20 March 2015

အခြေခံဂီတသီအိုရီ - ၁၀

Compound Intervals
Compound Intervals မစခင်မှာ C major scales  ရဲ့ intervals များကို တစ်ခေါက်ပြန်ကြည့် လိုက်ပါ ။

၎င်း Intervals များကို octave ကျော်လွန်ပြီး ထပ်မံပေါင်းစပ်သောအခါ 9th , 10th ,11th ,12th စတဲ့ compound intervals များဖြစ်လာပါတယ် ။ အောက်ကပုံကိုကြည့်ပါ ။


ဒါတွေကတော့ C scale ရဲ့ compound intervals တွေပါ ။ ပေါင်းစပ်ပုံကို ဇယားဖြင့်အလွယ်တကူ မှတ်သားနိုင်ပါတယ် ။

Rocket Piano Book - 3 (Advanced) စာအုပ် + စီဒီ

Advanced စာအုပ်ပါ ။ Rocket Piano ရဲ့ Jamorama piano book 1 နဲ့ book 2 တီးပြီးရင် ဒီစာအုပ်ကို လေ့လာနိုင်ပါပြီ ။ သဘောတရားတွေ ရှင်းပြထားတာတော့ တအားကောင်းတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်းကတော့ နည်းတယ် ။ Musicians Institute က ထုတ်တဲ့ Keyboard Reading နဲ့ တွဲကျင့်ရင် ပိုအဆင်ပြေပါလိမ့်မယ် ။

စာအုပ် - Download Link
စီဒီ - Download Link


19 March 2015

40 Drum Rudiments

Drum Rudiments ဟာ ဒရမ်မာတစ်ယောက်ရဲ့ အသက် ၊ ဖောင်ဒေးရှင်း ၊ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ ။ ဒရမ်မာကောင်းတစ်ယောက်ဖြစ်ဖို့ သော့ချက်လည်း ဖြစ်ပါတယ် ။ ဒရမ်ဝဘ်ဆိုက်တွေထဲမှာ ဒီဝဘ်ဆိုက်ရဲ့ ဗီဒီယိုသရုပ်ပြ လေ့ကျင့်ခန်းတွေက စနစ်ကျတယ် ။ ရိုးရှင်းတယ် ။ နားလည်လွယ်တယ် ။ Drum Rudiments တီးခတ်ပုံကို Drum pad နဲ့ သေချာအရင်ရှင်းပြပြီး Drum set ပေါ်မှာ ထပ်တီးပြတယ် ။ ခင်ဗျားကိုယ်တိုင် Rhythm pattern တစ်ခုရတာနဲ့ beat တစ်ခု fill တစ်ခုကို ကိုယ်တိုင်ဖန်တီး တီးခတ်လာနိုင်ပါလိမ့်မယ် ။ ဝဘ်ဆိုက်က ဗီဒီယိုထဲမှာလည်း နုတ်တွေထည့်ပေးထားသလို ၊ ဗီဒီယိုရဲ့ အောက်စာမျက်နှာမှာလည်း နုတ်တွေ ရေးပေးထားပါတယ် ။ ခင်ဗျာအတွက် တစ်စုံတစ်ခုတော့ ရမှာပါ ။ သွားကြည့်လိုက်ပါ ။

website - http://www.40drumrudiments.com/


18 March 2015

ဂျက်ဇ်ဂစ်တာ (beginner) စာအုပ် + စီဒီ

ဂစ်တာကို အတော်အသင့်တီးခတ်နိုင်ပြီး Jazz Guitar style ကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင် ဒီစာအုပ်နဲ့ သင့်တော်ပါတယ် ။ ရှင်းပြချက်တွေ နားလည်လွယ်သလောက် လေ့ကျင့်ခန်းတွေလည်း ကောင်းပါတယ် ။ complete method အဖြစ် ၄အုပ်တွဲပါ ။ တစ်ပိုင်းချင်း တင်ပေးသွားပါမယ် ။

စာအုပ် - Download link
အသံဖိုင် - Download link

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ "လေ့ကျင့်တယ်" ဆိုတာထက်  "ပျိုးထောင်တယ်" ဆိုတဲ့စကားကို ပိုသဘောကျတယ် ။ ဟုတ်ပါတယ် ။ ဂစ်တာလေ့ကျင့်တယ်ဆိုတာ ဂစ်တာနဲ့ ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်တာပါ ။ ဒီလိုနားလည်ထားမှလည်း လေ့ကျင့်တဲ့အချိန်တွေကို မငြီးမငွေ့ ဖြတ်သန်းနိုင်မှာပါ ။ ( ကျွန်တော်က ဂစ်တာသမားဖြစ်တဲ့အတွက် ဒီတူရိယာလေ့ကျင့်နည်းကို ဂစ်တာကို ဥပမာထားပြီး ရေးသွားပါမယ်)
  
