14 March 2015

အခြေခံဂစ်တာသင်ခန်းစာ Plan-6

Warm-up

Ex – 86

Picture


Ex – 87

Picture


Ex – 88

Picture


Ex – 89

Picture
warm-up (fingering)တွေ တီးတာ မငြီးငွေ့ စေချင်ဘူး ။ ဒါတွေက ခင်ဗျားတို့ ဂစ်တာတီးသမျှ ကာလပတ်လုံး ၊ အထူးသဖြင့် professional တီးတဲ့အခါလည်း ဂစ်တာကိုင်ပြီ ဆိုတာနဲ့ အရင်ဆုံး လုပ်ရမယ့် အလုပ်တွေ ဖြစ်ပါတယ် ။ Fingering ကောင်းမှ Touching ကောင်းပြီး ဂစ်တာသမားကောင်း တစ်ယောက် ဖြစ်မှာပါ ။ ကြိုးစားပြီးတော့ ပီသ ကြည်လင် သေသပ်အောင် တီးပေးပါ ။


Rhythm section

Picture
ဒီနေ့  chord သစ်လေးတွေ တက်ရအောင် … Gကို ပုံစံ၂မျိုး ပေးထားပါတယ် ။ နှိပ်စက်တယ် မထင်ပါနဲ့ ။ ၂မျိုးလုံး လေ့ကျင့်ပါမယ် ။ ကြိုးတွေပေါ်မှာ လက်ချောင်းတွေ ရေးပေးထားပါတယ် ။ စလိုက်ရအောင်ဗျာ ။ ။

Ex – 90

Picture
Ex-90ကို Gပုံစံ-၁ဖြင့် လေ့ကျင့်ပါမယ် ။ Ex-91ကိုတော့ Gပုံစံ-ဖြင့် လေ့ကျင့်ပါမယ် ။

Ex – 91

Picture


Two chords in a bar

Ex – 92

Picture
ဟာ ဟ … ခင်ဗျားတီးတာ Kurt Cobain ဂစ်တာသံထွက်နေပါလား ။ မြှောက်တာ မဟုတ်ပါဘူး ။ တကယ်ပါ ။ About a girl ရဲ့ Introနဲ့ verseကိုတီးထားတဲ့ ကော့ဒ်တွဲ လေးပါ ။ မှတ်မိတယ်မလား ။ ဒီလေ့ကျင့်ခန်းမှာ ပါဝင်တဲ့ (%)sign လေးတွေ ကတော့ ရှေ့ကတီးခဲ့တဲ့ ဘားအတိုင်း ဆက်တီးဖို့ပြောတာပါ ။ ဂီတနုတ်တွေကို ထပ်တလဲလဲရေးနေရင် အချိန်ကုန် လူပင်ပန်းတဲ့အတွက် ပညာရှင်ကြီးတွေ တီထွင်ခဲ့တာပါ ။ ကိုယ်တွေစိတ်နဲ့တော့ အကိုက်ပဲ … နော်

Ex – 93

Picture
လာပြန်ပြီ နောက်တစ်မျိုး ။ ဒီတစ်ခါ ဘားနှစ်ခုကြားက ဘားလိုင်းပေါ်မှာ % sign ကို မျဉ်းစောင်း နှစ်ထပ်ဖြင့် ရေးထားပါတယ် ။ အဲဒါကတော့ ရှေ့ကတီးခဲ့တဲ့ ၂ဘားအတိုင်း ဆက်တီးဖို့ပါပဲ ။ 2-bars-chord-progression တွေအတွက် ရေးဖို့ အဆင်ပြေသွားတာပေါ့ဗျာ ။

