14 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-5

ဒီနေ့တော့ ခင်ဗျားတို့ ပျင်းနေမှာစိုးတဲ့ အတွက်ရယ် လက်ချောင်းတွေသန်မာလာပြီလို့ ယုံကြည်တဲ့ အတွက်ရယ် ၊ လေ့ကျင့်ခန်း tempoကို အနည်းငယ် သွက်ပေးထားပါတယ် ။  လေးတွဲတွဲ မနေတော့ပါဘူး ။ ဂရုစိုက် တီးကြည့်လိုက်ပါအုံး ။

Warm-up (Fingering)

Ex – 57

Picture


Ex – 58

Picture


Ex – 59

Picture


Ex – 60

Picture
Fingering ပြီးပါပြီ ။ Rhythm section မှာ Eight note strum တွေတီးရပါတော့မယ် ။ ဒါကြောင့် Eight note အကြောင်းကို ပြန်ပြောပေးပါအုံးမယ် ။ ရှေ့က Time values အခန်း ကိုလည်း တစ်ခေါက်လောက် ပြန်ဖတ်စေချင်ပါတယ် ။ ။

Eight note / Quaver note

Eight note ကတော့ 4-beats ပါဝင်တဲ့1-barမှာ နုတ်၈လုံး တန်ဖိုး ပါဝင်သောကြောင့် Eignt noteလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ် ။ 4-beats ပါဝင်တဲ့1-barမှာ  နုတ်၈လုံး ပါဝင်တာကြောင့် 1-beatမှာ နုတ်၂လုံး တန်ဖိုး ရှိပါတယ် ။ ဒါ့ကြောင့် Eight note ကို ရေတွက်တဲ့အခါ ခြေထောက်အား ...
ပုတ်ကြွ-ပုတ်ကြွ-ပုတ်ကြွ-ပုတ်ကြွ-  ပုတ်ပြီး 1and-2and-3and-4and လို့ ရွတ်ဆိုရပါမယ် ။ အောက်က ပုံကိုကြည့်ပါ။
Picture
Picture







ဒါက Eight note ရေတွက်ပုံပါ ။ Eight note မှ ခြေထောက်ကြွတဲ့ အကြွနေရာများကို off-beat လို့ခေါ်ပြီး ခြေထောက်ပုတ်တဲ့ နေရာများကို on-beat လို့ ခေါ်ကြပါတယ် ။ Eight note ရေးတဲ့ ပုံစံကတော့ Quarter note ကို အကောက်လေးတစ်ခု (အမြီးတစ်ခု) ထည့်ထားတဲ့ပုံစံပါ ။ အဲဒီ အကောက်လေးကို flat (သို့) tail ဟုခေါ်ပါတယ် ။ Eight note ၂လုံး ဆက်ရေး တဲ့အခါ အမြီးတန်းလန်းနှင့် နုတ်များပေါ်တွင် တန်းဆက်ပေးနိုင်ပါတယ် ။ အဲဒီ ဆက်ထားတဲ့ တန်းကို beamလို့ ခေါ်ပါတယ် Eight note ရဲ့သဘောကို သိပြီးရင် Rhythm လေး စလိုက်ရအောင် ။ ပထမဆုံး .. Eight note strum ကို dead-strings ဖြင့် လေ့ကျင့်ပါမယ် ။ dead-strings ဆိုတာ ကြိုးတွေကို အသံမထွက်အောင် ဘယ်လက်ဖြင့် ခပ်ဖွဖွ အုပ်ထားခြင်းပါ ။ dead-string (or) percussive strum လို့လည်း ခေါ်ပါတယ် ။ ဘယ်လိုခေါ်ခေါ် ကြိုးတွေအသံမထွက်ရင် ပြီးရော ။ OK ! အခုလေ့ကျင့်ခန်းမှာ Eight note timing mode စိတ်ထဲ ၊ ရင်ထဲ ၊ နှလုံးသားထဲ ၊ အူအသည်း ကျောက်ကပ်၊ ကလီစာ ၊ ဒူလာ လေးဘက်နာ .. အကုန်စွဲအောင် ခြေထောက်ကပုတ် ၊ လက်ကတီး ၊ နှုတ်ကအော် စတာတွေကို အတိအကျလုပ်ပေးပါ ။ 

Ex – 61

Picture
OK , timing modeကို ခင်ဗျား ရင်ထဲ စိတ်ထဲမှာ စွဲသွားပြီဆိုရင် လေ့ကျင့်ခန်းသစ်တွေ တီးရအောင် …