၁ ။ မလေ့ကျင့်မီ အကြောလျော့ပေးပါ
ဂစ်တာစကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး (ဖြစ်နိုင်ရင်တစ်ကိုယ်လုံး) အကြောလျော့ပေးပါ ။ တချို့က မလိုအပ်ဘူးလို့ ထင်ကောင်းထင်မယ် ။ အကြောလျော့ခြင်းနဲ့ စိတ်ရဲ့relaxဟာ ခင်ဗျားကို မောင်းတင်ပေးမယ့် ခွန်အားတွေပါ ။ 
  
၂ ။ warm up အမြဲလုပ်ပါ ။ 
Fingering, chromatic scale, fingering stretching  တွေထဲက ခင်ဗျားအတွက် ပေါ့ပါးလွယ်ကူမယ့် တမျိုးမျိုးကို နာရီဝက်လောက် အရင်တီးလိုက်ပါ ။ လက်ချောင်းတွေ သွေးပူလာဖို့ ၊ လွတ်လပ်စွာလှုပ်ရှားဖို့ ၊ finger stamina ကောင်းဖို့ ၊ ဒဏ်မဖြစ်ဖို့ ... warm up မလွဲမသွေတီးရပါမယ် ။ 
  
၃ ။ Metronomeနဲ့ အမြဲကျင့်ပါ ။ 
Metronomeနဲ့ မကျင့်ခဲ့ရင်Bandနဲ့တီးတဲ့အခါ၊ Studioမှာအသံသွင်းတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်လာပါမယ် ။ ကိုယ့်ရဲ့ tempoကို ကိုယ်သတိထားမိဖို့ ခက်ပါတယ် ။ စိတ်ကြွလာရင် tempoတက်လိုက် ၊ စိတ်မပါရင် tempo ကျလိုက် ဖြစ်တတ်ပါတယ် ။ 
  
၎ ။*very important* အနှေးဆုံးကိုတီးပါ ။
လေ့ကျင့်နေတဲ့အချိန်မှာ speedကိုခေါင်းထဲ ဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။ speedဟာ ဂစ်တာသမားတိုင်း တပ်မက်တဲ့ ရှိရမယ့် အရည်အချင်းဆိုပေမယ့် ... သူ့ကို အရူးအမူးနဲ့ လိုချင်ပြီးလေ့ကျင့်ပြီ ဆိုတာနဲ့  လမ်းတဝက်မှာ ပြတ်ကျန်ခဲ့ဖို့ သေချာသလောက်ရှိပြီ ။ တခါတလေ ... အနှေးဆုံးတွေကို တီးနေရင်း ခင်ဗျား ငြီးငွေ့လာမယ် ။ သေချာတယ် ။ ဒါကြောင့် ပြောခဲ့ပါတယ် ။ တူရိယာတစ်ခုကို လေ့ကျင့်တယ် ဆိုတာထက် ပျိုးထောင်နေတယ်လို့ ခံယူထားပါ ။ ဒါတွေဟာ ခင်ဗျား မလွဲမသွေ ဖြတ်ကျော်ရမယ့် လှေကားထစ်တွေပါ ။

17 March 2015

ဂစ်တာအက်ဖက်များ နှင့် ဂစ်တာအန်ပလီဖိုင်ယာများကို ချိန်ညှိခြင်း - ၂

၁ - ကို Steve Vai ကြီး ချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင် ကောက်ကြောင်း
--------------------------------------------------------------------------------------------------------
ကို Steve Vai ကြီးဟာ သူ့မူပိုင် Ibanez JEM ဆောလစ်တွေနဲ့အတူ ဂစ်တာအက်ဖက်တွေ ကို အသုံးပြု တဲ့အခါ မှာ မူလအစက Single Guitar Effect တွေကိုဘဲ တစ်စိုက်မတ်မတ် အသုံးပြုခဲ့ တာ ပါ။ နောက်ပိုင်း မှာ Single Effects တွေနဲ့အတူ Multi-Effects Processor ကိုပါ ပူးတွဲသုံးစွဲ လာခဲ့ပါ တယ်။ သူ့ရဲ့ နောက်ဆုံး DVD Live Show ခွေမှာ Single Effects တွေနဲ့အတူ Zoom Multi-Effects Processor ကြီးကို Expression Pedal တွေ အများကြီးနဲ့ တွဲသုံးပြသွား ခဲ့ပါတယ်။ နမူနာ ဗီဒီယိုဖြစ်တဲ့ Now We Run ဂစ်တာဆိုလိုကို ဒီမှာ ကြည့်နိုင်ပါတယ်။


