Voice Lessons to go CD 1 + 2
မျက်လုံးမှာတော့ မွေးကတည်းက အရောင်မမြင်ရတဲ့ color-blindness တွေရှိသလို ... နားမှာလည်း အသံ ရဲ့ frequency ကို pitch အတိအကျ မကြားနိုင်တဲ့ tone-deaf တွေရှိတယ် ။ မွေးရာပါ tone-deaf မဟုတ်ရင် နားဝင်ပီယံဖြစ်အောင် သီချင်းဆိုနိုင်ပါတယ် ။ သာမာန် အသံမထွက်တာ ၊ အသံမငြိမ်တာ ၊ အသံပြာတာလောက်တော့ singing exercise တွေ လေ့ကျင့်လိုက်ရင် အိုကေသွားမှာပါ ။
အဆိုလေ့ကျင့်တာက human instrument ဆိုတော့ အမှားမခံဘူး ။ ပါးစပ်ဖွင့်ပုံ ၊ လည်ချောင်းကြွက်သားအသုံးပြုပုံ ၊ အသက်ရှူပုံ ၊ Pitch မှန်ကန်မှ တိုးတက်တာပါ ။ အွန်လိုင်းက ရသမျှ vocal lessons CD တွေကလည်း အခြေခံလို့သာပြောတာ ၊ absolute beginner တွေအတွက် လုံးဝ အထောက်အကူမဖြစ်ပါဘူး ။ ဆရာတစ်ယောက်နဲ့ လေ့ကျင့်ဖို့ပဲ တိုက်တွန်းပါရစေ ။ အခြေခံသိပြီး လေ့ကျင့်နေသူတွေအတွက်တော့ စာအုပ်တွေ ၊ စီဒီတွေ ရှာဖွေပေးပါမယ် ။ ခင်ဗျားတို့ဖာသာ နားထောင်ပြီး ယူသင့်တာယူ ပယ်သင့်တာ ပယ်လိုက်ပါ ။
CD 1-1 - Download Link
CD 1-2 - Download Link
CD 2-1 - Download Link
CD 2-2 - Download Link
26 March 2015
25 March 2015
ဂီတသင်တန်းများ
ဆရာကိုစိုင်း (Guitar Library)
Polychromatic Music Centre
Guitar,Bass,Piano,Vocal and Music Theory တွေကို သင်ယူနိုင်ပါတယ်။
အမှတ်-၁၀၈ ၊ ၆ လွှာ စမ်းချောင်းလမ်းနှင့် သပြေညိုလမ်းထောင့် ၊ မြေနီကုန်း ၊ စမ်းချောင်း
ဖုန်းနံပါတ် - ၀၉၄ ၃၁၁၈ ၅၃၅ ။

ဆရာ ကိုညီညီထွေး (Metal Guitarist) ဂစ်တာသင်တန်း
အမှတ်-၁၅၂(ဘီ) ၊ ၈ လွှာ ၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ ကန်တော်ကလေး ၊ မင်္ဂလာတောင်ညွန့်
ဖုန်းနံပါတ် - ၀၉၅ ၁၄၈ ၅၇၈ ၊ ၀၉၇ ၃၀၈၁ ၆၁၈ ။

International note ဖတ်နည်း (မြန်မာစာအုပ်)
International notes များကို နားလည်တတ်ကျွမ်းချင်သူများအတွက် အက်ဒမင် ကိုဟယ်ရီလွင် ရေးသားထားပြီး ၊ မြန်မာမိသားစုဖိုရမ်က တင်ဆက်ထားတဲ့ Rudiments of music စာအုပ်ပါ ။ ကိုဟယ်ရီလွင် ရဲ့ ဘလော့မှာ ဂီတအကြောင်း ၊ ကဗျာအကြောင်းများကို လေ့လာနိုင်ပါတယ် ။
စာအုပ် - Download Link
ဘလော့ - http://harrylwin.blogspot.com/
စာအုပ် - Download Link
ဘလော့ - http://harrylwin.blogspot.com/
ယနေ့ဂစ်တာ ဆိုသည်မှာ ...
