21 March 2015

101 Groovin' Bass Patterns

င်္Funk , Disco , Reggae တွေတီးရမယ်ဆို ဂစ်တာသမားတွေ သိပ်မကြိုက်ပေမယ့် ... ဘေ့စ်သမားကတော့ .. ဒီတစ်ခါ ငါ့အလှည့်ဆိုပြီး  မျက်လုံးလေးမှိတ် မေးလေးတဆတ်ဆတ် ခေါင်းလေးတခါခါပေါ့ ။ ဆရာသမားများ မုဝင်ပုံ ပြောပါတယ် ။ ဒီစာအုပ်က 70s ခုနှစ်တွေတုန်းက Funk & Disco Bass Pattern တွေပါ ။ ရေလည် တီးလို့ကောင်းပါတယ် ။ ဒစ်စကိုဒန်းဆားဘေ့စ်တွေများ ခင်ဗျားမို့လို ဒီလောက်ညွှန်းနေတယ် လို့ ထင်ကောင်းထင်မယ် ။ ပြဿနာမရှိဘူး ။ စာအုပ်ဖွင့်တီးကြည့်လိုက်ရင် ကျွန်တော် မလွန်ဘူးဆိုတာ ခင်ဗျားသိလိမ့်မယ် ။
 
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link

Develop your Bass Grooves

ဒီစာအုပ်ကို လေ့လာကြည့်တော့ ကျွန်တော်သိချင်တဲ့ အဖြေတစ်ခုကို ရလိုက်တယ် ။ Music မှာ ပြောနေကြတဲ့ Groove ဆိုတာ Time , Rhythm နဲ့ မတူမှန်းသိပေမယ့် ဘယ်လိုစကားလုံးနဲ့ ရှင်းပြရမှန်း မသိဘူး ။ ခင်ဗျား မမြင်နိုင်ဘူး .. မထိနိုင်ဘူး .. ဒါပေမယ့် ... sense အရ သိနိုင်တယ် ... ခံစားနိုင်တယ် ။ ဘေ့စ်သမားကောင်းတစ်ယောက်ဆိုတာ Rhythmic သဘောကို အပြည့်အဝ နားလည်ပြီး groovin' ဖြစ်အောင် တီးနိုင်တဲ့သူပါ ။ တီးဝိုင်းတစ်ခုဟာ groove ဖြစ်တဲ့အခါ နားထောင်သူတွေကို ညို့ယူနိုင်တယ် ။ အထူးသဖြင့် ဒရမ်မာနဲ့ ဘေ့စ်သမားက groove ဖြစ်တဲ့အခါ ... ကျန်တဲ့ player တွေပါ moodဝင်ပြီး အကောင်းဆုံးကို တီးခတ် ဖန်တီးလာနိုင်တယ် ။ အဲဒါကြောင့် ဒရမ်နဲ့ဘေ့စ် ကောင်းရင် တီးဝိုင်းကောင်းပြီ လို့ ပြောကြတာ ဖြစ်ပါလိမ့်မယ် ။ အဲဒီတော့ Groove ဆိုတာ အတိအကျပြော ဆိုရင်တော့ Enigma လို့ပဲ ပြောရလိမ့်မယ် ။ ပဟေဠိတစ်ခု ၊ ပုစ္ဆာတစ်ခုပဲ ။ ဒီစာအုပ်က အဲဒီပုစ္ဆာကို ဖြေရှင်းပေးမယ့် သော့ချက်ပါ ။ ဒီလောက်ဆို ဒီစာအုပ်မှာ ဘာတွေပါမလဲ သိလောက်ပြီ ထင်ပါရဲ့ ။ တီးကြည့် ၊ ဖတ်ကြည့်ပါ ။ ခင်ဗျားအတွက် music sense တစ်ခု ရလာမှာပါ ။

