14 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-7

Warm-up

Ex - 106

Picture


Ex - 107

Picture


Ex - 108

Picture


Ex - 109

Picture

Fingering- patternတွေ လည်း များလာပြီ ။ နေ့တိုင်း တီးပေးပါနော် ။ တစ်ခါတစ်လေ လေ့ကျင့်ရတာ ပျင်းလာရင်လည်း TV ကြည့်ရင်းနဲ့ဖြစ်ဖြစ် ၊ ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်ရင်းဖြစ်ဖြစ် အာရုံလွှဲပြီး တီးလိုက်ပါ ။ လက်အနေအထားနဲ့ လက်ချောင်းတွေတော့ မှန်ပစေပေါ့ ။ ခင်ဗျားလက်ချောင်းတွေ သန်မာမှ ဂစ်တာနှင့် ရင်းနှီးလာမယ် ။ ဂစ်တာနှင့် ရင်းနှီးမှ ခင်ဗျားလိုချင်တဲ့ အသံကို သူကထုတ်ပေးမှာ ။ နို့မဟုတ်လို့ကတော့ ပစ်ချင်တာက နှစ်လုံးပြူး ၊ ကိုင်ထားတာက လေးဂွ ဖြစ်နေမယ် ။ စိတ်ဓာတ်မကျပါနဲ့ ။ လေးဂွလည်း ငှက်ပစ်လို့တော့ ရပါတယ် … ဟဲ ဟဲ ။ နောက်တာနော် ။ စိတ်မဆိုးရဘူး ။ :)
နောက် Rhythm section မစခင်မှာ လေ့ကျင့်ခန်းထဲမှာ ပါဝင်မယ့် Ties note အကြောင်းကို လေ့လာကြည့်ရအောင် ။

Tie notes

PicturePicture

Picture




Tie - ဆိုတာ အသံတူတဲ့ နုတ်၂လုံးရဲ့ စည်းချက်တန်ဖိုးများကို ပေါင်းစပ်ခြင်း ဖြစ်ပါတယ် ။ နုတ်၂လုံး ကို မျဉ်းကွေးသဏ္ဌာန်ဖြင့် ဆက်ပြီး ရေးဆွဲထားပါတယ် ။ မျဉ်းကွေးထည့်ထားတဲ့ နုတ်၂လုံးမှ အရှေ့က နုတ်ကို သာ တီးခတ်ပြီး အနောက်က နုတ်ကို မတီးခတ်ဘဲ ၄င်းရဲ့တန်ဖိုးကို ပေါင်းစပ်ပြီး သံရှည်ဆွဲလိုက်ခြင်း ဖြစ်ပါတယ် ။ ဥပမာ-၁မှာ ကြည့်ပါ ။ ရှေ့က C-whole-note ကို တီးခတ်ပြီး နောက်မှ C-Half-noteကို မတီးဘဲ ၄င်းရဲ့တန်ဖိုး 2beatsကို ပေါင်းစပ်ပြီး အသံရှည် ဆွဲထားလိုက်ပါတယ် ။ စုစုပေါင်း Cရဲ့ အသံဟာ  6beats- စည်း၆ချက် ဖြစ်သွားပါတယ် ။ နောက်ဥပမာတစ်ခု ထပ်ရှင်းပါအုံးမယ် ။ ဥပမာ-၂ကို ကြည့်ပါ ။ ပထမဘားရဲ့ စည်းချက်၎မှာ E-quarter-note ကို တီးခတ်ပြီး ဒုတိယဘားရဲ့ စည်းချက်-၁အထိ အသံဆွဲလိုက်ပါတယ် ။ (ဒုတိယဘား ပထမစည်းချက်က Eနုတ်ကို မတီးတော့ပါ) ။ နောက်- ဒုတိယဘားရဲ့  တတိယစည်းချက်မှာ E-Half-noteကို တီးခတ်ပြီး စတုတ္ထဘားကို မတီးတော့ဘဲ ၄င်း၏တန်ဖိုးကို ပေါင်းစပ်ပြီး အသံဆွဲလိုက်ပါတယ် ။ ရှေ့နုတ် Half-note နှင့် နောက်ကနုတ် whole-note ပေါင်းစပ်ပြီး 6beats/စည်း၆ချက် သံရှည်ဆွဲထားရပါမယ် ။ ရှင်းလောက်ပါပြီနော် ။ Ties-note များကို ဒီန့ Rhythm သင်ခန်းစာမှာ ထည့်သွင်းတီးခတ် သွားပါမယ် ။ ဥပမာ- ၃ကို ကြည့်လိုက်ပါအုံးဗျာ ။ Eight note တွေကို tie လုပ်ထားပါတယ် ။ ဒုတိယစည်းချက် အကြွနှင့် တတိယ စည်းချက်အပုတ်ကို အသံဆွဲထားခြင်း ပါ ။ Rhythm pattern မှာ (1 2 and 3 and 4) ဖြစ်ပါတယ် ။ strokeများကို အောက်မှာ ရေးပေးထားပါတယ် ။ ညာဘက်လက်သည် နာရီချိန်သီးတံကဲ့သို့ 1and-2and-3and-4and / down-up,down-up,down-up,down-up ဟူ၍ Eight-note၏တန်ဖိုးအတိုင်း လွှဲရပါမယ် ။ ဆိုလိုတာကတော့ စည်းချက်အပုတ်မှာ -down , စည်းချက်အကြွမှာ -up ဖြင့် တီးရန် ဖြစ်ပါတယ် ။ ထို့ကြောင့် မတီးခတ်သော၊ အသံဆွဲထားသော နေရာများမှာလည်း လက်ကိုစည်းချက်အလိုက် လွှဲပေးရပါမယ်။ အောက်မှာ ပေးထားတဲ့ လေ့ကျင့်ခန်းများကို တီးခတ်ကြည့် ၊ နားထောင်ကြည့်ပါ ။

