16 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-11

Warm-up

ဒီplanကစပြီး Eight note fingering တွေတီးပါမယ် ။ ဖြေးဖြေးမှန်မှန်ပဲကျင့်ပါ ။

Ex - 181

Picture


Ex - 182

Picture


Ex - 183

Picture

ကပ်စေးနဲပြီး ၃ခုတည်းပေးထားတာ မဟုတ်ပါဘူး ။ ဒီ patternတွေ အားလုံး ခင်ဗျားတို့ တီးခဲ့ပြီးပါပြီ ။ Quarter note ကို Eight note လုပ်လိုက်တာပါ ။ ခင်ဗျားတို့ ကိုယ်တိုင်လည်း note valuesတွေ ၊ Fretတွေ ပြောင်းပြီး လေ့ကျင့်နိုင်ပါတယ် ။ ဒီပုံစံကိုပဲ ဂစ်တာလက်တံ နောက်ပိုင်းအထိ တီးသွားလည်း ရပါတယ် ။ ။ အချိန်ရရင် လေ့ကျင့်ပေးပါ ။
Rhythm sectionအတွက် ဂစ်တာကော့ဒ်အသစ် ၃မျိုးလေ့ကျင့်ပါမယ် … ။
Picture
လက်ချောင်းတွေ၊ လွှတ်ကြိုးတွေ၊ အသံမထွက်ရတဲ့ကြိုးတွေကို မှတ်သားပါ ။ ကော့ဒ်အကူး အပြောင်းတွေမှာ ဂရုတစိုက် တီးပေးပါ ။ ။ 2bars rhythm patternတွေ ချည်းပါပဲ ။ 4& / စတုတ္ထစည်းချက်အကြွမှာ tie လုပ်ထားပါတယ် ။ သတိထားပေးပါခင်ဗျာ .. ။ ။

Ex - 184

Picture


Ex - 185

Picture


Ex - 186

Picture
ကိုညီထွဋ်ရဲ့ ဂျစ်ပစီဖိုးထောင် (အဲ) ဂျစ်ပစီမိုးတိမ် ကော့တွဲလေးပါ ... :) :) :)

Ex - 187

Picture


Ex - 188

Picture
ဒါကတော့ တီးခဲ့သမျှ Major7 chordတွေပါ … ။

Ex - 189

Picture


Rhythm with Bass note

Rhythmကို bass noteလေးတွေ ထည့်တီးရမယ့် လေ့ကျင့်ခန်းတွေ လာပါပြီ ။ bass note တွေဖြစ်လို့  ၅ကြိုးနှင့်၆ကြိုးပေါ်မှာပဲ တီးမှာပါ ။ လှပသလို လွယ်ကူပါတယ် ။ ကျွန်တော် Guitar proနဲ့ staff line ထဲမှာ ကော့ဒ်ရိုက်ချက် (strum)ကို ထည့်ရေးလို့မရလို့ Tab-noteနဲ့ တွဲပြီးပြထားပါတယ် ။ နုတ်တွေ အများကြီးပူးနေလို့ မလန့်ပါနဲ့ ။ အပေါ်ကကော့ဒ်သာ ခတ်လိုက်ပါ ။ ကော့ဒ်တွေကို ရေးတဲ့အခါ အဲဒီလိုပါပဲ ။ နောက်ပိုင်း သီအိုရီမှာရှင်းပြပါမယ် ။ ။

Ex - 190

Picture
လွယ်ပါတယ်နော် ။ ရှုပ်နေရင် အသံဖိုင်လေးကို နားထောင်လိုက် ။ သဘောပေါက်သွားမှာပါ 

Ex - 191

Picture


Ex - 192

Picture


Ex - 193

Picture
Rhythm section ပြီးပါပြီ ။ Note section တီးပါမယ် ။ ခင်ဗျားတို့ တီးခဲ့ပြီးသမျှ နုတ်တွေကို ပြန်ကြည့်ကြရအောင် ။
Picture
First postion / open postion လို့ခေါ်တဲ့ ဂစ်တာရဲ့ရှေ့ပိုင်းက နုတ်တွေအားလုံးကို ခင်ဗျားတီးပြီး သွားပါပြီ ။ အားလုံးပေါင်း ၁ရလုံး ရှိပါတယ် ။ တကယ်ကို အရေးကြီးတဲ့ အခြေခံနုတ်တွေ ဖြစ်တဲ့အတွက် ကျေညက်အောင် လေ့ကျင့်ခန်းတွေ ထပ်ပေးထားပါတယ် ။ လေ့ကျင့်ခန်းပေမယ့် ပျင်းစရာမကောင်းတော့ပါဘူး ။ ရိုးရာသီချင်း ပုံစံလေးတွေပါ ။ ပျော်စရာလေးပါဗျာ ။

အခု လေ့ကျင့်မှာကတော့ Duet ပုံစံလေးတွေပါ ။ Duet ဆိုတာ တူရိယာ၂ခု (သို့) နုတ်၂လိုင်းကို တပြိုင်တည်း တီးခြင်းပါ ။ အောက်မှာပေးထားတဲ့ လေ့ကျင့်ခန်း ex-194a နှင့် ex-194bကို တစ်လိုင်းချင်း လေ့ကျင့်ပါမယ် ။ ပြီးတော့မှ ex-194c မှာ အဲဒီနှစ်ခုကို ပြန်ပေါင်းပြီး တီးပါမယ် ။ ။