Ex – 94

Picture
ရွတ်ဖို့ကတော့ အရင်အတိုင်း 1and,2and,3and,4and ပေမယ့် လက်ခတ်ကျတော့ အားလုံး down-stoke ။ တီးရတာအရမ်း အရသာရှိပါတယ် ။ The Cranberries ရဲ့ Zombie သီချင်း ကော့ဒ်တွဲပါ ။ mood ၂ကျပ်ခွဲသားလောက်နဲ့ တစ်ခေါက်လောက် ပြန်တီးကြည့်ပါ ။ ဒီနေ့ rhythm section ကတော့ဒီလောက်ပါပဲ ။ မနက်ဖြန်မှာ နည်းနည်း ပိုလာမှာ ဖြစ်တဲ့အတွက် ဒီနေ့ ကျေညက်အောင် လေ့ကျင့်လိုက်ပါ ။ ။

 ဒီသင်ခန်းစာ planတွေဟာ ခင်ဗျားတို့ကို အောက်ခြေခိုင်အောင် အခြေခံနည်းစနစ်တွေ၊ patternတွေ အများကြီး ပေးထားတဲ့အတွက် စိတ်မပျက်ဖို့၊ ပျင်းမသွားဖို့ကိုတော့ ကျွန်တော် မေတ္တာရပ်ခံပါတယ် ။ ဂီတလောကမှာ ကျင်လည်ချင်သူပဲဖြစ်ဖြစ်၊ အပျော်တီးခတ်မယ့်သူပဲဖြစ်ဖြစ် စနစ်တကျ လေ့လာခြင်းဟာ တန်ဖိုးဖြတ်မရတဲ့ အရာတစ်ခုပါ ။ ဒီစာအုပ်အတွက် ကုန်လွန်မယ့် အချိန်တလရဲ့နောက်ကွယ်မှာ ခင်ဗျားအတွက် ပျော်ရွှင်ကြည်နူးခြင်းတွေ စောင့်ကြိုနေပါတယ် ။ ကြိုးစားပြီး လေ့ကျင့်လိုက်ပါ ။


၎ကြိုးပေါ်မှ နုတ်များ

Picture
နံပါတ်၎ကြိုးပေါ်မှာ ရှိတဲ့ နုတ်တွေ တီးပါတော့မယ် ။ ပြောစရာ တစ်ခုပဲ ရှိပါတယ် ။အရင်က ကျက်ခဲ့တဲ့ Space-notes (FACE) နှင့် Line-notes (EGBDF) တို့မှာ မပါဝင်တဲ့ D နုတ်တစ်ခု တိုးလာပါတယ် ။ ဒါပေမယ့် 1st line (E)ရဲ့ အောက်မှာ ရှိတဲ့အတွက် D ဖြစ်တယ် ဆိုတာ ခင်ဗျားတို့ သဘောပေါက်မှာပါ ကျက်မှတ်ထားဖို့ကတော့ -

  • D (under the 1st  line) / ၄ကြိုး-လွှတ်ကြိုး
  • E (1st line) / ၄ကြိုး-လက်ကွက်-၂ ၊ လက်ချောင်း-၂
  • F ( 1st space) / ၄ကြိုး-လက်ကွက်-၃ ၊ လက်ချောင်း-၃ …. ။ ။

* E-ကို တီးတဲ့အခါ လက်ချောင်း-၂ဖြင့် တီးပြီး ၊ Fကို တီးတဲ့အခါ လက်ချောင်း-၃ဖြင့် တီးရပါမယ် ။

Ex - 95

Picture


Ex - 96

Picture


Ex - 97

Picture


Ex - 98

Picture


Ex - 99

Picture


Ex - 100

Picture


Ex - 101

Picture


Ex - 102

Picture


Ex - 103

Picture


Ex - 104

Picture
လေ့ကျင့်ခန်းတွေ များလို့ နည်းနည်း ပင်ပန်းသွားပြီ ။ ဒီနေ့အတွက် Yankee Doodle သီချင်းလေးတီးပြီး အပန်းဖြေလိုက်ပါအုံး။ suggest-rhythm ကတော့ Ode to joy တုန်းက အတိုင်းပဲ တီးလိုက်ပါတော့ ။ ။

Ex - 105

Picture

Picture

ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)

No comments:

Post a Comment