Ex - 110

Picture


Ex - 111

Picture
Two-bar-rhythm-pattern ပါ ။ အသံဖိုင်များ နားထောင်ပြီး ထပ်တလဲလဲ လေ့ကျင့်ပေးပါ ။ လက်လွှဲရန် ၊ off-beatများမှာ up-strokeဖြင့် တီးခတ်ရန် မမေ့ပါနှင့် ။ ကော့ဒ်အသစ်များနှင့် tieလေ့ကျင့်ခန်းများ ထပ်မံလေ့ကျင်ပါမယ် ။
Picture
 E7 chord .နှစ်မျိုးပေး ထားပါတယ် ။ နှစ်မျိုးလုံး လေ့ကျင့်ပါမယ် ။  ပုံစံ-၁ E7-chordမှာ E-chordမှ လက်ချောင်း-၃ ကို လွှတ်လိုက်တဲ့ ပုံစံဖြစ်ပြီး ၊ ပုံစံ-၂ E7-chordမှာ  လက်ချောင်း-၄အား ၂ကြိုး၊ လက်ကွက်-၃မှာ ထည့်သွင်းထားတဲ့ ပုံစံဖြစ်ပါတယ် ။ E7-chordများကို တီးခတ်တဲ့အခါ ကြိုးအားလုံးကို တီးခတ်ပါ ။ အခုပေးထားတဲ့ ကော့ဒ်များဟာ  ကြိုးအားလုံး (ခြောက်ကြိုးစလုံး) အသံထွက်ပြီး တီးခတ်နိုင်ပါတယ် ။