၂ဝဝ၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့ညချမ်းအချိန်တွင် ကမ်းနားဟိုတယ်၌ ‘ဂါအဲရှိရှ်’ (Gaëlle Chiche) နှင့် ‘ဖရန်စစ်စကိုဘဲနီရေး’ (Francisco Bernier) ဟူသော ဂစ်တာပညာရှင်ဇနီးမောင်နှံ (၂)ဦးဖြင့်ဖွဲ့စည်းထားသော ဒူယိုအက်စတော (Duo Astor) အဖွဲ့မှ ဂန္ထဝင်ဂစ်တာ တေးဂီတ ဖျော်ဖြေတင်ဆက်ပွဲတစ်ခု ကျင်းပသွားခဲ့ပါသည်။ စပိန်ဂစ်တာပညာရှင်ကြီးများဖြစ်ကြသော ‘ဖါနန်ဒိုဆော’ (Fernando Sor) ၏လက်ရာ ‘ဖန်တရှား အိုပတ်(စ) ၅၄’ (Fantaisie Opus 54) တေးစုကို အဖွင့်ပိုင်းတွင် လက်ရာမြောက်စွာ တင်ဆက်သွားပြီး၊ ဖျော်ဖြေပွဲအစီအစဉ်အပြီးတွင် အထူးလက်ဆောင်အဖြစ် ‘ဖရန်စစ်စကိုတာရီဂါ’ (Francisco Tárrega) ၏ လက်ရာမွန် ‘ရီကာဒိုစ်ဒီလာ အယ်လ်ဟမ်ဘရာ’ (Recuerdos de la Alhambra) ကို တီးခတ်ဖျော်ဖြေ သွားခဲ့ရာ ထိုပညာရှင်မောင်နှံ (၂) ဦးအား ကျေးဇူးတင်လျက်နားဆင်ခဲ့ရပါသည်။ ထိုစပိန်တေးပြုဆရာကြီးနှစ်ဦးစလုံးမှာ ကျွန်တော်၏အသည်းစွဲပညာရှင်များ ဖြစ်ကြ၍ ဂန္ထဝင်ဂစ်တာတေးသွားများ စင်တင်ဖျော်ဖြေတင်ဆက်ပွဲကို မြတ်နိုးနားဆင်လိုသော အိပ်မက်တစ်ခုမှာ ဂီတကဝေတို့ မှော်ဝင်ဂီတ၏ ညှို့ငင်ဖမ်းစားမှုအာရုံဖြင့် ထိုညချမ်းတွင် ပြီးပြည့်စုံခြင်းသို့ရောက်ရှိခဲ့ပါသည်။ အိမ်အပြန်လမ်းတွင် အတွေးတစ်စက ရစ်ပတ်နှောင်ဖွဲ့ထားသည်မှာတော့ “ယနေ့ဂစ်တာဆိုသည်မှာ ...”
24 March 2015
Rock N' Roll Piano (HL) စာအုပ် + စီဒီ
Rock ဂီတရဲ့ ကောင်းကင်ဘုံအစဟာ Rock n' Roll ရဲ့ နှစ်ခြင်းမင်္ဂလာပါ ။ ခွန်အားပြည့်တဲ့ ဂီတများစွာရဲ့ မွေးဖွားရှင်သန်ရာ ဘူမိနက်သန်လည်း ဖြစ်ရဲ့ ။ Fats Domino , Jerry Lee Lewis, Little Richard တို့နဲ့အတူ 50s, 60s ရင်ခုန်သံမှာ ... ခင်ဗျားတဖန် နုပျိုချင်တယ်ဆိုရင် ...
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
Blues Piano (HL) စာအုပ် + စီဒီ
Blues ဂီတဟာ နှလုံးသားတစ်ခုဖြစ်သလို ... စကြဝဠာတစ်ခုဆိုလည်း မမှားဘူး ။ သူ့ရဲ့ အနားသတ်မရှိ လွတ်လပ်ကျယ်ပြန့်တဲ့ ခံစားရသမှာ ဂီတသမားတိုင်း လိုလားစွာ နားခိုကြတယ် ။ ဂီတကို ... နှလုံးသားနဲ့ ဖန်တီးချင်တယ် တီးခတ်ချင်တယ်ဆိုရင် Blues ဂီတနဲ့ ရင်းနှီးမှဖြစ်ပါမယ် ။ ဒီစာအုပ်မှာ Blues အခြေခံကစ ၊ Pro တွေ အသုံးပြုတဲ့ technique တွေ ၊ trick တွေ ပါဝင်တယ် ။ အတိုင်းအတာတစ်ခုထိ ပြည့်စုံတဲ့ စာအုပ်ကောင်းလို့ ဆိုနိုင်ပါတယ် ။
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link
အသံဖိုင် ၆ - Download Link
