22 March 2015

Guitar Effect အကြောင်း

Guitar Effect ကိုစလေ့လာရင် Analog Effect အတုံးလေးတွေကို အရင်လေ့လာတာ ကောင်းပါတယ်။ သူတို့မှာ ချိန်ရမယ့် Preset တွေပါတော့ ဘယ်ဟာကိုလှည့်ရင် ဘာဖြစ်တယ်ဆိုတာ မြင်နေ ကြားနေရတယ်လေ။ တစ်ခုချင်းဝယ်ရတာဆိုတော့ ကုန်ကျစရိတ်တော့ များတယ်။ ရှိတဲ့နေရာမှာ အချိန်ပိုင်းနဲ့ သွားလေ့လာလည်း ရပါတယ်။ Digital Effect အပြားကြီးတွေကျတော့ Effect မျိုးစုံစုပြုံထည့်ထားပြီး Preset တွေကိုမြှုပ်ထားတော့ ရုတ်တရက် လေ့လာဖို့မလွယ်ပါဘူး။ အားသာချက်တွေတော့ အများကြီးရှိပါတယ်။

ကလက်စစ်ကယ်ဂစ်တာ ညာလက် လေ့ကျင့်ခန်း

အမှန်တကယ်တော့ ဂစ်တာကြိုးကို တီးတယ်ဆိုတာ လက်ချောင်းတွေကိုလွှဲပြီး အရှိန်နဲ့တီးတာ မဟုတ်ပါဘူး လက်ချောင်းရဲ့ထိပ်နဲ့ ဂစ်တာကြိုးကို ထိပြီးမှ ကြိုးကိုအတွင်း ဖက်ကိုဖိပြီး လွှတ်ပေးလိုက်တာပါ ။ အဲ့ဒီတော့ tone production တွေ ထိချက်တွေအတွက် လေ့ကျင့်ခန်းတွေ ရှိပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းတွေက အရမ်းကို ရိုးရှင်းပါတယ်။ အရင်ဆုံး လက်လေးချောင်းစလုံးကို ဂစ်တာကြိုးလေးချောင်းပေါ်မှာ အရင်နေရာယူရပါတယ် ။ ပြီးမှ p i m a လက်ချောင်းလေးချောင်းကို တစ်ချောင်းချင်းစီကို ဖိပြီးမှ လွှတ်ချပေးတာပါ ။ p i m a ဆိုပြီးလက်ချောင်းလေးချောင်းဖြစ်လို့ 4/4 timing နဲ့လေ့ကျင့်ပါ ။1st beat မှာ p , 2nd beat မှာ i , 3rd beat မှာ m , 4th beat မှာ. a ဆိုပြီးအစဉ်လိုက်တီးရမှာ ဖြစ်ပါတယ်။ပြီးရင် 4th beat ရဲ့ off beat မှာ p i m a. လက်ချောင်းလေးချောင်းလုံးကို ကြိုးလေးချောင်းပေါ်မှာ နေရာပြန်ယူရပါတယ်။


ညာလက် အခေါ်အဝေါ်
p = (pulger) thumb = လက်မ
i = (indiceo) index finger = လက်ညှိုး
m = (media) middle finger = လက်ခလယ်
a = (anular) ring finger = လက်သူကြွယ်

အခြေခံကလပ်စစ်ကယ်ဂစ်တာ (Christopher Parkening's Guitar Method) book 1 + 2

ဒီစာအုပ်က  ဆရာတွေ အများဆုံး လက်စွဲပြုတဲ့ စာအုပ်ပါ ။ တအားစနစ်ကျတယ် ။ တော်တော်လေး ကောင်းတယ် ။ ဒီစာအုပ်ကို ဇွဲရှိရှိနဲ့ တစ်အုပ်ကုန်အောင် တီးပြီးပြီဆိုရင်လည်း ခင်ဗျားပိုး က တော်တော်ကြီးသွားပါပြီ ။ မာစတာအဆင့်ရောက်အောင် မဖြစ်မနေတီးမယ့်သူ စာရင်းမှာ ခင်ဗျား ပါသွားပြီ ။ စိန်ခေါ်မှုတွေကျော်လွှားရင်း သင်ယူပျိုးထောင်ရင်း ... သာယာပါစေဗျာ ...
(ဒီစာအုပ်ကို တင်ပေးတဲ့ ကို Aung Oo ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ)

