website - http://www.40drumrudiments.com/
19 March 2015
40 Drum Rudiments
Drum Rudiments ဟာ ဒရမ်မာတစ်ယောက်ရဲ့ အသက် ၊ ဖောင်ဒေးရှင်း ၊ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ ။ ဒရမ်မာကောင်းတစ်ယောက်ဖြစ်ဖို့ သော့ချက်လည်း ဖြစ်ပါတယ် ။ ဒရမ်ဝဘ်ဆိုက်တွေထဲမှာ ဒီဝဘ်ဆိုက်ရဲ့ ဗီဒီယိုသရုပ်ပြ လေ့ကျင့်ခန်းတွေက စနစ်ကျတယ် ။ ရိုးရှင်းတယ် ။ နားလည်လွယ်တယ် ။ Drum Rudiments တီးခတ်ပုံကို Drum pad နဲ့ သေချာအရင်ရှင်းပြပြီး Drum set ပေါ်မှာ ထပ်တီးပြတယ် ။ ခင်ဗျားကိုယ်တိုင် Rhythm pattern တစ်ခုရတာနဲ့ beat တစ်ခု fill တစ်ခုကို ကိုယ်တိုင်ဖန်တီး တီးခတ်လာနိုင်ပါလိမ့်မယ် ။ ဝဘ်ဆိုက်က ဗီဒီယိုထဲမှာလည်း နုတ်တွေထည့်ပေးထားသလို ၊ ဗီဒီယိုရဲ့ အောက်စာမျက်နှာမှာလည်း နုတ်တွေ ရေးပေးထားပါတယ် ။ ခင်ဗျာအတွက် တစ်စုံတစ်ခုတော့ ရမှာပါ ။ သွားကြည့်လိုက်ပါ ။
website - http://www.40drumrudiments.com/
website - http://www.40drumrudiments.com/
18 March 2015
ဂျက်ဇ်ဂစ်တာ (beginner) စာအုပ် + စီဒီ
ဂစ်တာကို အတော်အသင့်တီးခတ်နိုင်ပြီး Jazz Guitar style ကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင် ဒီစာအုပ်နဲ့ သင့်တော်ပါတယ် ။ ရှင်းပြချက်တွေ နားလည်လွယ်သလောက် လေ့ကျင့်ခန်းတွေလည်း ကောင်းပါတယ် ။ complete method အဖြစ် ၄အုပ်တွဲပါ ။ တစ်ပိုင်းချင်း တင်ပေးသွားပါမယ် ။
တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ
တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ "လေ့ကျင့်တယ်" ဆိုတာထက် "ပျိုးထောင်တယ်" ဆိုတဲ့စကားကို ပိုသဘောကျတယ် ။ ဟုတ်ပါတယ် ။ ဂစ်တာလေ့ကျင့်တယ်ဆိုတာ ဂစ်တာနဲ့ ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်တာပါ ။ ဒီလိုနားလည်ထားမှလည်း လေ့ကျင့်တဲ့အချိန်တွေကို မငြီးမငွေ့ ဖြတ်သန်းနိုင်မှာပါ ။ ( ကျွန်တော်က ဂစ်တာသမားဖြစ်တဲ့အတွက် ဒီတူရိယာလေ့ကျင့်နည်းကို ဂစ်တာကို ဥပမာထားပြီး ရေးသွားပါမယ်)
၁ ။ မလေ့ကျင့်မီ အကြောလျော့ပေးပါ
ဂစ်တာစကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး (ဖြစ်နိုင်ရင်တစ်ကိုယ်လုံး) အကြောလျော့ပေးပါ ။ တချို့က မလိုအပ်ဘူးလို့ ထင်ကောင်းထင်မယ် ။ အကြောလျော့ခြင်းနဲ့ စိတ်ရဲ့relaxဟာ ခင်ဗျားကို မောင်းတင်ပေးမယ့် ခွန်အားတွေပါ ။
၂ ။ warm up အမြဲလုပ်ပါ ။
Fingering, chromatic scale, fingering stretching တွေထဲက ခင်ဗျားအတွက် ပေါ့ပါးလွယ်ကူမယ့် တမျိုးမျိုးကို နာရီဝက်လောက် အရင်တီးလိုက်ပါ ။ လက်ချောင်းတွေ သွေးပူလာဖို့ ၊ လွတ်လပ်စွာလှုပ်ရှားဖို့ ၊ finger stamina ကောင်းဖို့ ၊ ဒဏ်မဖြစ်ဖို့ ... warm up မလွဲမသွေတီးရပါမယ် ။
၃ ။ Metronomeနဲ့ အမြဲကျင့်ပါ ။
Metronomeနဲ့ မကျင့်ခဲ့ရင်Bandနဲ့တီးတဲ့အခါ၊ Studioမှာအသံသွင်းတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်လာပါမယ် ။ ကိုယ့်ရဲ့ tempoကို ကိုယ်သတိထားမိဖို့ ခက်ပါတယ် ။ စိတ်ကြွလာရင် tempoတက်လိုက် ၊ စိတ်မပါရင် tempo ကျလိုက် ဖြစ်တတ်ပါတယ် ။