စာအုပ် - Download Link
အသံဖိုင် ၁ - Download Link
အသံဖိုင် ၂ - Download Link
အသံဖိုင် ၃ - Download Link
အသံဖိုင် ၄ - Download Link
အသံဖိုင် ၅ - Download Link
အသံဖိုင် ၆ - Download Link
ဂစ်တာသမားများအတွက် Up stroke လေ့ကျင့်ခန်း
ဂစ်တာစကေးတွေကို တီးခတ်တဲ့အခါ ... (Ascending) အပေါ်ကြိုးကနေ အောက်ကြိုး / အသံနိမ့်ကနေ အသံမြင့်သို့ တီးခတ်ခြင်းက ပိုမိုလွယ်ကူပြီး ၊ (Descending) အောက်ကြိုးကနေ အပေါ်ကြိုး / အသံမြင့်ကနေ အသံနိမ့်ဆီ ပြန်သွားတဲ့အခါ ထစ်ငေါ့မှုတွေ ရှိတတ်တယ် ။ အဓိက ပြဿနာက ညာလက် Up stroke ကြောင့်ပါ ။ အဲဒီအတွက် up stroke ကို သီးသန့်လေ့ကျင့်ပေးရတယ် ။
မှန်ကန်တဲ့ လက်ကောက်ဝတ်ထိန်းကျောင်းပုံ
ဒီလေ့ကျင့်ခန်းတွေရဲ့ အဓိကသော့ချက်က လက်ကောက်ဝတ် အထားအသို ၊ လှုပ်ရှားပုံပါ ။ အနီးစပ်ဆုံးက စာရေးခြင်း ဥပမာပါပဲ ။ စားပွဲပေါ်က စာရွက်တစ်ရွက်မှာ ဘောပင်ကိုင်ပြီး စာရေးတဲ့အခါ လက်ကောက်ဝတ်ကို သတိထားကြည့်ပါ ။ ဘောပင်ကို လိုရာထိန်းကျောင်းနိုင်ဖို့ လက်ကောက်ဝတ်က စားပွဲမှာ ဒေါက်တိုင်အဖြစ် ထောက်ထားတာ တွေ့ရလိမ့်မယ် ။ တစ်ခါ .. လက်ကောက်ဝတ်ကို ဒေါက်တိုင်အဖြစ် မထောက်ဘဲ လေထဲမှာထားပြီး စာရေးကြည့်ပါ ။ ဘောပင်ကို ထိန်းကျောင်းရ ခက်ခဲတာကို တွေ့ရလိမ့်မယ် ။ အဲဒီ ဥပမာလိုပဲ ။ ဘောပင်ထိပ်ဖျားက စာတစ်လုံးရေးတာနဲ့ ၊ ဂစ်တာလက်ခတ်ထိပ်ဖျားက နုတ်တစ်လုံးကို တီးတာ ... လက်ကောက်ဝတ်ထိန်းကျောင်းမှု သဘောတရားချင်း အတူတူပါပဲ ။ up stroke မှာလည်း လက်ကောက်ဝတ်လှုပ်ရှားမှုက အရေးကြီးပါတယ်
လေ့ကျင့်ခန်း-၁
မှန်ကန်တဲ့ လက်ကောက်ဝတ်ထိန်းကျောင်းပုံ
ဒီလေ့ကျင့်ခန်းတွေရဲ့ အဓိကသော့ချက်က လက်ကောက်ဝတ် အထားအသို ၊ လှုပ်ရှားပုံပါ ။ အနီးစပ်ဆုံးက စာရေးခြင်း ဥပမာပါပဲ ။ စားပွဲပေါ်က စာရွက်တစ်ရွက်မှာ ဘောပင်ကိုင်ပြီး စာရေးတဲ့အခါ လက်ကောက်ဝတ်ကို သတိထားကြည့်ပါ ။ ဘောပင်ကို လိုရာထိန်းကျောင်းနိုင်ဖို့ လက်ကောက်ဝတ်က စားပွဲမှာ ဒေါက်တိုင်အဖြစ် ထောက်ထားတာ တွေ့ရလိမ့်မယ် ။ တစ်ခါ .. လက်ကောက်ဝတ်ကို ဒေါက်တိုင်အဖြစ် မထောက်ဘဲ လေထဲမှာထားပြီး စာရေးကြည့်ပါ ။ ဘောပင်ကို ထိန်းကျောင်းရ ခက်ခဲတာကို တွေ့ရလိမ့်မယ် ။ အဲဒီ ဥပမာလိုပဲ ။ ဘောပင်ထိပ်ဖျားက စာတစ်လုံးရေးတာနဲ့ ၊ ဂစ်တာလက်ခတ်ထိပ်ဖျားက နုတ်တစ်လုံးကို တီးတာ ... လက်ကောက်ဝတ်ထိန်းကျောင်းမှု သဘောတရားချင်း အတူတူပါပဲ ။ up stroke မှာလည်း လက်ကောက်ဝတ်လှုပ်ရှားမှုက အရေးကြီးပါတယ်
လေ့ကျင့်ခန်း-၁
Subscribe to:
Posts (Atom)




