16 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-13

Warm-up

Ex - 207

Picture


Ex - 208

Picture


Ex - 209

Picture
ဒီနေ့တော့ Rhythm ကိုနောက်ဆုံးမှ တီးပါမယ် ။ နုတ်တွေကို အရင်လေ့ကျင့်ပါမယ် ။ အသစ်လေ့ကျင့်မယ့် နုတ်တွေမှာ sharp( ♯ ) , flat( ♭ ), natural( ♮ ), ဆိုတဲ့ accidental sign တွေ ပါလာပါပြီ ။

Accidentals (Sharps , Flats and Naturals)

Sharps ♯

Sharpဆိုတဲ့ signကို တွေ့တဲ့အခါ sharp ရေးထားတဲ့ နုတ်ရဲ့ အသံကို (Half-step) အသံတဝက်မြင့် တီးပေးရပါမယ် ။ ဂစ်တာမှာဆိုရင် နုတ်ရဲ့ ရှေ့ကပ်လျက် အကွက်မှာပါ ။ ဂစ်တာရဲ့ လက်ကွက်(fret) တစ်ခုဟာ one half step ရှိပါတယ် ။ ဥပမာ - F♯ ကို တီးတဲ့အခါ Fရဲ့ လက်ယာဘက်ကို (Fနှင့်Gကြား)  တစ်ကွက်ရွှေ့ တဝက်သံမြှင့်ပြီး တီးပေးရပါတယ် ။ sharp sign ကိုတီးခတ်မည့် နုတ်မတိုင်မီ ရှေ့မှာ ကြိုတင် ရေးသားပေးရပါတယ် ။ အောက်မှာ ပေးထားတဲ့ ဥပမာပုံမှာ ကြည့်ပါ ။
Picture
ပထမဘားမှာ F , F , G , G … ။ ဒုတိယဘားမှာ C , C , D , D ….  ( ♯ များကို တီးခတ်ရမည့်နုတ်မတိုင်မီရေးသားထားပါတယ် ။)

Flats 

Flatဆိုတဲ့ signကတော့ အသံတဝက် (Half-step) နှိမ့်ပြီး တီးရပါတယ် ။ နုတ်ရဲ့ နောက်ဘက် ကပ်လျက် အကွက်မှာပါ ။ flat sign ကိုလည်းတီးခတ်ရမယ့် နုတ်မတိုင်မီ ရေးသားရပါတယ် ။
Picture
ပထမဘားတွင် G , G♭, F , E …  ။ ဒုတိယဘားတွင် E♭, D , D♭, C , B စသည်ဖြင့်ပါ ။ sharp (သို့မဟုတ်) flat sign ကို တစ်ခါထည့်ရေးပြီးတဲ့အခါ ၄င်းနောက်မှနာမည်တူ နုတ်များ အားလုံးကို ၁ဘားအတွင်း sign ထပ်ရေးစရာ မလိုအပ်တော့ဘဲ sharp (သို့) flat လုပ်ပြီးတီးပေးရပါမယ် ။ အောက်မှဥပမာပုံကိုကြည့်ပါ ။
Picture
ရှေ့မှာ F♯ လို့ ရေးထားပြီး နောက်က Fမှာ ထပ်မရေးထားပေမယ့် ၁ဘားအတွင်းက နုတ်ဆိုရင် sharpလုပ်ပြီး တီးပေးရပါမယ် ။ ♭ လည်း ဒီအတိုင်းပါပဲခင်ဗျာ ။ Flat တစ်ခါရေးပြီးရင် ထိုဘားအတွင်းရှိတဲ့ ၄င်း၏ အမည်တူနုတ်များကို flat လုပ်ပြီး တီးပေးရပါတယ် ။ ၄င်းတို့ရဲ့တန်ဖိုး (flat,sharp) အကျိုးဆက်ကို ဖြောက်ချင်တယ် ဆိုရင်တော့ Natural( ♮ ) ဆိုတဲ့ signကိုထည့်ပေးရပါမယ် ။

