မနေ့က ... အခြေခံဂီတသီအိုရီ - ၆ မှ လေ့ကျင့်ခန်းများရဲ့ အဖြေတွေပါ ။
Intervals အရေအတွက်များ ရေတွက်ပုံ
Interval များကို ၄င်းတို့ရဲ့ degreeများနှင့် half step အရေအတွက်ကို မူတည်ပြီး ထပ်မံ၍ခွဲခြား ထားပါတယ် ။ ဒါကြောင့် ပါဝင်တဲ့ half step အရေအတွက်များကို အတိအကျ ရေတွက်ရပါတယ် ။ Interval များကို ရေတွက်တဲ့အခါ (bottom note) အောက်ခြေနုတ်မှ စပြီး ၊ (top note) အပေါ်နုတ်အထိ ... ၄င်းတို့ကြားမှာ ပါဝင်တဲ့ line / space အားလုံးကို ရေတွက်ရပါတယ် ။ *** Interval တွေ ရေတွက်ရာမှာ အများဆုံးကျူးလွန်တဲ့ အမှားက (bottom note) အောက်ခြေနုတ်ကို ထည့်မတွက်မိကြတာပါ ။ အဲဒါကြောင့် အောက်ခြေနုတ်ပါဝင်အောင် သတိထားပြီး ရေတွက်ပါ ***
Melodic Interval များရေတွက်ပုံ
အပေါ်ပုံမှာတွေ့ရတဲ့ ပထမဥပမာက fifth interval ဖြစ်ပါတယ် ။ ရေတွက်တဲ့အခါ အောက်ခြေနုတ် Aမှစပြီး A - B - C - D - E ဆိုပြီး အပေါ်နုတ်အထိ အစဉ်လိုက် ရေတွက်သွားပါတယ် ။ ဒုတိယဥပမာမှာလည်း အောက်ခြေနုတ် Fမှစပြီး F - G - A - B - C - D ဆိုပြီး အပေါ်နုတ်အထိ အစဉ်လိုက် ရေတွက်ရပါတယ် ။ letter ၆လုံးပါဝင်ပြီး ၆ကြိမ်မြောက် နုတ်ဖြစ်တဲ့အတွက် sixth interval ဖြစ်ပါတယ် ။
Harmonic Interval များ ရေတွက်ပုံ
အပေါ်ပုံမှာတွေ့ရတဲ့ ပထမဥပမာက third interval ဖြစ်ပါတယ် ။ ရေတွက်တဲ့အခါ အောက်ခြေနုတ် A မှစပြီး A - B - C - ဆိုပြီး အပေါ်နုတ်အထိ အစဉ်လိုက် ရေတွက်သွားပါတယ် ။ ဒုတိယဥပမာမှာလည်း အောက်ခြေနုတ် E မှစပြီး E - F - G - A - B - C - D ဆိုပြီး အပေါ်နုတ်အထိ အစဉ်လိုက် ရေတွက်ရပါတယ် ။ letter ၇လုံးပါဝင်ပြီး ၇ကြိမ်မြောက် နုတ်ဖြစ်တဲ့အတွက် seventh interval ဖြစ်ပါတယ် ။
Intervals များကိုထပ်မံပိုင်းခြားလိုက်တဲ့အခါမှာ …
- Major intervals
- Minor intervals
- Perfect intervals
- Augmented intervals
- Diminished intervals … ဆိုပြီး ၅မျိုးရှိပါတယ် ။
ပထမဆုံးမှတ်သားဖို့က Major intervals တွေပါ ။
Major intervals
ပုံမှာ ပြထားတဲ့အတိုင်း 2nd, 3rd, 6th and 7th degrees များဟာ Major intervals များဖြစ်ပါတယ် ။ ၄င်းတို့ရဲ့ အမည်များနှင့် ပါဝင်တဲ့ half steps အရေအတွက်များကို တွဲပြီး မှတ်သားထား ရပါမယ် ။ ထို Major intervals များကို half step တစ်ခု လျော့လိုက်ခြင်းဖြင့် minor intervals များကို ရရှိပါတယ် ။
minor intervals
Major intervals များကို one half step လျော့ခြင်း (ဝါ) semi-tone လျော့ခြင်းဖြင့် minor intervals များဖြစ်ပေါ်လာပါတယ် ။ ထို့ကြောင့် Major နှင့် minor ကွာခြားချက်က one half step ဖြစ်ပါတယ် ။ two half steps ရှိသော Major second ကို semi- tone လျော့လျင် one half step ရှိသော minor second အဖြစ် ရရှိပါတယ် ။ four half steps ရှိသော Major third ကို semi-tone လေျာ့ခြင်းဖြင့် three half steps ရှိသော minor third ဖြစ်လာပါတယ် ။ သို့သော် letter ၂လုံးဖြစ်ရပါမယ် ။ ဥပမာ - one half step ချင်းတူညီသော်လည်း C to C# ရေး၍မရဘဲ C – Dbရေးမှသာ minor second interval ဖြစ်ပါတယ် ။ Major intervals , minor intervals များနှင့် ပါဝင်သော half steps အရေအတွက်များကို အောက်ပါဇယားအတိုင်း မှတ်သားထားနိုင်ပါတယ် ။
*** Major intervalsများကို M အကြီးဖြင့်ရေးပြီး ၊ minor intervalsများကို m အသေးဖြင့် ရေးလေ့ရှိပါသည် ။ ***
ရွှင်လန်းချမ်းမြေ့ပါစေ ။
(လူတစ်ယောက်)
ပုံတွေမတွေ့ရတော့ဘူးအကို
ReplyDeletereply me
ReplyDelete