Ex – 62

Picture
Ex-62က ရိုးပေမယ့် အခြေခံဖြစ်တဲ့အတွက် ကျေညက်အောင် လေ့ကျင့်ဖို့လိုပါတယ် ။ Ex – 63 ကို မလေ့ကျင့်မီ ၄င်းရဲ့ Rhythm strums ဖြစ်တဲ့ (1 2and 3 4) စည်းချက်ဖြင့် ခြေထောက်ပုတ်၍ ရွတ်ဆိုပေးပါ ။ ရွတ်ဆိုပြီး အသားကျတော့မှ တီးပါမယ် ။ လက်ခတ်ကတော့ and ဆိုတဲ့အကြွနေရာ တွေကို up-stroke ဖြင့် တီးပါမယ် ။ လေ့ကျင့်ခန်းထဲမှာ strokeတွေ ရေးပေးထားပါတယ် ။

Ex- 63

Picture


Ex- 64

Picture
country & folk songs တွေမှာ ဒီပုံစံမျိုးတွေ အများဆုံး တွေ့နိုင်ပါတယ် ။ အသွက်တီးတဲ့အခါ အင်မတန်နားထောင်လို့ ကောင်းတဲ့ pattern တစ်ခု ဖြစ်လို့ ကျေညက် ချောမွေ့အောင် လေ့ကျင့်ထား စေလိုပါတယ် ။ ဒါကို ကျေညက်ရင် နောက်ပိုင်း Rhythm timing စိပ်တွေကို အလွယ်တကူ ပေါ့ပေါ့ပါးပါး တီးနိုင်ပါလိမ့်မယ် ။

Ex – 65

Picture


Ex – 66

Picture


Ex – 67

Picture


Ex – 68

Picture


Ex – 69

Picture
*လေ့ကျင့်ခန်း 68 နဲ့ 69ကို တီးတဲ့အခါ စတုတ္ထစည်းချက် အကြွ 4and ကို ဂရုစိုက်ပေးပါ ။ နောက်၁ဘားရဲ့ စည်းချက်၁ မရောက်မချင်း ကော့ဒ်ကို ကြိုတင် မလွတ်လိုက်ပါနဲ့ 
အခုတီးခဲ့သမျှ လေ့ကျင့်ခန်းတွေကို Rhythm pattern တွေလို့ခေါ်ပါတယ် ။ သီချင်းတစ်ပုဒ်မှာ pattern တစ်ခုတည်း အသေမရှိပါဘူး ။ beating & expression ကိုလိုက်ပြီး ရိုက်ချက်အမျိုးမျိုး တီးခတ်နိုင်ပါတယ် ။ ဒါကြောင့် patternတွေကိုကျေညက်နေရင် သီချင်းအားလုံး တီးနိုင်ပါတယ် ။ Two-bars rhythm pattern လေးတစ်ခုတီးကြည့်ရအောင်

Ex – 70

Picture
Ex-70 ဟာ pattern ၂ခုကို ပေါင်းစပ်ထားတာပါ ။ အဲဒီနည်းအတိုင်း patternတွေကို ပတ်လည်ရိုက်လိုက်ရင် ရှိသမျှကုန် (အဲ) pattern style တွေ အများကြီး ထွက်လာပါတယ် ။ ခင်ဗျားတို့ဖာသာ ပေါင်းစပ်ပြီး အက်ဒီဆင် လုပ်ကြည့်နိုင်ပါတယ် ။

ဒီနေ့ Rhytm section ပြီးသွားတော့ ကြိုးပေါ်ကနုတ်တွေကို တီးပါမယ် ။ နုတ်တီးတဲ့အခါ နုတ်တွေကို ရွတ်ဆိုရပါမယ် ။ စည်းချက်/Rhythmကို ရွတ်လို့မရတော့ပါဘူး ။ ဒါကြောင့် Eight note rhythm ကို ကျေညက်အောင် ရွတ်ဆို တီးခတ်ပြီးမှ အောက်က လေ့ကျင့်ခန်းတွေကို ဆက်တီးပါမယ် ။ Rhythm sectionတုန်းက နှုတ်ကမရွတ်ခဲ့ရင် ဒီနေရာမှာ ကသိကအောက် ဒုက္ခတွေ့လိမ့်မယ် ။ စည်းတွေ ကမ်းတွေနဲ့ တီးရတာ ပထမတော့ တော်တော်လေး သတိထားရ စိတ်ရှုပ်ရပါတယ် ။ ဒါပေမယ့် ... ဒါဟာ အမှန်ကန်ဆုံး အမြန်ဆုံး တိုးတက်လမ်း ၊ ဖြတ်လမ်းပါပဲ ။