Natural 

Naturalကတော့ သဘာဝပေါ့ဗျာ :D ။ Flat/sharp လုပ်ထားတဲ့ နုတ်တွေကို မူလသဘာဝအတိုင်း Flat/sharpမပါဘဲ ပြန်ပြောင်းချင်တဲ့အခါမှာ natural sign ကိုရေးပေးရပါတယ် ။
Picture
ပထမဆုံးဘားမှာ Fကို sharpလုပ်၍ တီးပါတယ် ။ အဲဒီနောက် F-natural ကိုပြောင်းတီးချင်တဲ့အခါ Fရဲ့ရှေ့မှာ natural sign ကို ရေးပေးရပါတယ် ။ ကျန်တဲ့ဘားများလည်းအလားတူပါပဲ … J
OK ! လေ့ကျင့်ခန်းတွေစလိုက်ရအောင် ။ ပထမဆုံးတီးမှာကတော့ F ♯ နုတ်တစ်မျိုးတည်းပါ ။
Picture
နဲနဲရှုပ်နေလားမသိဘူး :D ။ တီးရမယ့်လက်ကွက်နှင့် လက်ချောင်းနံပါတ်တွေ အတူတူပါ ။ ၃ကြိုးက F#ကို တီးတဲ့အခါ လက်သန်းနဲ့တီးဖို့ သတိထားပေးပါ ။ လက်တွေ့စလိုက်ရအောင် ။

Ex - 210

Picture


Ex - 211

Picture


Ex - 212

Picture


Ex - 213

Picture
နုတ်အမည်တွေကို ရေးပေးထားပါတယ် ။ အလေ့အကျင့်ရအောင် များများသာတီးလိုက်ပါ ။ သီချင်းလေးတစ်ပုဒ် တီးလိုက်ပါအုံး ။

Ex - 214

Picture
အခု F# note ကို နားလည်ပါပြီ ။ သီချင်းတစ်ပုဒ်မှာ ပါသမျှ F#တွေကို လိုက်ရေးနေမယ်ဆို အချိန်ကုန် မျက်စိရှုပ်ပါတယ် ။ အဲလိုမရေးရအောင် key signatureကို အသုံးပြုပြီးရေးပါတယ် ။ Key signature ဆိုတာ Keyတစ်ခုမှာပါဝင်တဲ့ flat/sharp တွေကို စုစည်းဖော်ပြထားတဲ့ အမှတ်အသားတစ်ခုပါ ။ Staff၏ Clef sign နှင့် time signature တို့ရဲ့ကြားမှာ ရေးသားပါတယ် ။
Picture
ဒါကတော့ sharp key တစ်ချို့ရဲ့ဥပမာပါ ။ Key signature ကိုကြည့်ဖို့ Major scalesကိုလည်း သိထားရပါတယ် ။ Scales & key signatures တွေကို အခြေခံဂီတသီအိုရီ မှာ အသေးစိပ် ရှင်းပြထားပါတယ် ။ လောလောဆယ် သဘောတရားလောက်သိရင် ရပါပြီ ။ ပထမဆုံး … Natural scale ခေါ်တဲ့ accidentals (flat/sharp) လုံးဝမပါဝင်တဲ့ C Major scale ကို သိဖို့လိုပါတယ် ။ C Major scale ကတော့ ….
Picture
Flat / Sharp လုံးဝမပါဝင်တဲ့အတွက် C major key signature မှာ accidentals sign လုံးဝမရေးထားပါဘူး ။ ဒါကြောင့် C Major key ကို Natural key လို့လည်း ခေါ်ပါတယ် ။ ခင်ဗျား တို့တီးခဲ့သမျှ လေ့ကျင့်ခန်းအားလုံး Natural key တွေပါပဲ ။ အခုလေ့ကျင့်မှာက one sharp key လို့ခေါ်တဲ့ G Major key ပါ။ G Major scale မှာ ပါဝင်တဲ့ နုတ်တွေကတော့ …
Picture
G major scale မှာတော့ F#ဆိုတဲ့ sharp note တစ်လုံးပါဝင်ပါတယ် ။ ဒါကြောင့် G major key ကိုတီးတဲ့အခါ #sign ကို staff ရဲ့ 5th line မှာရေးသားပြီး ပါဝင်သမျှ F note အားလုံးကို sharp လုပ်၍ တီးခတ်ရပါတယ် ။ ဥပမာပုံမှာ ရှင်းလင်းထားပါတယ် ။
Picture
လက်တွေ့တီးခတ်ကြည့်ပါမယ် ။ F noteများကို #လုပ်ဖို့ သတိထားပေးပါ ။