book 1 - Download Link
book 2 - Download Link


အခြေခံကလပ်စစ်ကယ်ဂစ်တာ (David Braid) စာအုပ် + စီဒီ

ားမထောင်ပါနဲ့ ။ နုတ်ကြည့်တီးပြီးမှ အသံဖိုင်နဲ့ မှန် မမှန် တိုက်ဆိုင် စစ်ဆေးပါ ။
- လက်သည်းကို သဘာဝအတိုင်းပဲ ထားပါ ။ တီးရင်းနဲ့မှ ဘယ်လိုလက်သည်းမျိုးနဲ့ အဆင်ပြေမယ်ဆိုတာ ခင်ဗျားကိုယ်တိုင် ရွေးချယ် တတ်လာပါလိမ့်မယ် ။
ဒီစာအုပ်က လွယ်တယ် ။ အသံဖိုင်တွေပါတယ် ။ ကိုယ်တိုင်လေ့လာဖို့ အဆင်ပြေတယ် ။ ဒီစာအုပ်နဲ့ နုတ်တွေ ဖတ်နိုင်ပြီ အတော်အသင့် တီးနိုင်ပြီဆိုရင် Christopher Parkening ရဲ့ Guitar Method vol 1 , 2 ကို လေ့ကျင့်ဖို့ တိုက်တွန်းပါတယ် ။ လက်အနေအထား ၊ တီးခတ်ပုံတွေကိုလည်း ပိုပြီး အသေးစိတ် ရေးပေးထားပါတယ် ။

စာအုပ် - Download Link
အသံဖိုင် - Download Link

Keyboard Reading (beginner to Advanced)

ပီယာနို ၊ ကီးဘုတ်တီးချင်တဲ့သူတွေအတွက် Musicians Institute က ထုတ်တဲ့ course တစ်ခုပါ ။ ဂီတကျောင်းဆရာတွေ guideလုပ် သင်ကြားပေးရတဲ့ စာအုပ်မျိုး ဖြစ်တဲ့အတွက် သဘောတရားတွေ အများကြီးရေးမထားဘူး ။ လေ့ကျင့်ခန်းတွေကတော့ အများကြီးပဲ ။ တကယ်တီးမယ် ဆိုတဲ့သူတွေအတွက်တော့ ရွှေပဲ ။ Rocket piano လေး ဖတ်လိုက် ၊ ဒီစာအုပ်တွေ လေ့ကျင့်လိုက်ဆိုရင် ပိုကောင်းတယ် ။ အခြေခံကနေ အဆင့်မြင့်အထိ ၄အုပ်တွဲပါ ။

book 1 - Download Link
book 2 - Download Link
book 3 - Download Link
book 4 - Download Link

21 March 2015

101 Groovin' Bass Patterns

င်္Funk , Disco , Reggae တွေတီးရမယ်ဆို ဂစ်တာသမားတွေ သိပ်မကြိုက်ပေမယ့် ... ဘေ့စ်သမားကတော့ .. ဒီတစ်ခါ ငါ့အလှည့်ဆိုပြီး  မျက်လုံးလေးမှိတ် မေးလေးတဆတ်ဆတ် ခေါင်းလေးတခါခါပေါ့ ။ ဆရာသမားများ မုဝင်ပုံ ပြောပါတယ် ။ ဒီစာအုပ်က 70s ခုနှစ်တွေတုန်းက Funk & Disco Bass Pattern တွေပါ ။ ရေလည် တီးလို့ကောင်းပါတယ် ။ ဒစ်စကိုဒန်းဆားဘေ့စ်တွေများ ခင်ဗျားမို့လို ဒီလောက်ညွှန်းနေတယ် လို့ ထင်ကောင်းထင်မယ် ။ ပြဿနာမရှိဘူး ။ စာအုပ်ဖွင့်တီးကြည့်လိုက်ရင် ကျွန်တော် မလွန်ဘူးဆိုတာ ခင်ဗျားသိလိမ့်မယ် ။
 