စာအုပ် - Download Link
စီဒီ - Download Link

Enigma ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်လို့ နည်းနည်း လျာရှည်ချင်ပါသေးတယ် :) ရုပ်ရှင်ဇာတ်ကား တကားအကြောင်း ။ အဲဒီဇာတ်ကားက The imitation Game (2014) ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေခေါင်းစားနေတာ ... ဂျာမာန်တွေ အသုံးပြုတဲ့ လျှို့ဝှက်ကြေးနန်းစက် Enigma machine ပါ ။ Enigma machine ဟာ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးစက် ၊ အခက်ခဲဆုံးပြဿနာပဲ ။ အဲဒါကြောင့် Enigma isn't difficult. It's impossible. လို့ ဆိုကြတယ် ။ အဲဒီစက်ကတဆင့် ပေးပို့နေတဲ့ ဂျာမာန်တွေရဲ့ကုဒ်ကို decrypt လုပ်နိုင်ဖို့ သချာင်္ပညာရှင် Alan Turing နဲ့ အဖွဲ့က ကြိုးစားခဲ့ကြတယ် ။ ၂နှစ်အကြာမှာ အောင်မြင်ခဲ့ကြတယ် ။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီနေ့အသုံးပြုနေတဲ့ ကွန်ပြူတာရဲ့အစဟာ ... အဲဒီတုန်းက Alan တီထွင်ခဲ့တဲ့ Turing machine က ဖွံ့ဖြိုးလာတာပါ ။
ခင်ဗျားတို့လည်း Groove ကို သိရင် ဘေ့စ်ဂစ်တာရဲ့ Alan Turing ဖြစ်ပြီ ။ တစ်ခုပဲ ကသိကအောက် ဖြစ်စရာရှိတယ် ။ Alan Turing က ...... h ... o ... m ... o .... ? ? ? :P

20 March 2015

အခြေခံဂီတသီအိုရီ - ၁၀

Compound Intervals
Compound Intervals မစခင်မှာ C major scales  ရဲ့ intervals များကို တစ်ခေါက်ပြန်ကြည့် လိုက်ပါ ။

၎င်း Intervals များကို octave ကျော်လွန်ပြီး ထပ်မံပေါင်းစပ်သောအခါ 9th , 10th ,11th ,12th စတဲ့ compound intervals များဖြစ်လာပါတယ် ။ အောက်ကပုံကိုကြည့်ပါ ။


ဒါတွေကတော့ C scale ရဲ့ compound intervals တွေပါ ။ ပေါင်းစပ်ပုံကို ဇယားဖြင့်အလွယ်တကူ မှတ်သားနိုင်ပါတယ် ။

Rocket Piano Book - 3 (Advanced) စာအုပ် + စီဒီ

Advanced စာအုပ်ပါ ။ Rocket Piano ရဲ့ Jamorama piano book 1 နဲ့ book 2 တီးပြီးရင် ဒီစာအုပ်ကို လေ့လာနိုင်ပါပြီ ။ သဘောတရားတွေ ရှင်းပြထားတာတော့ တအားကောင်းတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်းကတော့ နည်းတယ် ။ Musicians Institute က ထုတ်တဲ့ Keyboard Reading နဲ့ တွဲကျင့်ရင် ပိုအဆင်ပြေပါလိမ့်မယ် ။

စာအုပ် - Download Link
စီဒီ - Download Link


19 March 2015

40 Drum Rudiments

Drum Rudiments ဟာ ဒရမ်မာတစ်ယောက်ရဲ့ အသက် ၊ ဖောင်ဒေးရှင်း ၊ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ ။ ဒရမ်မာကောင်းတစ်ယောက်ဖြစ်ဖို့ သော့ချက်လည်း ဖြစ်ပါတယ် ။ ဒရမ်ဝဘ်ဆိုက်တွေထဲမှာ ဒီဝဘ်ဆိုက်ရဲ့ ဗီဒီယိုသရုပ်ပြ လေ့ကျင့်ခန်းတွေက စနစ်ကျတယ် ။ ရိုးရှင်းတယ် ။ နားလည်လွယ်တယ် ။ Drum Rudiments တီးခတ်ပုံကို Drum pad နဲ့ သေချာအရင်ရှင်းပြပြီး Drum set ပေါ်မှာ ထပ်တီးပြတယ် ။ ခင်ဗျားကိုယ်တိုင် Rhythm pattern တစ်ခုရတာနဲ့ beat တစ်ခု fill တစ်ခုကို ကိုယ်တိုင်ဖန်တီး တီးခတ်လာနိုင်ပါလိမ့်မယ် ။ ဝဘ်ဆိုက်က ဗီဒီယိုထဲမှာလည်း နုတ်တွေထည့်ပေးထားသလို ၊ ဗီဒီယိုရဲ့ အောက်စာမျက်နှာမှာလည်း နုတ်တွေ ရေးပေးထားပါတယ် ။ ခင်ဗျာအတွက် တစ်စုံတစ်ခုတော့ ရမှာပါ ။ သွားကြည့်လိုက်ပါ ။

website - http://www.40drumrudiments.com/


18 March 2015

ဂျက်ဇ်ဂစ်တာ (beginner) စာအုပ် + စီဒီ

ဂစ်တာကို အတော်အသင့်တီးခတ်နိုင်ပြီး Jazz Guitar style ကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင် ဒီစာအုပ်နဲ့ သင့်တော်ပါတယ် ။ ရှင်းပြချက်တွေ နားလည်လွယ်သလောက် လေ့ကျင့်ခန်းတွေလည်း ကောင်းပါတယ် ။ complete method အဖြစ် ၄အုပ်တွဲပါ ။ တစ်ပိုင်းချင်း တင်ပေးသွားပါမယ် ။

