Warm-up
Ex - 135
Ex - 136
Ex - 137
Ex - 138
Common-time လို့ခေါ်တဲ့ 4/4 timing တွေ အများကြီး လေ့ကျင့်ခဲ့ပြီးပါပြီ ။ ဒီနေ့ Timing အသစ်တစ်ခု လေ့ကျင့်ရအောင်ဗျာ ။ ¾ timing လို့ခေါ်တဲ့ ဂျိမ်းတုပ်တုပ်(waltz-time)ပါ ။ ¾ timing ဆိုတဲ့ အတွက် ၁ဘားမှာ စည်းချက် ၃ချက် ရှိပါတယ် ။ အတိုကောက် မှတ်သားဖို့က ( Three crotchets in a Bar / ၁ဘားအတွင်း Quarter-noteတန်ဖိုး စည်း၃ချက်ရှိသည့် နရီအမျိုးအစား) ဖြစ်ပါတယ် ။ Time signaturesကို plan-1မှာ ရှင်းပြခဲ့ပြီးပါပြီ ။ အပေါ်က ဥပမာပုံမှာလည်း ထပ်ရှင်းပေးထားပါတယ် ။ crotchet ဆိုတာ Quarter-note ရဲ့ အခေါ်အဝေါ် တစ်မျိုးပါ ။ ¾ ဟာ အလွန်စွဲဆောင်မှုရှိတဲ့ စည်းချက်တစ်မျိုး ပဲဖြစ်ပါတယ် ။ ရေတွက်တဲ့အခါမှာ ONE, two, three လို့ ရေတွက်ရပါတယ် ။ သတိထားစရာတစ်ခု ကတော့ ¾ timeရဲ့ beat-1ဟာ strong ဖြစ်ရပါမယ် ။ အဲဒါကြောင့် ပထမစည်းချက် (ONE)ကို သိသာထင်ရှားအောင် အနည်းငယ်အားစိုက်ပြီး (accentလုပ်၍) အသံကျယ်ကျယ် တီးခတ်ပေးရပါမယ် ။ ONE, two, three / STRONG, weak, weak ဟူ၍ဖြစ်ပါတယ် ။ ပိုပြီးနားလည် သဘောပေါက်သွားအောင် အောက်က လေ့ကျင့်ခန်းတွေကို တီးခတ်ပြီးနားထောင်ကြည့်ပါ ။ ။
(*ပထမစည်းချက်တိုင်းကို Accent/အသံကျယ်ကျယ် တီးခတ်ပေးပါ ။ )
(*ပထမစည်းချက်တိုင်းကို Accent/အသံကျယ်ကျယ် တီးခတ်ပေးပါ ။ )
Ex - 139
Ex - 140
Timingသစ်နှင့် အတူ chordသစ် ၃ခုကို လေ့ကျင့်ပါမယ် ။ လက်ချောင်းနံပါတ်များ ၊ မတီးခတ်ရတဲ့ ကြိုးများကို ပုံမှာ ဖော်ပြထားပါတယ် ။ အဆင်ပြေမှာပါ ။
Ex - 141
အခုတီးခတ်ခဲ့တဲ့ 1, 2and, 3 ဆိုတဲ့ Rhythm-patternလေးက အလွန်အသုံးများပါတယ် ။ ¾ timing သီချင်း ၈၀%နှုန်းလောက်ကို ဒီpatternဖြင့် တီးခတ်ကြပါတယ် ။ နောက်လေ့ကျင့်ခန်းက ထမင်းစားကော့ဒ်တွဲလေးပေါ့ ။ (နောက်တာပါ … ဆရာကြီးတွေဝိုင်းရိုက်အုံးမယ်) ။ တကယ်ပါ ။ ex-142နဲ့ သီချင်း အပုဒ်၁၀၀လောက် ခင်ဗျား စိတ်ကူးရှိသလို ဖန်တီးလို့ရပါတယ် ။ စိတ်နာနာနဲ့ အခေါက်၁၀၀လောက် တီးပစ်လိုက်ဗျာ … ။ ။
Ex - 142
Ex - 143
ex-144&145 ကိုတီးတဲ့အခါ နောက်ဆုံး strumဖြစ်တဲ့ 3andကို သတိထားပြီး ပါဝင်အောင် တီးပေးပါ ။ နောက်တစ်ဘားမရောက်မီ ကော့ဒ်ကိုကြိုတင် မလွတ်မိပါစေနဲ့ ။ ။
Ex - 144
Ex - 145
၅ကြိုးပေါ်မှ နုတ်များ
ပုံကိုကြည့်ပါအုံး ။ နုတ်တွေက staff-line ထဲမှာ မဟုတ်တော့ဘူး ။ ခင်ဗျားတို့ အသားကုန်တီးလိုက်တာ နုတ်တွေတောင် ကြောက်ပြီး အပြင်ထွက်လာပြီ … ဟား ဟား ။ (အဲလိုလည်း ဟုတ်ပါဘူး ။ သံစဉ်တွေအများကြီးရှိတဲ့ ဂီတသံတွေကို မျဉ်း၅ကြောင်းတည်းနဲ့ ရေးဖို့ ဘယ်လုံလောက်မလဲဗျာ ... နော့ ။) staff-noteမှာ သံစဉ်တွေရေးတဲ့အခါ အသံမြင့်တွေကို staff-linesတွေရဲ့ အပေါ်ဘက် နှင့် အသံနိမ့်များကို staff-linesတွေရဲ့ အောက်ဘက်တွေမှာ တိုးချဲ့ပြီး ရေးသားနိုင်ပါတယ် ။ staff-linesရဲ့ အပေါ် (သို့မဟုတ်) အောက်ဘက်သို့ ဆင်းလာတဲ့နုတ်တွေကို ledger-lineတိုလေးများနှင့် ရေးသားပါတယ် ။ ထို့ကြောင့် ၄င်းနုတ်များကို ledger-note လို့ခေါ်ပါတယ် ။ အခုပုံမှာ တွေ့နေရတာကတော့ staff-lineတွေရဲ့အောက်ဘက် (အသံနိမ့်) ၅ကြိုးပေါ်မှ ledger-note တွေပဲဖြစ်ပါတယ် ။ အလွယ်မှတ်ထားဖို့ကတော့ ledger မျဉ်းတစ်ကြောင်းပေါ်က - C , ledger မျဉ်းတစ်ကြောင်း အောက်က - B , ledger မျဉ်း ၂ကြောင်းတွေ့ရင် - A တို့ပဲဖြစ်ပါတယ် ။ staff ၅လိုင်း ထက်တောင် မှတ်ရလွယ်သေး နော် ။ အလွတ်မှတ်မိအောင် ကြည့်လိုက်ပါ ။ ပြီးရင်အောက်မှာ လေ့ကျင့်ခန်းတွေစောင့်နေတယ် ။
Ex - 146
Ex - 147
(Eight note များကို down-up stroke တီးပေးပါ)
Ex - 148
Ex - 149
Ex - 150
Ex - 151
Ex - 152
Ex - 153
Ex - 154
2/4 time ဆိုတာ ၁ဘားမှာ Quarter-note စည်း၂ချက်ရှိတဲ့ timing တစ်ခုပါ ။ ခြေ၂ချက်ပုတ်ရင် ၁ဘား ဖြစ်နေပါပြီ ။ country & folk songတွေမှာ ရေးသားလေ့ရှိပါတယ် ။
No comments:
Post a Comment