Ex – 194a

Picture


Ex – 194b

Picture


Ex – 194c

Picture
၁လိုင်းချင်း သေချာအောင် လေ့ကျင့်ပါ ။ ပေးထားတဲ့ နုတ်တန်ဖိုးများကို အတိအကျတီးပေးပါ ။ Half-note တွေဖြစ်တဲ့ ex-194b ကို ex-194c မှာ တီးတဲ့အခါ တတိယဘား၊စည်းချက်၃မှ Dကို Half-note အပြည့်ဖြစ်အောင် ဂရုစိုက်ပေးပါ ။

အောက်မှာ duet နောက်တစ်မျိုး ပေးထားပါတယ် ။ အဲဒါကတော့ တကယ့် duet ပါ ။ နှစ်ယောက်၊ ဂစ်တာ၂လုံးတီးရမှာပါ ။ staff၂ခုကို ဘေးမှဘောင်ခတ်ပေးထားပါတယ် ။ တူရိယာ၂ခု (သို့) ဂစ်တာ၂လုံးတီးရမယ့် သဘောပါ ။ Gt-1ဆိုတာက ဂစ်တာ-၁ ၊ Gt-2ဆိုတာက ဂစ်တာ-၂ ပါ ။

Gt-1တီးလျင် သီချင်းအစမှအဆုံး Gt-1 အပိုင်းကိုသာ တီးရပါမယ် ။ Gt-2 တီးရင်လည်း အစအဆုံး Gt-2 အပိုင်းကိုသာ တီးရပါမယ် ။ သူငယ်ချင်းတစ်ယောက်နှင့် တွဲကျင့်ပါ ။ သူငယ်ချင်းမရှိရင်လည်း တစ်ယောက်တည်းတီးပေါ့ ။ :)

Ex - 195

Picture

တီးရတာ မိုက်ပါတယ် နော် ။ ဒီတစ်ခါ သီချင်းထဲမှာ ကော့ဒ်လေးတွေ ထည့်တီးပါမယ် ။ ကော့ဒ်အပြည့် မဟုတ်ပါဘူး ။ inversion တစ်ခုသာ ပါဝင်တဲ့ ကော့ဒ်ပြတ်လေးတွေပါ ။ လေ့ကျင့်ခန်း မစခင် အောက်ကပုံကိုကြည့်ပြီး စမ်းကြည့်လိုက်ပါ ။ အလုံးထပ်နုတ်တွေ ဖတ်တဲ့အခါ အသံနိမ့် ကနေစပြီး ဖတ်ရပါတယ် ။ staff-line အောက်မှအပေါ် ၊ ဂစ်တာကြိုးကြီးမှ ကြိုးသေး စသည်ဖြင့်ပါ ။ G-C-E (C-chord) , G-B-F (G7-chord) , G-B-G (G-chord) ။ မြင်တာနဲ့ သိနေအောင် လက်ကရောက်အောင် မှတ်ထားလိုက်ပါ ။
Picture

Ex - 196

Picture


Ex - 197

Picture


Pick up notes

သီချင်းတိုင်း သံစဉ်တိုင်းဟာ ပထမစည်းချက် ရောက်မှ စတီးကြတာမဟုတ်ပါဘူး ။ ပထမစည်းချက် မရောက်ခင် ကြိုတီးရတဲ့ သံစဉ်တွေလည်း ရှိပါတယ် ။ အဲဒီလို ကြိုတင်တီးရတဲ့ အတွက်ကြောင့် အကြိုနုတ်(pick-up note) လို့ခေါ်ခြင်းပါ ။ အောက်မှာပေးထားတဲ့ ex-198 ကိုကြည့်ပါ ။ ပထမဘားမရောက်ခင် စည်းချက်၎တွင် ကြိုတင်၍ Gနုတ်ကို တီးထားပါတယ် ။ pick-up note မတီးခင် missing beatsတွေဖြစ်တဲ့ ရှေ့ကမတီးခဲ့သော စည်းချက်များကို ခပ်ကျယ်ကျယ် ရွတ်ဆိုပေးရပါမယ် ။ ex-198သည် စည်းချက်၎တွင် တီးခြင်းဖြစ်၍ ရှေ့ကမတီးခဲ့သော စည်းချက် ၁၊၂၊၃ကို ရွတ်ဆိုပြီး စည်းချက်၎ရောက်မှ Gနုတ်ကို စတင်တီးခတ်ရပါမယ် ။ Dotted-notes များလည်း ပါဝင်ပါတယ် ။ သတိထားနဲ့ ဆွဲလိုက်ပါအုံး ။ 

Ex - 198

Picture

pick-up note ပါဝင်တဲ့ သီချင်းများရဲ့ထူးခြားချက်ကတော့ သီချင်းစစချင်းတီးခဲ့တဲ့ pick-up note တန်ဖိုးကို နောက်ဆုံးဘားမှာ နှုတ်ပေးရပါတယ် ။ex-198 နှင့် ex-199 တို့ကို ကြည့်ပါ ။ နောက်ဆုံးဘားတွေမှာ 4/4 timing ပေမယ့် နုတ်တန်ဖိုးအပြည့် မပါဝင်တော့ပါဘူး ။ စစချင်း တီးခဲ့ တဲ့ pick-up note တန်ဖိုးဖြစ်တဲ့ quarter note တစ်လုံး နှုတ်ထားခြင်းပါ ။
ex-199ကို မတီးခင် ကြော်ငြာသီချင်းတစ်ပုဒ်လောက် ဆိုလိုက်အုံးနော်.. ။ (ကူညီပါရစေ .. ကူညီပါရစေ ခင်ဗျ) :P

Ex – 199

Picture
Picture

ရွှင်လန်းချမ်းမြေ့ပါစေ
(လူတစ်ယောက်)

No comments:

Post a Comment