၎ ။*very important* အနှေးဆုံးကိုတီးပါ ။
လေ့ကျင့်နေတဲ့အချိန်မှာ speedကိုခေါင်းထဲ ဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။ speedဟာ ဂစ်တာသမားတိုင်း တပ်မက်တဲ့ ရှိရမယ့် အရည်အချင်းဆိုပေမယ့် ... သူ့ကို အရူးအမူးနဲ့ လိုချင်ပြီးလေ့ကျင့်ပြီ ဆိုတာနဲ့ လမ်းတဝက်မှာ ပြတ်ကျန်ခဲ့ဖို့ သေချာသလောက်ရှိပြီ ။ တခါတလေ ... အနှေးဆုံးတွေကို တီးနေရင်း ခင်ဗျား ငြီးငွေ့လာမယ် ။ သေချာတယ် ။ ဒါကြောင့် ပြောခဲ့ပါတယ် ။ တူရိယာတစ်ခုကို လေ့ကျင့်တယ် ဆိုတာထက် ပျိုးထောင်နေတယ်လို့ ခံယူထားပါ ။ ဒါတွေဟာ ခင်ဗျား မလွဲမသွေ ဖြတ်ကျော်ရမယ့် လှေကားထစ်တွေပါ ။
17 March 2015
ဂစ်တာအက်ဖက်များ နှင့် ဂစ်တာအန်ပလီဖိုင်ယာများကို ချိန်ညှိခြင်း - ၂
၁ - ကို Steve Vai ကြီး ချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင် ကောက်ကြောင်း
--------------------------------------------------------------------------------------------------------
ကို Steve Vai ကြီးဟာ သူ့မူပိုင် Ibanez JEM ဆောလစ်တွေနဲ့အတူ ဂစ်တာအက်ဖက်တွေ ကို အသုံးပြု တဲ့အခါ မှာ မူလအစက Single Guitar Effect တွေကိုဘဲ တစ်စိုက်မတ်မတ် အသုံးပြုခဲ့ တာ ပါ။ နောက်ပိုင်း မှာ Single Effects တွေနဲ့အတူ Multi-Effects Processor ကိုပါ ပူးတွဲသုံးစွဲ လာခဲ့ပါ တယ်။ သူ့ရဲ့ နောက်ဆုံး DVD Live Show ခွေမှာ Single Effects တွေနဲ့အတူ Zoom Multi-Effects Processor ကြီးကို Expression Pedal တွေ အများကြီးနဲ့ တွဲသုံးပြသွား ခဲ့ပါတယ်။ နမူနာ ဗီဒီယိုဖြစ်တဲ့ Now We Run ဂစ်တာဆိုလိုကို ဒီမှာ ကြည့်နိုင်ပါတယ်။
ကို Steve Vai ကြီး ကြိုက်တဲ့ Boss Single Effect Pedal ကတော့ လိမ္မော်ရောင် DS-1 ပါ။ ဒီ Boss DS-1 Distortion Pedal ကို သူ့စိတ်ကြိုက် အခြား အမေရိကန် ဂစ်တာအက်ဖက်အချို့နဲ့ Expression Pedal တွေနဲ့သူအမြဲဘဲ တွဲအသုံးပြုခဲ့တာပါ။
JR ရဲ့ ရော့ခ်စည်းမျဉ်း
John Petrucci ရဲ့ Rock Discipline ဟာ ... ဒါလေးကို ဒီလိုတီးဆိုတဲ့ ... ရိုက်စားခွေမျိုး မဟုတ်ပါဘူး ။ ၂နာရီစာပါဝင်တဲ့ သူ့ရဲ့ တက်ကနစ် ၊ အယူအဆ ၊ ရှင်းလင်းချက်အားလုံးက ... ခင်ဗျားအတွက် ကိုယ်ပိုင်ဟန်ထူထောင်ဖို့ ပံ့ပိုးထားတာချည်းပဲ ။ Rock Guitar အတွက် အသားပေးရှင်းပြထားပေမယ့် ဘယ်ဂစ်တာသမားမဆို လေ့ကျင့်နိုင်တယ် ။ သူ့ရဲ့ warm-up , chromatic scale , finger stretching တွေဟာ တကယ်ကိုကောင်းပါတယ် ။ ကျွန်တော်တို့ ဒီနေ့ထိ ဂစ်တာကိုင်တာနဲ့ တီးဖြစ်နေတုန်း ။ string skipping နဲ့ scale fragments တွေကလည်း scale , chord တွေကို ဘယ်လိုဆင့်ပွားလေ့ကျင့်နိုင်တယ်ဆိုတဲ့ အိုင်ဒီယာသာမက ... solo အယူအဆတွေပါ တိုးတက်စေတယ် ။ arpeggios နဲ့ ပတ်သတ်လို့တော့ သိပ်မပါဘူး ။ JPကိုယ်တိုင်လည်း arpeggios