ကို Steve Vai ကြီး ကြိုက်တဲ့ Boss Single Effect Pedal ကတော့ လိမ္မော်ရောင် DS-1 ပါ။ ဒီ Boss DS-1 Distortion Pedal ကို သူ့စိတ်ကြိုက် အခြား အမေရိကန် ဂစ်တာအက်ဖက်အချို့နဲ့ Expression Pedal တွေနဲ့သူအမြဲဘဲ တွဲအသုံးပြုခဲ့တာပါ။

JR ရဲ့ ရော့ခ်စည်းမျဉ်း

John Petrucci ရဲ့ Rock Discipline ဟာ ... ဒါလေးကို ဒီလိုတီးဆိုတဲ့ ... ရိုက်စားခွေမျိုး မဟုတ်ပါဘူး ။ ၂နာရီစာပါဝင်တဲ့ သူ့ရဲ့ တက်ကနစ် ၊ အယူအဆ ၊ ရှင်းလင်းချက်အားလုံးက ... ခင်ဗျားအတွက် ကိုယ်ပိုင်ဟန်ထူထောင်ဖို့ ပံ့ပိုးထားတာချည်းပဲ ။ Rock Guitar အတွက် အသားပေးရှင်းပြထားပေမယ့် ဘယ်ဂစ်တာသမားမဆို လေ့ကျင့်နိုင်တယ် ။ သူ့ရဲ့ warm-up , chromatic scale , finger stretching တွေဟာ တကယ်ကိုကောင်းပါတယ် ။ ကျွန်တော်တို့ ဒီနေ့ထိ ဂစ်တာကိုင်တာနဲ့ တီးဖြစ်နေတုန်း ။ string skipping နဲ့ scale fragments တွေကလည်း scale , chord တွေကို ဘယ်လိုဆင့်ပွားလေ့ကျင့်နိုင်တယ်ဆိုတဲ့ အိုင်ဒီယာသာမက ... solo အယူအဆတွေပါ တိုးတက်စေတယ် ။ arpeggios နဲ့ ပတ်သတ်လို့တော့ သိပ်မပါဘူး ။ JPကိုယ်တိုင်လည်း arpeggios ကို တရှိုက်မက်မက် မသုံးပါဘူး ။ arpeggios အစား chord တွေကို string skipping အနေနဲ့ သုံးတာ ပိုများပါတယ် ။ ခင်ဗျားဟာ ရော့ခ်တေးသွားတွေကို သီကုံးဖို့ကြိုးစားနေသူဆိုရင်တော့ အခွေနောက်ဆုံးမှာ ရှင်းပြထားတဲ့  chordal techniques ကို ဂရုတစိုက်သာ နားထောင်ကြည့်လိုက်ပါ ။ နိဂုံးချုပ်ရရင်တော့ John Petrucci ရဲ့ Rock Discipline ဟာ ဂစ်တာသမားတွေအတွက် ရတနာသိုက်ကြီးတစ်ခုပါပဲ ။
စာအုပ် - Download link
ဂစ်တာပရိုဖိုင် - Download link
video 1 (playlist) - https://www.youtube.com/watch?v=k6aEMRMiRkA&list=PL731921287786F542
video 2 (full) - https://www.youtube.com/watch?v=6VApk-vvhp8

( video 1 က Youtube playlist ၁၂ ဖိုင် ၊ video 2 က တခွေလုံးပါ ) ရှေ့ဆုံးမှာ JP သရုပ်ပြထားတဲ့ အကြောလျော့လေ့ကျင့်ခန်းတွေကိုလည်း ဂစ်တာမတီးခင် လေ့ကျင့်ပေးပါ ။ စိတ်ရောကိုယ်ပါ relax ဖြစ်တဲ့အခါ ခင်ဗျားရဲ့ဂစ်တာသံတွေ ပိုပြီး သာယာလာပါလိမ့်မယ် ။