13 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-3

Warm-up (Fingering)

Picture
ဒီတစ်ခါတော့ လက်ချောင်း၎ချောင်းလုံးကို အသုံးပြပြီး တီးကြတာပေါ့ ။ သတိထား စရာတွေ ရှိပါတယ် ။ လက်ချောင်းတွေ အစဉ်လိုက် တီးတဲ့အခါ ရှေ့ကတီးခဲ့တဲ့ လက်ချောင်းတွေကို မလွှတ်ဘဲ ဆက်ပြီး နှိပ်ထားရပါမယ် ။ ဥပမာ - ၁ကြိုး-လက်ကွက် ၁၊၂၊၃၊၄ပေါ်မှာ လက်ချောင်း၁၊၂၊၃၊၄ အစဉ်လိုက် တီးတဲ့အခါ လက်ချောင်း၎ ရောက်သည်အထိ ရှေ့ကတီးခဲ့တဲ့ လက်ချောင်း ၁၊၂၊၃များကို မလွှတ်ဘဲ အစဉ်လိုက် ဖိနှိပ်လာရပါမည် ။ ပုံထဲက အတိုင်းပါပဲ ။

Ex – 29

Picture


Ex – 30

Picture


Ex – 31

Picture


Ex – 32

Picture

warm-up တီးပြီးတဲ့အခါ ခဏလောက် နားပြီး Rhythm ဂစ်တာကို လေ့ကျင့်ပါမယ် ။ ဒီနေ့တော့ ကော့ဒ်အသစ် ၃ခု ကို မှတ်မိအောင် လေ့ကျင့်ပါမယ် ။

Rhythm section

Picture
A-chordနှင့်E-chordကို ကြိုး၆ကြိုးစလုံးတီးပါမယ် ။ D-chord ကို တီးခတ်တဲ့အခါ နံပါတ်၆ကြိုးရဲ့ အသံကို လုံးဝမထွက်ရပါ ။ နံပါတ်၆ကြိုး Eသံသည် D-chord၏ family note တွင် မပါဝင်သောကြောင့် ဖြစ်ပါသည် ။ chordအားလုံးသည် open chord များဖြစ်ကြပါသည် ။ chord အကုးအပြောင်းများ ဂရုစိုက်ပါ ။ ခြေထောက်ပုတ် ၊ လက်ကတီး ၊ ပါးစပ်ကလည်း ရွတ်ဆိုပါ

Ex – 33

Picture


Ex – 34

Picture


Ex – 35

Picture


Ex – 36

Picture
PLAN-1 နှင့် PLAN-2တွင် ၁ကြိုးနှင့်၂ကြိုးပေါ်မှ နုတ်များကို တီးပြီးခဲ့ပါပြီ ။ အခု ၁နှင့်၂ကြိုး နှစ်ကြိုးပေါင်းကို လေ့ကျင့်ပါမယ် ။ ။   စည်းကမ်းတွေကို သတိထားပါ ။ 


၁ကြိုးနှင့် ၂ကြိုးပေါ်မှ noteများ

Picture

Ex – 37

Picture


Ex – 38

Picture


Ex – 39

Picture


Ex – 40

Picture


Ex – 41

Picture


Ex – 42

Picture

Ex – 43

Picture


Ex – 44

Picture


Ex – 45

Picture


Rest (ရပ်နားခြင်းသင်္ကေတများ)

Picture
Rest ဆိုတာ တီးခတ်ခြင်းမပြု ၊ရပ်နားရမယ့် သင်္ကေတများ ဖြစ်ပါတယ် ။ Whole rest ဆိုလျင် 1-bar/4-beats ရပ်နား ၊ Half rest ဆိုလျင် 2beats ဘားတဝက်နားပြီး ၊  Quarter rest ဆိုလျင် 1beat ရပ်နား ၊ Eight rest ဆိုလျင် half beat / စည်းချက်တဝက် ရပ်နားရပါမယ် ။ ရှေ့ပိုင်းက အခြေခံဂစ်တာသင်ခန်းစာ Plan-1 မှာ Time values  ဆိုပြီး ရေးပေးခဲ့ ပြီးပါပြီ ။အဲဒီ ဇယားကွက်ကိုကြည့်ပြီး Note နဲ့ Rest ကို တွဲမှတ်ထားလိုက်ပါ ။ အခု Restများ ပါဝင်တဲ့ လေ့ကျင့်ခန်းများကို လေ့ကျင့်ပါမယ် ။ half rest နှင့် Quarter rest သာပါဝင်ပါတယ် ။ ခြေထောက်ပုတ်ပြီး ရပ်နားသင်္ကေတများကို သတိထားပါ ။ နှုတ်ဖြင့်လည်း ရွတ်ဆိုပေးပါ ။ 

Ex – 46

Picture


Ex – 47

Picture


Ex – 48

Picture


Ex – 49

Picture


Ex – 50

Picture


Ex – 51

Picture


Ex – 52

Picture


Ex – 53

Picture

Ex – 54

Picture

ဒီနေ့ လေ့ကျင့်ခန်းတွေကတော့ အများကြီးပါပဲ ။ ရှင်းပြစရာတွေလည်း ရှင်းခဲ့ပြီးပြီဆိုတော့ လက်တွေ့တီးခတ် လေ့ကျင့်ဖို့ပဲ လိုပါတော့တယ် ။ နောက်သင်ခန်းစာတွေမှာလည်း လေ့ကျင့်ခန်းတွေ များများပေးသွားပါမယ် ။ ဆက်ပြီးလေ့ကျင့်သွားကြပါ ။
Picture

ရွှင်လန်းချမ်းမြေ့ပါစေ
(လူတစ်ယောက်)

No comments:

Post a Comment