Eight Note Exercises

Eight note exercise များကို တီးတဲ့အခါ pickingကို Alternate picking , down-upဖြင့် တီးပါမယ် ။ စည်းချက်အချ -onမှာ down-stroke တီးပြီး ၊ စည်းချက်အကြွ -offမှာ up-strokeဖြင့် တီးရပါမယ် ။ အောက်မှာ ပေးထားတဲ့ လေ့ကျင့်ခန်းများမှာ strokeများကို ရေးထားပါတယ် ။ အဲဒီ အတိုင်း လေ့ကျင့်ပေးပါ ။ ။

Ex – 71a

Picture


Ex – 71

Picture


Ex – 72

Picture


Ex – 73

Picture


Ex – 74

Picture


Ex – 75

Picture


Ex – 76

Picture

Alternate-pickingကို အတော်လေး သဘောပေါက်သွားပြီ ထင်ပါတယ် ။ နောက်ပိုင်း လွယ်ကူတဲ့ လေ့ကျင့်ခန်းများမှာ strokeကို မရေးထားတော့ပါဘူး ။ ဘယ်လိုတီးရမလဲ သိနေပါပြီ ။ နော် ။ 8 note / quarter note တွေတောင် တီးနိုင်ပြီဆိုတော့ နောက်တစ်ကြိုးကို ထပ်တက်ရအောင် ။ ၃ကြိုးကဝေပေါ့ ။

၃ကြိုးပေါ်မှ နုတ်များ

Picture
နံပါတ်၃ကြိုးပေါ်က နုတ်တွေလာပါပြီ ။ မတီးခင် မှတ်မိအောင် ကြည့်ထားလိုက်ပါအုံး ။

  • G ( 2nd line ) / ၃ကြိုး-လွှတ်ကြိုး
  • A ( 2nd space ) / ၃ကြိုး-လက်ကွက်၂-လက်ချောင်း၂  ဒါလေးပါပဲ ….

မှတ်မိလွယ်ပါတယ် ။ နှစ်လုံးတည်းပါ နော့ ။ အိုကေ…လေ့ကျင့်ခန်းစမယ် ။ ။

Ex – 77

Picture


Ex – 78

Picture


Ex – 79

Picture


Ex – 80

Picture


Ex – 81

Picture


Ex – 82

Picture


Ex – 83

Picture


Ex – 84

Picture


Ex – 85

Picture

ဒီနေ့ကတော့ လေ့ကျင့်ခန်းသက်သက်ပါပဲ ။ ခင်ဗျားတို့စိတ်မဆိုးဘူးမျှော်လင့်တာပဲ ။ မြန်မြန်တိုးတက်ချင်တဲ့သူဟာ များများတီးရမယ်မဟုတ်လား … :D ဒါတွေကိုကျေညက်အောင် လေ့ကျင့်လိုက်ပါအုံး ။ မနက်ဖြန်မှာ နည်းနည်းလျော့ပေးပါ့မယ် ….. ။ ဒီနေ့ လေ့ကျင့်ပြီး ခင်ဗျားကိုယ် ခင်ဗျား အားမရသေးဘူးထင်ရင် မနက်ဖြန် အသစ်မတက်သေးဘဲ ဒါတွေ အဟောင်းတွေပဲ ထပ်တီးလိုက်ပါ ။ ကျွန်တော်ကတော့ နေ့အလိုက်ပဲ ဆက်ရေးသွားပါမယ် ..။ ။ တကယ်တော့ စည်းကမ်းလိုက်နာမယ် ။ အနှေးဆုံးtempoနဲ့ တီးမယ် ။ ခြေထောက်၊ လက်၊ ပါးစပ်၊ အားလုံးမှန်ကန်စွာ ပေါင်းစပ်လာရင် အလွယ်လေး ကျော်ဖြတ်နိုင်မှာပါ ။ ကြိုးစားပြီး စနစ်တကျတီးဖို့ တိုက်တွန်းပါတယ် ။ 
Picture

ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)

No comments:

Post a Comment