Ex - 215

Picture

Ex - 216

Picture

Ex - 217

Picture


C sharp

Picture
ဒီတစ်ခါ C# note ပါဝင်တဲ့ လေ့ကျင့်ခန်းတွေကို တီးပါမယ် ။ ပုံမှာပြထားသလိုပါပဲ ။

Ex - 218

Picture


Ex - 219

Picture


Ex - 220

Picture
Restတွေ ပါဝင်ပါတယ် ။ စိတ်အေးအေးထား ခြေထောက်ပုတ် ပါးစပ်ကရွတ်ပြီးတီးပေးပါ ။ J.S.Bach တီးလုံးလေးနှင့် ငြိမ့်လိုက်ပါအုံး ။ ။

Ex - 221

Picture


Rhythm section

12 bars chord progressions အတွက် chordအသစ်တစ်ချို့ လေ့ကျင့်ပါမယ် ။
Picture
E6 & E7 chords ပါ ။ ပုံမှာပြထားတဲ့အတိုင်း လက်သန်းတစ်ချောင်းတည်း ကစားရုံပါပဲ ။
Picture
A , A6 , A7 ကို တီးခတ်ရာတွင်လည်း လက်သန်းတစ်ချောင်းကိုသာ ကစားပြီးတီးပါမယ် ။

Ex - 222

12 Bars chord progression

Picture
လေ့ကျင့်ခန်းကို repeat sign ရောက်တဲ့အခါ အစကိုပြန်သွားပြီး ၂ခေါက်တီးရပါမယ် ။ အစအဆုံး ၂ခေါက်တီးပြီးတဲ့အခါ နောက်ဆုံးဘားမှာ pause sign ရေးထားတဲ့အတွက် E7 chordကို တီးချပြီး အဆုံးသတ်လိုက်ရပါမယ် ။

