11 March 2015

အခြေခံဂီတသီအိုရီ - ၆

Intervals
An Interval is the measure of the difference in pitch between any two musical sound.
Interval ဆိုတာ ဂီတနုတ် ၂လုံး (သို့) ဂီတသံနှစ်ခုရဲ့ အကွာအဝေး ၊ သံစဉ်နိမ့်မြင့် ခြားနားချက် ဖြစ်ပါတယ် ။  interval type ၂မျိုး ရှိပါတယ် ။

Harmonic Interval & Melodic Interval
ထောင်လိုက် (vertical) ထပ်၍ ရေးသားတဲ့ note အမျိုးအစား များသည် Harmonic interval များဖြစ်ပြီး ၊ အလျားလိုက် (horizontal) ရေးသားတဲ့ noteတွေကတော့ Melodic interval များဖြစ်ပါတယ်။


အတူတူ တပြိုင်နက်တီးခတ်ကြတဲ့နုတ်များက Harmonic interval များဖြစ်ကြပြီး ၊ တစ်လုံးချင်း တီးခတ်တဲ့နုတ်များကတော့ Melodic interval များဖြစ်ကြပါတယ် ။ 



ပထမဆုံးတွေ့ရတာကတော့ unison ပါ ။ နုတ်တူဖြစ်ပါတယ်  (နုတ်တစ်လုံးတည်းကို တူရိယာနှစ်ခု (သို့) တပြိုင်တည်း တီးခတ်ခြင်းကိုလည်း unison လို့ ခေါ်ပါတယ်။ letterကွာခြားမှုမရှိ ၊ အသံကွာခြားမှုမရှိ ။ ဒါကြောင့် တချို့သီအိုရီစာအုပ်တွေမှာ unisonကို interval အဖြစ် မသတ်မှတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ထည့်သွင်းလေ့လာပါမယ်) Intervalတွေရဲ့ အမည်တွေကို ပါဝင်တဲ့ letter အရေအတွက်ဖြင့် ခွဲခြားပါတယ် ။ အပေါ်ပုံထဲက C major scale မှာတွေ့ရတဲ့ Interval အမည်များကို လေ့လာတဲ့အခါ -
C သည် Unison (နုတ်တူသံတူ)
D သည် second interval ( C မှရေတွက်လျှင်  C > D), 
E သည် third interval ( C မှရေတွက်လျှင် C > D > E ), 
F သည် fourth interval ( C မှရေတွက်လျှင် C > D > E > F ) 
G သည် fifth interval ( C မှရေတွက်လျှင် C > D > E > F > G )
A သည် sixth interval ( C မှရေတွက်လျှင် C > D > E > F > G > A )
B သည် seventh interval ( C မှရေတွက်လျှင် C > D > E > F > G > A > B )
.. စသည်ဖြင့် အောက်ခြေနုတ် (bottom note) C မှ စတင်ရေတွက်ပြီး မှတ်သားပါ ။
C မှ အသံတစ်ပြန် အမြင့် C ကိုတော့ octave လို့ခေါ်ပါတယ် ။ ဒီနည်းအတိုင်း scale အားလုံးကို ရေးချပြီး လေ့ကျင့်ပါ ။ Intervalတွေကို မြင်လိုက်တာနဲ့ အမည်များကို  မှတ်မိအောင် ၊ အလွတ်ရအောင် ကြိုးစားပါ ။ တီးလည်းတီးကြည့်ပါ ။ အသံတွေကိုလည်း နားထောင်ကြည့်ပါ ။ ဂီတသမားတိုင်းရှိသင့်တဲ့ Aural skill ခေါ် Ear training ကို လေ့ကျင့်တဲ့အခါ ... interval အသံတွေကို အခြေခံပြီး လေ့ကျင့်ရပါတယ် ။

Interval လေ့ကျင့်ခန်းများ



(နောက်တဆင့်မသွားမီ အထက်ပါလေ့ကျင့်ခန်းများကို ကျေညက်အောင်လေ့ကျင့်ပေးပါ ။ Major scale ကို ကျေညက်ခဲ့မယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေက ခင်ဗျားအတွက် မေးခွန်းspotတိုးတဲ့ကျောင်းသားလို မျက်နှာကြီးပြုံးပြီး အူမြူးနေမှာပါ ။ မကျေညက်ခဲ့ရင်တော့ .... :) )
ရွှင်လန်းချမ်းမြေ့ပါစေ ။

(လူတစ်ယောက်)

No comments:

Post a Comment