Ex - 112

Picture


Ex - 113

Picture


Ex - 114

Picture


Ex - 115

Picture
Ex-115ကို တီးတဲ့အခါ (4and) စတုတ္ထစည်းချက်အကြွကို ဂရုတစိုက် တီးပေးပါ ။ ကော့ဒ်ကိုကြိုတင် မလွှတ်ပါနဲ့ ။ မနက်ဖြန် Revision လုပ်မယ်ဆိုတော့ ဒီနေ့ လေ့ကျင့်ခန်းများများ တီးလိုက်ရအောင်ဗျာ ။
Picture
chord အသစ်တွေပါ ။ A7 ကို ပုံစံ၂မျိုး ပေးထား ပါတယ် ။ ၂မျိုးလုံး လေ့ကျင့်ပါမယ် ။  ပုံစံ-၁ ကတော့ ရှင်းပါ တယ် ။ ပုံစံ-၂က လက်ချောင်း-၁ လက်ညိုးဖြင့် ဂစ်တာလက်ကွက်-၂မှာ ၁၊၂၊၃၊၄၊ လေးကြိုးစလုံး ဖိထားရပါမယ် ။ F-chordကို ကိုင်ရာမှာလည်း ဂစ်တာလက်ကွက်-၁မှာ လက်ညိုးဖြင့် ၁၊၂၊နှစ်ကြိုးစလုံး ဖိနှိပ်ရပါမည် ။ Fကို တီးခတ်ရာမှာ ၆ကြိုးကို အသံမထွက်ရပါ ။ လေ့ကျင့်ခန်းစပါမယ် ။Tiesတွေကိုသတိထားပါ 

Ex - 116

Picture


Ex - 117

Picture


Ex - 118

Picture


Ex - 119

Picture


Ex - 120

Picture
* Ex-120ကို တီးတဲ့အခါ စတုတ္ထစည်းချက်အကြွကို သတိထားပြီး ပါအောင်တီးပေးပါ ။

Two Bars Rhythm Patterns

Ex - 121

Picture


Ex - 122

Picture
Two bars rhythm patterns များကို အနှေးဆုံးဖြင့် ဂရုတစိုက် လေ့ကျင့်ပေးပါ ။ ခင်ဗျားတို့ ကိုယ်တိုင်လည်း patternများကို ပေါင်းစပ်ပြီး လေ့ကျင့်နိုင်ရင် ပိုအကျိုးရှိပါတယ် ။ ဂစ်တာသင်တဲ့ ဘယ်စာအုပ်မဆို ဒီသဘောပါပဲ ။ စာအုပ်ထဲမှာ ရှိသမျှအကုန်ပေါင်းစပ်ပြီး မထည့်ပေးနိုင်ပါဘူး ။ သဘောတရားကို ရှင်းပြပေးရုံပါပဲ ။ ကျန်တာကတော့ သင်ကြားသူ ခင်ဗျားတို့ဘက်က အားစိုက်ရင် အားစိုက်သလောက် အသီးအပွင့်တွေ ဖြစ်ပေါ်မှာပါ ။ ဒါကြောင့် ခင်ဗျားတို့ကိုယ်တိုင် patternတွေကို စာရွက်ပေါ်မှာ ပေါင်းစပ် ရေးသားခြင်း အားဖြင့် နုတ်ရေးခြင်း ၊ နုတ်ဖတ်ခြင်း ပိုပြီးကျွမ်းကျင်လာပါလိမ့်မယ် ။ ။
Tie rhythm တွေကို နားလည်ပြီဆိုတော့ ကြိုးပေါ်က နုတ်တွေကို Tieလုပ်ပြီး တီးကြပါမယ် ။