Ex - 223

Picture
ဒီစာအုပ်အစကနေ လေ့ကျင့်လာခဲ့သမျှ chordများ အားလုံးဟာ ဂစ်တာနောက်ပိုင်း (ခေါင်းပိုင်း)မှာ တီးရတဲ့ လွှတ်ကြိုးများပါဝင်တဲ့ open chord တွေပဲဖြစ်ပါတယ် ။ အခု Bar chord / Barre chord များကို လေ့ကျင့်ပါမယ် ။ Bar chordsများရဲ့ ထူးခြားချက်ကတော့ ကော့ဒ်ပုံစံတစ်ခုကိုင်ထားပြီး fretပေါ်မှာ နေရာရွှေ့လိုက်ရုံဖြင့် ကော့ဒ်သစ်များ ထပ်မံရရှိခြင်းပဲ ဖြစ်ပါတယ် ။့အဲဒါကြောင့် Bar chords များကို Moveable chords လို့လည်းခေါ်ပါတယ် ။ Bar chords များမှာ Root-6 chords နှင့် Root-5 chords ဆိုပြီး နှစ်မျိုးရှိပါတယ် ။ Root ဆိုတာတော့ Chordရဲ့ မူလသံကို ပြောတာပါ ။ မူလသံ ဆိုတာ F chord မှာ F ကမူလသံဖြစ်ပြီး ၊ G chord မှာ G ဟာမူလသံဖြစ်ပါတယ် ။ ရှင်းပါ့ .. နော်  Root-6 chord ကတော့ ၆ကြိုးပေါ်မှာ Root ရှိတဲ့ကော့ဒ်ဖြစ်ပြီး ၊ Root-5 chord ဆိုတာကတော့ ၅ကြိုးပေါ်မှာ Root ရှိတဲ့ကော့ဒ်များ ဖြစ်ကြပါတယ် ။ Bar chords များကို Root များနှင့်တွဲပြီး ကျက်မှတ်ထားရပါမယ် ။ 
Picture
ဂစ်တာ ၅ကြိုးနှင့် ၆ကြိုးပေါ်မှ Rootများ တည်ရှိသော နေရာများဖြစ်ပါတယ် ။ B နှင့်C ၊ E နှင့် F တို့သည် ကပ်လျက်ရှိကြပြီး ကျန်တဲ့ Rootတွေကတော့ တစ်ကွက်ကျော်များဖြစ်ပါတယ် ။ ၄င်းတို့ကြားထဲတွင် flat/sharp များ ရှိကြပါတယ် ။
Picture
ပုံကိုကျက်စရာမလိုပါဘူး ။ တီးရင်း လေ့ကျင့်ရင်းနှင့်ပဲ အလွတ်ရသွားမှာပါ ။
Picture
Root-6 Bar chord တွေရဲ့ပုံပါ ။ Bar chord များကို ကိုင်ရာတွင် လက်ညိုးကို ဘားတန်းသဖွယ် အသုံးပြုပြီး ကိုင်ရပါတယ် ။ F chord ကိုပုံမှာ ပြထားသည့်အတိုင်း fret-1တွင် လက်ညိုးဖြင့် ၆ကြိုးလုံးချုပ်ပြီး ကိုင်ရပါသည် ။ ထိုကော့ဒ်အတိုင်း လက်ညိုးကို fret-3 သို့ရွှေ့လိုက်သောအခါ G chord ဖြစ်ပြီး ၊ Fret-5 သို့ ရွေ့လိုက်ရင်တော့ A chord အဖြစ် ပြောင်းလဲသွားပါတယ် ။

Ex - 224

Picture
ကော့ဒ်အားလုံးကို bar chords ဖြင့်သာတီးရပါမယ် ။ အပေါ်တွင် လက်ညိုးထားရမည့် fretများကို ရေးပေးထားပါတယ် ။

Ex - 225

Picture
အပေါ်က လေ့ကျင့်ခန်းမှာ A,G,F တို့က Bar chordများဖြစ်ပြီး E ကတော့ open chordပါ ။
Picture
ဒါကတော့ Root-5 Bar chord တွေရဲ့ပုံပါ ။ B♭ chord ကိုပုံမှာ ပြထားသည့်အတိုင်း fret-1တွင် ၁ကြိုးမှ ၅ကြိုးအထိ လက်ညိုးဖြင့်ချုပ်ပြီး ကိုင်ရပါမယ် ။ လက်သူကြွယ်ဖြင့် fret-3တွင် ၂ကြိုး၊ ၃ကြိုး၊ ၄ကြိုးတို့ကို ဖိထားရပါမယ် ။ စတင်လေ့ကျင့်သူများအတွက် အတန်ငယ်ခက်ခဲတဲ့ ကော့ဒ်တွေဖြစ်လို့ စိတ်ရှည်ရှည်ဖြင့် လေ့ကျင့်ပေးပါ ။ ထိုကော့ဒ်ပုံစံအတိုင်း လက်ညိုးကို fret-3 သို့ရွှေ့လိုက်တဲ့အခါ C chord ဖြစ်ပြီး ၊ Fret-5 သို့ရွေ့လိုက်ရင်တော့ D chord အဖြစ် ပြောင်းလဲသွားပါတယ် ။ Root-5 Bar Chords များတွင် ၆ကြိုးကို အသံမထွက်ရပါ ။

