11 March 2015

အခြေခံဂီတသီအိုရီ - ၃ (အဖြေများနှင့် ဇယားကွက်များ)

မနေ့က ... အခြေခံဂီတသီအိုရီ - ၃ မှ မေးခွန်းများရဲ့ အဖြေတွေပါ ။ 

Ans;1 B♭major scale / 2 flat scale

Ans;2 E♭major scale / 3 flat scale

Ans;3 A♭major scale / 4 flat scale

Ans;4 D♭major scale / 5 flat scale

Ans;5 G♭major scale / 6 flat scale

Ans;6 C♭major scale / 7 flat scale
 

 Flat scale များနှင့် ပါဝင်တဲ့ Flatများကို အောက်မှာ ဇယားဖြင့် ရေးပေးထားပါတယ် ။ Scalesများနှင့် ပါဝင်တဲ့ Flat အားလုံးဟာ 4th degree အစဉ်လိုက်ပါဝင်ကြောင်း တွေ့ရပါလိမ့်မယ် ။ ပါဝင်တဲ့ flat များကို ကျက်မှတ်ရာမှာလည်း 4th degree အစဉ်အတိုင်းပင် ကျက်မှတ်ရပါမယ် ။ ဥပမာ - Ab major scale မှာ ပါဝင်သော flatများ … Bb, Eb, Ab, Db ဟု အစဉ်လိုက် ရွတ်ဆို ကျက်မှတ်ပါ ။ ပိုပြီး မှတ်မိလွယ်အောင် စာရွက်ပေါ်တွင် ချရေးပြီး ကျက်လိုက်ပါ ။ တီး၍လည်း လေ့ကျင့်ပါ ။  :)



Enharmonic Notes
Flat and Sharp scales များမှ ထူးခြားချက်များမှာ (5# B Major = 7b Cb Major) (6# F# Major = 6b Gb Major) (7# C# Major = 5b Db Major) စသည့် scaleများသည် နုတ်ရေးသားပုံ ကွဲပြားသော်လည်း ၄င်းတို့၏အသံ (Pitch)များသည် ထပ်တူညီမျှ တူညီ ကြပါသည် ။ ထိုသို့ အသံတူပြီး ရေးပုံကွဲသော scaleများ / noteများကို Enharmonic လို့ခေါ်ပါတယ် ။ ဘယ်လိုခေါ်ခေါ် အသံကတော့ အတူတူပါပဲ ။ အခေါ်အဝေါ်ပဲ ကွဲပြားတာပါ ။ အောက်က Enharmonic ဥပမာပုံတွေကို ကြည့်ရင် ရှင်းသွားပါလိမ့်မယ် ။




ရွှင်လန်းချမ်းမြေ့ပါစေ ။

(လူတစ်ယောက်)

No comments:

Post a Comment