Perfect Intervals
4th , 5th interval တွေကိုတော့ Major , minor လို့မခေါ်ဘဲ perfect intervals လို့ ခေါ်ပါတယ် ။ perfect 4th , perfect 5th စသည် ဖြင့် ရေးပါတယ် ။ unison နဲ့ octave တွေကလည်း perfect interval တွေပါပဲ ။
Major intervals တွေကို one half step လျော့တဲ့အခါ minor intervals ဖြစ်ကြောင်းကို သိပြီးပါပြီ ။ perfect intervals တွေကတော့ တစ်မျိုးကွဲပြားပါတယ် ။ အပေါ်ပုံကို ကြည့်ပါ ။ perfect interval တွေကို one half step လျော့တဲ့အခါ Diminished interval လို့ ခေါ်ပြီး ၊ one half step မြှင့်တဲ့အခါမှာတော့ Augmented interval ခေါ်ပါတယ် ။ ဥပမာ - perfect 4th ကို one half step လျော့တဲ့အခါ Diminished 4th ဖြစ်သွားပြီး ၊ one half step တိုးတဲ့အခါ Augmented 4th ဖြစ်သွားပါတယ် ။ perfect 5th လည်း အတူတူပါပဲ ။ အောက်မှာ ဇယားကွက်ဖြင့် ဖော်ပြပေးထားပါတယ် ။ သင်္ကေတအားဖြင့် Perfect = P , diminished = d , Augmented = A ဆိုပြီး ရေးသားပါတယ် ။ ပါဝင်တဲ့ half step များနှင့်အတူ တွဲပြီးမှတ်သားထားလိုက်ပါ ။
Bass Clef ရဲ့ Space notes တွေက
1st space = A
2nd space = C
3rd space = E
4th space = G
Space notes တွေကို မှတ်မိရင် Line notes အတွက် လွယ်ကူသွားပါလိမ့်မယ် ။
interval တွေကို အလွယ်တကူခွဲခြားနိုင်အောင် တွက်ချက်ဖို့ ၊ စဉ်းစားဖို့ tips တစ်ချို့က -
- bottom note မှ စပြီး up note အထိ ရေတွက်ပြီး
- ဘယ်နှစ်ကြိမ်မြောက် interval ဖြစ်တယ်ဆိုတာ အရင်တွက်ပါ ။
- ၄င်းintervalရဲ့ ကွဲပြားတဲ့ half-stepများကို တွက်ချက်ပြီး interval အမျိုးအစားခွဲပါ ။
ဥပမာ - လေ့ကျင့်ခန်း-၁ ရဲ့ နံပါတ် ၂ ကို ကြည့်ပါ ။ bottom note E , up note C ဖြစ်ပါတယ် ။ E မှ ရေတွက်လျှင် (E-F-G-A-B-C) ၆လုံးမြောက်နုတ် ဖြစ်တာကြောင့် sixth interval ဖြစ်ပါတယ် ။ ဒါပေမယ့် E ရဲ့ ၆လုံးမြောက်နုတ် (Major sixth interval) က C# ဖြစ်ပြီး ၊ half-step ၉ခု ပါဝင်ပါတယ် ။ ( E Major scale ကို မှတ်မိရင် အလွယ်တွက်နိုင်ပါတယ် ) အခုက C ဖြစ်ပြီး half step ၈ခုပဲပါတယ် ။ အဲဒါကြောင့် Major sixth ကို one half step လျော့ထားတဲ့ minor sixth interval ဖြစ်ကြောင်း အဖြေရပါတယ် ။
မေးခွန်းအားလုံး Major , minor , Perfect တွေပါ ။ Augmented , Diminished တွေကို နောက်သင်ခန်းစာတစ်ခုပြီးမှ လေ့ကျင့်ပါမယ် ။ နောက်သင်ခန်းစာတွေမှာ ပိုပြီးအသေးစိတ်လာလို့ အနည်းငယ် ခက်ခဲလာနိုင်ပါတယ် ။ အဲဒါကြောင့် ကျေညက်အောင် လေ့ကျင့်ခန်းတွေ အများကြီး ပေးထားပါတယ် ။ လုပ်နိုင်သလောက် လုပ်ကြည့်ပါ ။ များများလေ့ကျင့်နိုင်ရင်တော့ ပိုပြီး အကျိုးရှိမှာပါ ။
လေ့ကျင့်ခန်း - ၁
လေ့ကျင့်ခန်း -၁ အဖြေများ
1-P5, 2-m6 , 3-m3 , 4-M3 , 5-m3 , 6-M2 , 7-M3 , 8-M3 , 9-M6 , 10-m6 , 11-m3 , 12-P4 , 13-M3 , 14-P8 (Perfect Octave) , 15-m2 , 16-m6 , 17-M3 , 18-M6 , 19-M3 , 20-m3 , 21-P5 , 22-P4 , 23-m3 , 24-M3
လေ့ကျင့်ခန်း - ၂
လေ့ကျင့်ခန်း - ၂ အဖြေများ
1-P4, 2-m3 , 3-M3 , 4-m3 , 5-P5 , 6-m7 , 7-M6 , 8-M3 , 9-P4 , 10-P4 , 11-m3 , 12-M7 , 13-P8 , 14-m6 , 15-m6 , 16-P5 , 17-P5 , 18-P4 , 19-m3 , 20-P5 , 21-P4 , 22-M3 , 23-M7 , 24-m3
လေ့ကျင့်ခန်း - ၃
လေ့ကျင့်ခန်း - ၃ အဖြေများ
(1) a-m6 ,b-P5 ,c-M3 ,d-P8 ,e-P4 ,f-M2 ,g-M2 ,h-M7
(2) a-P5 ,b-U ,c-m3 ,d-m7 ,e-P8 ,f-m6 ,g-M2 ,h-P4
(3) a-M3 ,b-M6 ,c-M2 ,d-U ,e-M3 ,f-m7 ,g-P5 ,h-M6
(4) a-M3 ,b-M6 ,c-P8 ,d-m2 ,e-P5 ,f-P4
(5) a-M3 ,b-M6 ,c-m3 ,d-U ,e-m7 ,f-P8
(6) a-m3 ,b-M3 ,c-m2 ,d-M6 ,e-P8 ,f-U
unison ကို (U) သို့မဟုတ် P1 (Perfect Unison) လို့ အတိုကောက် ရေးလို့ရပါတယ်
အဖြေတွေအားလုံး ကျွန်တော်ကိုယ်တိုင် ဖြေပေးထားတာပါ ။ ခင်ဗျားတို့ကို မစားခင် ကျွန်တော်အစားခံ လိုက်ရပါတယ် ။ အမှားတွေလည်း ပါကောင်းပါနိုင်တယ် ။ အမှားတွေ့ရင်တော့ အားမနာတမ်းလက်တို့လိုက်ပါ ။
ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)
No comments:
Post a Comment