Warm-up
Ex - 157
Ex - 158
Ex - 159
Ex - 160
ပတ်လည်ရိုက်ထားတဲ့ finger-independence ခေါ်တဲ့ warm-up ၂၆မျိုးကို တီးပြီးသွားပါပြီ ။ ခင်ဗျားက နှယ်နှယ်ရရပုဂ္ဂိုလ် မဟုတ်တော့ပါဘူး ။ အတွင်းအား တစ်ဆင့် တိုးသွားပါပြီ ။ ကလေးတွေကို ကြမ်းကြမ်းတမ်းတမ်း မစပါနဲ့ ။ မရိုက်ပါနဲ့ ။ မတော်တဆ အတွင်းအားထွက်သွားရင် နံလိမ့်မယ် (အဲ.ယောင်လို့) သူတို့ အထိနာ သွားလိမ့်မယ် ။ (ပျင်းနေမှာစိုးလို့ ပျော်အောင်စတာ ။) OK ! Rhythmလေးတီးရအောင် ။ အရင်ဆုံး Bluesနှင့် Rock N' Roll music တွေမှာ အသုံးများတဲ့ 12 Bars chord progression လေးတွေ တီးပါမယ် ။ ၁၂ဘားပါလို့ 12Barsလို့ ခေါ်တာ ။ (ရှင်းပါ့နော် ) 12 Bars pattern mood ကို မှတ်မိအောင်လေ့ကျင့်ထားလိုက်ပါ ။
Ex - 161 | 12 Bars chord progression in E |
Ex - 162 | 12 Bars chord progression in A |
Ex - 163 | 12 Bars chord progression in G |
chord အသစ်၂ခုလောက် ထပ်ပြီး လေ့ကျင့်ပါမယ် ။ Cmajor7နှင့် Fmajor7 chordတွေပါ ။ ပုံမှာ ပြထားတဲ့အတိုင်းပါပဲ ။ ခက်ခက်ခဲခဲ မကိုင်ရပါဘူး ။ လွယ်ပါတယ် ။ တီးလိုက်ပါအုံး ။
Ex - 164
Ex - 165
အောက်က လေ့ကျင့်ခန်းက ¾ time ပါ ။
Ex - 166
Ex - 167
လေ့ကျင့်ခန်းလေးတွေ ကောင်းလာပါပြီ ။ တစ်ခုတော့မေတ္တာရပ်ခံချင်တယ်ဗျာ ။ သီချင်းတွေတီးဖို့ စိတ်မလောပါနဲ့ ။ နောက်လာမယ့် planတွေမှာ သီချင်း အများကြီး တီးရမှာပါ ။ သီချင်းဆိုတာ ခင်ဗျားတို့ အခုကျင့်တဲ့ patternတွေ ပေါင်းစပ်ထားတာပါ ။ ဘာမှ မခက်ခဲပါဘူး ။ patternတွေကို ကျေညက်နေရင် ခင်ဗျားကြိုက်တဲ့သီချင်းကို အသာလေး ကောက်တီးလိုက်ရုံပဲ ။ (လေသံကျယ်သွားလားမသိဘူး။နည်းနည်းလျော့မှ :D ) တကယ်ပါ ။ ကျွန်တော်မဟုတ်တာ မပြောပါဘူး ။ (ချင့်ယုံ) ။ နောက်တာပါ ။ ခင်ဗျားတို့အတွက် ဖီလင်တွေ အတုံးလိုက်တက်ရမယ့် patternလေးတွေ အခု စတီးပါတော့မယ် ။ off-beatလို့ခေါ်တဲ့ စည်းချက်အကြွတွေမှာ ပင့်ခတ်ပြီး တီးရမှာပါ ။ ရှေ့ကလေ့ကျင့်ခန်းတွေမှာ နှုတ်ကနေ ရွတ်ဆိုပြီး တီး လာခဲ့ရင် အခုတော့ ခင်ဗျားပွဲပေါ့ ။ မရွတ်ခဲ့ရင်တော့ … :) … ။
Off Beat Rhythm Patterns
Ex - 168