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link

Develop your Bass Grooves

ဒီစာအုပ်ကို လေ့လာကြည့်တော့ ကျွန်တော်သိချင်တဲ့ အဖြေတစ်ခုကို ရလိုက်တယ် ။ Music မှာ ပြောနေကြတဲ့ Groove ဆိုတာ Time , Rhythm နဲ့ မတူမှန်းသိပေမယ့် ဘယ်လိုစကားလုံးနဲ့ ရှင်းပြရမှန်း မသိဘူး ။ ခင်ဗျား မမြင်နိုင်ဘူး .. မထိနိုင်ဘူး .. ဒါပေမယ့် ... sense အရ သိနိုင်တယ် ... ခံစားနိုင်တယ် ။ ဘေ့စ်သမားကောင်းတစ်ယောက်ဆိုတာ Rhythmic သဘောကို အပြည့်အဝ နားလည်ပြီး groovin' ဖြစ်အောင် တီးနိုင်တဲ့သူပါ ။ တီးဝိုင်းတစ်ခုဟာ groove ဖြစ်တဲ့အခါ နားထောင်သူတွေကို ညို့ယူနိုင်တယ် ။ အထူးသဖြင့် ဒရမ်မာနဲ့ ဘေ့စ်သမားက groove ဖြစ်တဲ့အခါ ... ကျန်တဲ့ player တွေပါ moodဝင်ပြီး အကောင်းဆုံးကို တီးခတ် ဖန်တီးလာနိုင်တယ် ။ အဲဒါကြောင့် ဒရမ်နဲ့ဘေ့စ် ကောင်းရင် တီးဝိုင်းကောင်းပြီ လို့ ပြောကြတာ ဖြစ်ပါလိမ့်မယ် ။ အဲဒီတော့ Groove ဆိုတာ အတိအကျပြော ဆိုရင်တော့ Enigma လို့ပဲ ပြောရလိမ့်မယ် ။ ပဟေဠိတစ်ခု ၊ ပုစ္ဆာတစ်ခုပဲ ။ ဒီစာအုပ်က အဲဒီပုစ္ဆာကို ဖြေရှင်းပေးမယ့် သော့ချက်ပါ ။ ဒီလောက်ဆို ဒီစာအုပ်မှာ ဘာတွေပါမလဲ သိလောက်ပြီ ထင်ပါရဲ့ ။ တီးကြည့် ၊ ဖတ်ကြည့်ပါ ။ ခင်ဗျားအတွက် music sense တစ်ခု ရလာမှာပါ ။

စာအုပ် - Download Link
စီဒီ - Download Link

Enigma ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်လို့ နည်းနည်း လျာရှည်ချင်ပါသေးတယ် :) ရုပ်ရှင်ဇာတ်ကား တကားအကြောင်း ။ အဲဒီဇာတ်ကားက The imitation Game (2014) ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေခေါင်းစားနေတာ ... ဂျာမာန်တွေ အသုံးပြုတဲ့ လျှို့ဝှက်ကြေးနန်းစက် Enigma machine ပါ ။ Enigma machine ဟာ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးစက် ၊ အခက်ခဲဆုံးပြဿနာပဲ ။ အဲဒါကြောင့် Enigma isn't difficult. It's impossible. လို့ ဆိုကြတယ် ။ အဲဒီစက်ကတဆင့် ပေးပို့နေတဲ့ ဂျာမာန်တွေရဲ့ကုဒ်ကို decrypt လုပ်နိုင်ဖို့ သချာင်္ပညာရှင် Alan Turing နဲ့ အဖွဲ့က ကြိုးစားခဲ့ကြတယ် ။ ၂နှစ်အကြာမှာ အောင်မြင်ခဲ့ကြတယ် ။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီနေ့အသုံးပြုနေတဲ့ ကွန်ပြူတာရဲ့အစဟာ ... အဲဒီတုန်းက Alan တီထွင်ခဲ့တဲ့ Turing machine က ဖွံ့ဖြိုးလာတာပါ ။
ခင်ဗျားတို့လည်း Groove ကို သိရင် ဘေ့စ်ဂစ်တာရဲ့ Alan Turing ဖြစ်ပြီ ။ တစ်ခုပဲ ကသိကအောက် ဖြစ်စရာရှိတယ် ။ Alan Turing က ...... h ... o ... m ... o .... ? ? ? :P