Ex - 123

Picture


Ex - 124

Picture


Ex - 125

Picture
ဒီလောက်ဆို Tie တွေကို တီးနိုင်ပါပြီ ။ Tie-noteနှင့် ဆင်တူတဲ့ Dotted-note အကြောင်း ထပ်လေ့လာကြပါမယ် ။ Dotted-note ဆိုတာ Tie-note လိုပါပဲ ။ Dot လုပ်ချင်တဲ့ (အသံဆွဲလိုတဲ့) noteရဲ့ အနောက်မှာ (အပေါ်မှာမဟုတ်) အစက်ကလေး ထည့်ပေးထားခြင်း ဖြစ်ပါတယ် ။ Dot ထည့်ထားတဲ့ နုတ်ကိုတွေ့ရင် ၄င်းနုတ်ရဲ့ တဝက်တန်ဖိုးကို ပေါင်းထည့်ပေးရပါတယ် ။
Picture
ဥပမာ-၁ ကိုကြည့်ပါ ။ Half-note ကို dotထည့်ထားခြင်း ဖြစ်သဖြင့် Half-noteရဲ့ တဝက်တန်ဖိုးဖြစ်တဲ့ Quarter-note တန်ဖိုးကို ထပ်မံ ပေါင်းထည့်ပေးရပါတယ် ။ ထို့ကြောင့် မူလတန်ဖိုးက Half-note / 2beats ၊ ထပ်မံပေါင်းထည့်လိုက်တာက (Dot လုပ်လိုက်တာက) Quarter-note/1beat ဖြစ်တာကြောင့် … စုစုပေါင်း 3beatsတန်ဖိုး ရှိပါသည် ။ Tie & Dot-note တို့ရဲ့ ဆက်စပ်မှုကို ဥပမာ-၂မှာ ဖော်ပြထားပါတယ် ။ Dot-noteရဲ့ တန်ဖိုးများကို ဥပမာ-၃မှာ ထပ်မံကြည့်ရှုနိုင်ပါတယ် ။ Whole-noteကို dot ထည့်တဲ့အခါ ၊ whole-note / 4beats နဲ့ ပေါင်းထည့်သော ၄င်းရဲ့တဝက်တန်ဖိုး Half-note / 2beats ဖြစ်တာကြောင့် စုစုပေါင်း 6beats တန်ဖိုးရှိပါတယ် ။ Quarter-noteကို dot ထည့်တဲ့အခါ quarter-note / 1beat နဲ့  ပေါင်းထည့်သော ၄င်းရဲ့တဝက်တန်ဖိုး Eight-note / half-beat ဖြစ်သောကြောင့် စုစုပေါင်း1½beat တန်ဖိုး ဖြစ်သွားပါတယ် ။ ပိုပြီး နားလည်သွားအောင် အောက်မှာ လေ့ကျင့်ခန်းတွေ အများကြီး ပေးထားပါတယ် ။ လေ့ကျင့်လိုက်တဲ့အခါ သဘောပေါက်သွားမှာပါ ။

Ex - 126

Picture


Ex - 127

Picture

Ex - 128

Picture


Ex - 129

Picture


Ex - 130

Picture


Ex - 131

Picture
Eight-note-restတွေ ပါဝင်ပါတယ် ။ plan-3တုန်းက တီးခဲ့ပြီးပါပြီ ။ မရှင်းပါက Note & Rest ကို ပြန်ဖတ်ကြည့်လိုက်ပါ ။

Ex - 132

Picture
Picture






Plan-7 တီးပြီးသွားပြီဆိုတော့ တော်တော်ခရီးပေါက်လာပါပြီ ။  ဂုဏ်ယူပါတယ်ဗျာ ။ ရှေ့ဆက်ဖို့ ပိုပြီးလွယ်ကူသွားအောင် Plan - 5,6,7 များကို ပြန်နွှေးထားပါအုံး ။ တကယ်တန်း အားစိုက်ရတာ အခြေခံမှာပါ ။ တချို့က ပဲပင်ပေါက်နုတ်တွေကို မရင်းနှီးတော့ ကြောက်ကြတယ် ။ မလေ့ကျင့်ချင်ကြပါဘူး ။ ရင်းနှီးမှုမရှိတဲ့ staff-noteတွေကို အကျွမ်းဝင်အောင် စည်းစနစ်တကျ လေ့ကျင့်ရင် ခဏအတွင်း လွယ်ကူသွားတာ ခင်ဗျားကိုယ်တွေ့ပဲလေ ။ ဒီစာအုပ်ပြီးလို့ အခြေခံနုတ်ဖတ်နည်းကို ပိုင်နိုင်သွားရင် ဘယ်ဂီတစာအုပ်မဆို ဖတ်တတ်သွားတော့ ခင်ဗျားတို့ ကိုယ်တိုင် အဆင့်မြင့်ပိုင်းကို ရှေ့ဆက်သွားလို့ ရတာပေါ့ ။ Plan-8နေ့မှာ ပြန်လှန်လေ့ကျင့်ခန်းများ နှင့်အတူ သီချင်း၂ပုဒ် ကို ပေးထားပါတယ် ။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် သက်သက်သာသာ တည်တည်ငြိမ်ငြိမ်နဲ့ အစအဆုံးပြန်နွှေးလိုက်ပါအုံးဗျာ …. ။ ။ :D

ရွှင်လန်းချမ်းမြေ့ပါစေ
(လူတစ်ယောက်)

No comments:

Post a Comment