စာအုပ် - Download link
အသံဖိုင် - Download link

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ "လေ့ကျင့်တယ်" ဆိုတာထက်  "ပျိုးထောင်တယ်" ဆိုတဲ့စကားကို ပိုသဘောကျတယ် ။ ဟုတ်ပါတယ် ။ ဂစ်တာလေ့ကျင့်တယ်ဆိုတာ ဂစ်တာနဲ့ ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်တာပါ ။ ဒီလိုနားလည်ထားမှလည်း လေ့ကျင့်တဲ့အချိန်တွေကို မငြီးမငွေ့ ဖြတ်သန်းနိုင်မှာပါ ။ ( ကျွန်တော်က ဂစ်တာသမားဖြစ်တဲ့အတွက် ဒီတူရိယာလေ့ကျင့်နည်းကို ဂစ်တာကို ဥပမာထားပြီး ရေးသွားပါမယ်)
  
၁ ။ မလေ့ကျင့်မီ အကြောလျော့ပေးပါ
ဂစ်တာစကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး (ဖြစ်နိုင်ရင်တစ်ကိုယ်လုံး) အကြောလျော့ပေးပါ ။ တချို့က မလိုအပ်ဘူးလို့ ထင်ကောင်းထင်မယ် ။ အကြောလျော့ခြင်းနဲ့ စိတ်ရဲ့relaxဟာ ခင်ဗျားကို မောင်းတင်ပေးမယ့် ခွန်အားတွေပါ ။ 
  
၂ ။ warm up အမြဲလုပ်ပါ ။ 
Fingering, chromatic scale, fingering stretching  တွေထဲက ခင်ဗျားအတွက် ပေါ့ပါးလွယ်ကူမယ့် တမျိုးမျိုးကို နာရီဝက်လောက် အရင်တီးလိုက်ပါ ။ လက်ချောင်းတွေ သွေးပူလာဖို့ ၊ လွတ်လပ်စွာလှုပ်ရှားဖို့ ၊ finger stamina ကောင်းဖို့ ၊ ဒဏ်မဖြစ်ဖို့ ... warm up မလွဲမသွေတီးရပါမယ် ။ 
  
၃ ။ Metronomeနဲ့ အမြဲကျင့်ပါ ။ 
Metronomeနဲ့ မကျင့်ခဲ့ရင်Bandနဲ့တီးတဲ့အခါ၊ Studioမှာအသံသွင်းတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်လာပါမယ် ။ ကိုယ့်ရဲ့ tempoကို ကိုယ်သတိထားမိဖို့ ခက်ပါတယ် ။ စိတ်ကြွလာရင် tempoတက်လိုက် ၊ စိတ်မပါရင် tempo ကျလိုက် ဖြစ်တတ်ပါတယ် ။ 
  
၎ ။*very important* အနှေးဆုံးကိုတီးပါ ။
လေ့ကျင့်နေတဲ့အချိန်မှာ speedကိုခေါင်းထဲ ဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။ speedဟာ ဂစ်တာသမားတိုင်း တပ်မက်တဲ့ ရှိရမယ့် အရည်အချင်းဆိုပေမယ့် ... သူ့ကို အရူးအမူးနဲ့ လိုချင်ပြီးလေ့ကျင့်ပြီ ဆိုတာနဲ့  လမ်းတဝက်မှာ ပြတ်ကျန်ခဲ့ဖို့ သေချာသလောက်ရှိပြီ ။ တခါတလေ ... အနှေးဆုံးတွေကို တီးနေရင်း ခင်ဗျား ငြီးငွေ့လာမယ် ။ သေချာတယ် ။ ဒါကြောင့် ပြောခဲ့ပါတယ် ။ တူရိယာတစ်ခုကို လေ့ကျင့်တယ် ဆိုတာထက် ပျိုးထောင်နေတယ်လို့ ခံယူထားပါ ။ ဒါတွေဟာ ခင်ဗျား မလွဲမသွေ ဖြတ်ကျော်ရမယ့် လှေကားထစ်တွေပါ ။