ex-168ရဲ့ ဒုတိယဘားကို ကြည့် ပါ ။ Am chord ကို ဒုတိယစည်းချက် အကြွမှာ up-strokeဖြင့် တီးရမှာပါ ။ စတုတ္ထဘားရဲ့ G chord လည်း ဒီအတိုင်းပါပဲ ။ ခြေထောက်ပုတ် ပါးစပ်ကရွတ် သတိလေးနည်းနည်းထား … ဒါဆိုအဆင်ပြေမှာပါ ။
Ex - 169
ဒီလေ့ကျင့်ခန်းလည်း အပေါ်ကလိုပါပဲ ။ ။ ဒုတိယစည်းချက်ရဲ့ အကြွမှာ chordပြောင်းမယ် ။ tieလုပ်မယ် ။ Rock music တွေမှာ အသုံးများတဲ့ pattern & progression တွေ တီးကြည့်ပါအုံး ။
Ex - 170
ex-170မှာ repeat one bar sign %ပုံနှင့် ၊ repeat two bar sign %နှစ်ထပ်မျဉ်းပုံတွေ သတိရတယ်မှတ်လား ။ ရှေ့မှာတီးခဲ့ပြီးပါပြီ ။ နောက်ဆုံး၂ဘား E-chord ကိုတီးတဲ့အခါ လက်ခတ်အားလုံး down-strokeဖြင့်တီးပါမယ် ။
Ex - 171
ဒီpatternလေးက နဲနဲခက်သလို တော်တော်လည်း လှပပြီး အသုံးများပါတယ် ။ ဒုတိယစည်းချက် အကြွတွင် G-chordကိုတီးခတ်ပြီး ၊ စတုတ္ထစည်းချက်အကြွတွင် F-chordကို ထပ်ပြီး တီးထားပါသေးတယ် ။ မတီးခင် အကြိမ်များစွာ ခြေထောက်ပုတ်ပြီး ပါးစပ်ဖြင့်တီးကြည့်ပါ ။ အနှေးဆုံး tempoဖြင့် လေ့ကျင့်ပါ ။ အေးဆေးဖြစ်သွားမှာပါ … ။
၆ကြိုးပေါ်မှ နုတ်များ
နံပါတ်၆ကြိုးပေါ်ကနုတ်တွေ လာပါပြီခင်ဗျာ ။ Standard tuning guitarမှာ အနိမ့်ဆုံးအသံတွေပါပဲ ။ အောက်ကိုထပ်ဆင်းဖို့ မရှိတော့ပါဘူး ။ အနိမ့်ဆုံး ledger-line ၃လိုင်းအောက်က - E , ledger-line နံပါတ်၃ပေါ်မှာက - F , ledger line ၂လိုင်းအောက်က - G … မှတ်ထားလိုက်ပါ ။ သတိထားမိ လား ။ ၁ကြိုးတုန်းက တီးခဲ့တဲ့ လက်ကွက်၊ လက်ချောင်းတွေ အတူတူပါပဲ ။ Note ချင်း တူညီပြီး octave ကွဲသွားတာပါပဲ ။ တီးကြည့်ပါ ။ အသံနိမ့်တွေလည်း ဖီလင်တစ်မျိုးတစ်မျိုး ရှိပါတယ် ။
Ex - 172
Ex - 173
Ex - 174
Ex - 175
Ex - 176
ဒီဟာက octave လေ့ကျင့်ခန်းပါ ။ နုတ်တွေရဲ့ အသံတစ်ပြန်ကို မှတ်မိဖို့ အထောက်အကူ ဖြစ်ပါတယ် ။ နှုတ်က G G F F E E … စသည်ဖြင့် ရွတ်ပြီး နှေးနှေးမှန်မှန် တီးပေးပါ ။ တီးခဲ့သမျှ နုတ်အားလုံး ပါဝင်ပါတယ် ။
Ex - 177
Ex - 178
Ex - 179
Ex - 180
ဒီplanကတော့ ဒီလောက်ပါပဲ ။ Rhythmမှာ လေ့ကျင့်ခန်းများထားတော့ နုတ်ဘက်မှာ နဲနဲလျော့ ပေးလိုက်တာပါ ။ နောက်planကျမှ နုတ်များများ တီးတာပေါ့ … ။ ဘိုင် …. ။ ။
ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)
No comments:
Post a Comment