ကို တရှိုက်မက်မက် မသုံးပါဘူး ။ arpeggios အစား chord တွေကို string skipping အနေနဲ့ သုံးတာ ပိုများပါတယ် ။ ခင်ဗျားဟာ ရော့ခ်တေးသွားတွေကို သီကုံးဖို့ကြိုးစားနေသူဆိုရင်တော့ အခွေနောက်ဆုံးမှာ ရှင်းပြထားတဲ့ chordal techniques ကို ဂရုတစိုက်သာ နားထောင်ကြည့်လိုက်ပါ ။ နိဂုံးချုပ်ရရင်တော့ John Petrucci ရဲ့ Rock Discipline ဟာ ဂစ်တာသမားတွေအတွက် ရတနာသိုက်ကြီးတစ်ခုပါပဲ ။
စာအုပ် - Download link
ဂစ်တာပရိုဖိုင် - Download link
video 1 (playlist) - https://www.youtube.com/watch?v=k6aEMRMiRkA&list=PL731921287786F542
video 2 (full) - https://www.youtube.com/watch?v=6VApk-vvhp8
( video 1 က Youtube playlist ၁၂ ဖိုင် ၊ video 2 က တခွေလုံးပါ ) ရှေ့ဆုံးမှာ JP သရုပ်ပြထားတဲ့ အကြောလျော့လေ့ကျင့်ခန်းတွေကိုလည်း ဂစ်တာမတီးခင် လေ့ကျင့်ပေးပါ ။ စိတ်ရောကိုယ်ပါ relax ဖြစ်တဲ့အခါ ခင်ဗျားရဲ့ဂစ်တာသံတွေ ပိုပြီး သာယာလာပါလိမ့်မယ် ။
စာအုပ် - Download link
ဂစ်တာပရိုဖိုင် - Download link
video 1 (playlist) - https://www.youtube.com/watch?v=k6aEMRMiRkA&list=PL731921287786F542
video 2 (full) - https://www.youtube.com/watch?v=6VApk-vvhp8
( video 1 က Youtube playlist ၁၂ ဖိုင် ၊ video 2 က တခွေလုံးပါ ) ရှေ့ဆုံးမှာ JP သရုပ်ပြထားတဲ့ အကြောလျော့လေ့ကျင့်ခန်းတွေကိုလည်း ဂစ်တာမတီးခင် လေ့ကျင့်ပေးပါ ။ စိတ်ရောကိုယ်ပါ relax ဖြစ်တဲ့အခါ ခင်ဗျားရဲ့ဂစ်တာသံတွေ ပိုပြီး သာယာလာပါလိမ့်မယ် ။
16 March 2015
အခြေခံဂစ်တာသင်ခန်းစာ Plan-13
Warm-up
Ex - 207
Ex - 208
Ex - 209
ဒီနေ့တော့ Rhythm ကိုနောက်ဆုံးမှ တီးပါမယ် ။ နုတ်တွေကို အရင်လေ့ကျင့်ပါမယ် ။ အသစ်လေ့ကျင့်မယ့် နုတ်တွေမှာ sharp( ♯ ) , flat( ♭ ), natural( ♮ ), ဆိုတဲ့ accidental sign တွေ ပါလာပါပြီ ။
အခြေခံဂစ်တာသင်ခန်းစာ Plan-12 (Revision)
ခင်ဗျားတို့ လေ့ကျင့်ခန်းတွေ အများကြီး ဖြတ်ကျော်လာခဲ့ပါပြီ ။ PLAN-9,PLAN-10,PLAN-11 တွေကို တစ်ခေါက်ပြန်နွှေးရင်း တီးခဲ့သမျှနုတ်တွေကို ပိုပြီး မှတ်မိသွားအောင် အသစ်ပေးထားတဲ့ သီချင်းသစ်လေးတွေ တီးရင်း ပျော်ရွှင်ပါစေဗျာ … ။ ။ (သီချင်းနှင့် လိုက်ဖက်မယ့် Rhythm-patterns လေးတွေ ရေးပေးထားပါတယ် ။)
¾ timing အားလုံးအတွက်တော့ 1-2&-3 rhythm pattern က အလိုက်ဖက်ဆုံးပါပဲ ။ ex-205 ကို rhythm တီးတဲ့အခါ ပထမနှင့် တတိယစည်းချက်တွေမှာ အပေါ်ကြိုးများကို ဦးစားပေး တီးခတ်ပြီး ၊ ဒုတိယနှင့် စတုတ္ထစည်းချက်တွေမှာတော့ အောက်ကြိုးများကို ဦးစာပေးခတ်ပါမယ် ။ ex-203နှင့်ex-206 တို့ရဲ့ နောက်ဆုံးဘားတွေမှာ chordပေါ်မှာ အစက်တစ်စက်နှင့် မျဉ်းခုံးလေးတစ်ခု တွေ့ရပါမယ် ။ အဲဒါက Fermata (or) Pause sign လို့ခေါ်ပါမယ် ။ ဂျွမ်း .. ဆိုတီးချပြီး အသံဆွဲအဆုံးသတ်လိုက်ပါ .. ။
Ex - 200
Subscribe to:
Posts (Atom)
