 , j-m3 , k –M2
(4-Bass) a-m3, b-M6 ,c –M3, d-M7

ရွှင်လန်းချမ်းမြေ့ပါစေ
(လူတစ်ယောက်)

No comments:

Post a Comment