13 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-4

Revision

ကျွန်တော့်တို့ အခုလေ့ကျင့်နေတဲ့ နည်းစနစ်ကတော့ ၃ရက်တီး-၁ရက်ပြန်နွှေး ပါ ။ PLAN-1, PLAN-2, PLAN-3 ရဲ့ လေ့ကျင့်ခန်းပေါင်း ၅၄-ခုရှိသွားပါပြီ ။ ရှေ့ဆက်တက်မယ် ဆိုရင် ခင်ဗျားတို့ဘက်က ကျေညက်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ် ။ ဒါကြောင့် ဒီနေ့မှာ လေ့ကျင့်ခန်းအသစ် ဆက်မတက်ဘဲ တီးခဲ့သမျှတွေကို ပြန်လည် လေ့ကျင့်ကြပါမယ် ။ အရေးကြီးတာတွေကို ထပ်ပြီး သတိပေးပါရစေအုံး ။

Rhythm တီးတဲ့အခါ ခြေထောက်ကိုပုတ် ၊ နှုတ်မှ 1-2-3-4 ဆိုပြီး အသံထွက်ရွတ်ဆိုပေးပါ ။ Noteတွေ တီးတဲ့အခါလည်း note & rest တွေကို မှန်ကန်အောင် ရွတ်ဆိုပေးပါ ။ နုတ်တွေရဲ့အသံကိုကျက်ပြီး နုတ်မကြည့်ဘဲ အလွတ်တီးခြင်းကို လုံးဝ လုံးဝ မပြုလုပ်ပါနဲ့ ။ စည်းကမ်းချက်များကို ဂရုတစိုက်ပြန်ဖတ်ပြီး ဘယ်/ညာ လက်အနေအထား ၊ ခြေထောက်ပုတ် ၊ နှုတ်ကရွတ် … စသည်ဖြင့်အာရုံစူးစိုက်ပြီး လေ့ကျင့်လိုက်ပါအုံး ။ ။

ဒီနေ့မှာ ပြန်လှန်လေ့ကျင့်ခန်းများနှင့် အတူ ပျော်စရာဖြစ်အောင် သီချင်းလေးတွေလည်း လေ့ကျင့်ပါမယ် ။ Ode to Joy နှင့် Jingle Bells ကိုတီးခတ်ရမည့် Rhythm Pattern ကို ကြိုတင် လေ့ကျင့်ကြပါမယ် ။

Ex – 55a

Picture

ပထမနှင့် တတိယစည်းချက်များကို တီးခတ်တဲ့အခါ ကော့ဒ်၏အပေါ်ပိုင်း ဂစ်တာကြိုးကြီးများကို ဦးစားပေး တီးခတ်ပြီး ၊ ဒုတိယနှင့် စတုတ္ထ စည်းချက်များကိုတော့ ကော့ဒ်၏အောက်ပိုင်း ဂစ်တာကြိုးသေးများကို ဦးစားပေး တီးခတ်ပါမယ် ။ country & folk songs တွေမှာလည်း ဒီစတိုင်ကို အတွေ့များပါတယ် ။   ပျော်ရွှင်ပါစေဗျား ။ ။

Ex - 55

Picture


Ex - 56

Picture

Picture

ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)

No comments:

Post a Comment