Ex - 226

Picture

Ex - 227

Picture

Ex - 228

Picture
Root နှင့် Fretကို ရေးပေးထားပါတယ် ။ နောက်ပိုင်းတွင် Rootကိုသာ ရေးပါတော့မယ် ။

Ex - 229

Picture
Rootတွေပဲ ရေးပါတော့တယ် ။ R-5 ဆိုတာ Root-5ပါ ။ နေရာမဆန့်လို့ အတိုရေးလိုက်တာပါ။

Ex - 230

Picture
ဂုဏ်ယူပါတယ် ။ ခင်ဗျားတို့ အခြေခံဂစ်တာသင်ခန်းစာရဲ့ လေ့ကျင့်ခန်းတွေအားလုံး တီးခတ် ပြီး သွားပါပြီ ။ ဂစ်တာကို အတော်အတန် ရင်းနှီးသွားပြီဖြစ်တဲ့အတွက် သီချင်းတစ်ချို့ကို စတင်တီးခတ် ပါမယ် ။ (ထွက်မပြေးပါနဲ့တော့နော် ) :D နောက်ပိုင်းဆို လေ့ကျင့်ခန်းနှင့် သီချင်းတွေ တွဲပြီးလေ့ကျင့်ရတော့မှာပါ ။ plan ၁၂ခုလောက်ပဲ ညစ်လို့ရတုန်း ညစ်ထားတာ … ။ :D
အခုတီးမယ့် သီချင်းကတော့ John Denver ရဲ့ For Baby ဆိုတဲ့သီချင်းလေးပါ ။ country styly သီချင်းလေးဖြစ်လို့ တီးရတာ ပျော်စရာကောင်းပါတယ် ။ သီချင်းမှာပါဝင်တဲ့ တီးလုံးတွေ လက်ခတ်တွေကို အရင်ဆုံးလေ့ကျင့်ကြပါမယ် ။

Ex - 231

Picture
သီချင်းရဲ့ Introလေးပါ ။ 1 sharp key ဖြစ်ပေမယ့် F# note တီးမထားတော့ လွယ်ပါတယ် ။ အလွတ်ရအောင်သာ ကျင့်လိုက်ပါ ။

Ex - 232

Picture
ဒါက Outro (သို့) Ending လို့ခေါ်တဲ့အဆုံးသတ်လေးပါ ။

Suggest Rhythm

Picture
Suggest Rhythm ကိုတော့ 1& 2 3& 4 pattern ဖြင့် တီးကြပါမယ် ။ 1& နှင့် 3& မှာ အပေါ်ကြိုးများကို ဦးစားပေးတီးခတ်ပြီး 2 နှင့် 4မှာတော့ အောက်ကြိုးများကို ဦးစားပေးတီးပါမယ် ။ နောက်ထပ်လိုက်ဖက်တဲ့ patternတွေလည်း ရှိပါတယ် ။ 1 2& 3& 4 / 1& 2& 3& 4 စတဲ့လက်ခတ်တွေပါ ။ သီချင်းဖွင့်ပြီး band moodနဲ့ ဒီလက်ခတ်ဖြင့် လေ့ကျင့်ပါ ။ တစ်ယောက်တည်း ဆိုတီးတဲ့အခါတွေမှာတော့ ပိုပြီးမြိုင်စေချင်ရင် ရွေးပေးထားတဲ့ တခြားလက်ခတ်လေးတွေနှင့်လည်း စမ်းတီးကြည့်ပါ ။ ပုံစံတစ်မျိုး အရသာတစ်မျိုး ထွက်လာပါလိမ့်မယ် ။

