မနေ့က ... အခြေခံဂီတသီအိုရီ - ၂ မှ လေ့ကျင့်ခန်းတွေရဲ့ အဖြေတွေပါ ။
Ans;1 A Major scale / 3 sharps scale
Ans;2 E Major scale / 4 sharps scale
Ans;3 B Major scale / 5 sharps scale
Ans;4 F# Major scale / 6 sharps scale
Ans;5 C# Major scale / 7 sharps scale
Scales အားလုံးကို အောက်မှာ ဇယားကွက်ဖြင့် ဖော်ပြ ပေး ထားပါတယ် ။
ဒါတွေအားလုံးဟာ circle of fifth သီအိုရီနဲ့ ဆင့်ပွားလာတဲ့ sharp scales တွေချည်းပါပဲ ။ Scales များ နှင့်တကွ ပါဝင်သော sharpများကို အလွတ်ရအောင် ကျတ်မှတ်ထားရပါမယ် ။ လက်ဖြင့်ရေးကျင့်သလို တီး၍လည်း တီးကျင့်ပါ ။ ပါဝင်သော sharp များသည်လည်း scaleများကဲ့သို့ပင် 5th degree များပင်ဖြစ်ကြပါတယ် ။ scaleများမှာ ပါဝင်တဲ့ sharp များကိုလည်း အစီအစဉ်အတိုင်းပင် ရွတ်ဆိုလေ့ကျင့်ရပါမယ် ။ ဥပမာ - E major scale တွင်ပါဝင်သော sharpsများ … F#, C#, G#, D# စသည်ဖြင့် အစဉ်အတိုင်း ကျတ်မှတ်ရပါမယ် ။ circle of fifth theory , major scale theory , sharp scales ဆိုတာ အခုလေ့ကျင့်ခဲ့တဲ့ သင်ခန်းစာတွေကို ပြောတာပါ ။ နောက်သင်ခန်းစာမှာ circle of fourth နှင့် Flat scales များအကြောင်းကို ရှင်းပြပါမယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။
(လူတစ်ယောက်)
No comments:
Post a Comment