Ex - 233

Picture
နောက်ဆုံးက repeat sign ရဲ့ဘားပေါ်မှာ x3 လို့ရေးထားပါတယ် ။ အဲဒါကတော့ Verse ကနေ အဲဒီနေရာအထိ ၃ခေါက်တီးဖို့ ပြောတာပါ ။ 1-2 ဆိုပြီးတော့ အပေါ်ကမျဉ်းသားထားတာကတော့ Alternate ending လို့ခေါ်ပါတယ် ။ ပထမကျော့နှင့် ဒုတိယကျော့တီးတဲ့အခါ အဲဒီအပိုင်းကို တီးပါမယ် ။ တတိယကျော့ပြန်ဆင်းလာတဲ့ အခါမှာတော့ အဲဒီအပိုဒ်ကို မတီးတော့ဘဲ 3လို့ရေးပြီး မျဉ်းသားထားတဲ့ အပိုဒ်ကိုတီးရပါမယ် ။ သီချင်းလေးဖွင့်ပြီး လေ့ကျင့်လိုက်ပါ ။ သဘောပေါက်သွား မှာပါ …. ။

ဒီသီချင်းလေးနဲ့ အပန်းပြေမယ်ထင်ပါတယ် ။ နောက်ပိုင်းမှာ planတစ်ခုကို သီချင်းတစ်ပုဒ်စီ လေ့ကျင့်သွားပါမယ် ။ ဒီစာအုပ်ကို အစကနေအဆုံးအထိ တီးပြီးပြီဆိုရင် ဒီဝက်ဆိုက်က အခြေခံဂစ်တာစာအုပ်များထဲက Easy Pop Melodies စာအုပ်နှင့် အခွေကို downloadပြီး လေ့ကျင့်လိုက်ပါ ။

နောက်ပိုင်းမှာ Rhythm နှင့် Lead ကို ၂မျိုး ခွဲရေးသွားပါမယ် ။ ၂မျိုးလုံးကို လေ့ကျင့်ရပါမယ် ။ ခင်ဗျားတို့နှစ်သက်သလို အစီအစဉ်ဆွဲပြီး လေ့ကျင့်နိုင်ပါတယ် ။ အခြေခံမှာတော့ ဒီလောက် ဆိုလုံလောက်ပါပြီ ။ ကျင့်ခဲ့သမျှတွေ မမေ့တော့အောင် ကျေညက်သွားအောင် အစအဆုံး တစ်ခေါက်လောက် ပြန်ပြီးလေ့ကျင့်လိုက်ပါအုံးဗျား ……. ။ ။

Picture
ဒီစာအုပ်လေ့ကျင့်ပြီးနောက် - အခြေခံဂီတသီအိုရီကို ဖတ်လိုက်ပါအုံး ... ။ အဲဒီနောက် ရစ်သမ်အတွက် - ရစ်သမ်ဂစ်တာတီးနည်း နှင့် လိဒ်ဂစ်တာအတွက် - လိဒ်ဂစ်တာတီးနည်း ... ဆိုပြီး ၂ပိုင်းခွဲ ရေးပေးပါအုံးမယ် ။ အမြန်ပြီးအောင် ကြိုးစားရေးပါ့မယ် ။ နောက်ကျရင်တော့ ခွင့်လွှတ်ပေါ့ဗျာ ။  :)
ဂီတသူရဲကောင်းကြီးတွေ ဖြစ်ကြပါစေ ... လို့ ... ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ..... ။ ။

ရွှင်လန်းချမ်းမြေ့ပါစေ

လူတစ်ယောက်

3 comments:

  1. We are waiting for your rhythm and lead guitar book

    ReplyDelete
  2. Thanks a lot, brother. အစ်ကိုလည်း ကြီးမားသော အောင်မြင်မှုတွေ သာ၍သာ၍ ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

    ReplyDelete
  3. ကျေး ဇူး ပဲ လူတစ်ယောက် ရေ. နောက်ထပ် လည်း ပိုပိုပြီး သင်ကြားပေးနိုင်ပါစေဗျာ..

    ReplyDelete