11 March 2015

အခြေခံဂီတသီအိုရီ - ၃

The Scales ( circle of fourth / flat scales )
Flat scales များကို မစခင်မှာ ဂီတမှာ အင်မတန်အရေးပါတဲ့ စက်ဝိုင်းကြီးတစ်ခုကို လေ့လာကြည့်ပါမယ် ။



အပေါ်ပုံထဲက စက်ဝိုင်းကြီးကတော့ ဂီတမှာ အင်မတန်အရေးပါတဲ့ စက်ဝိုင်းကြီးပါ ။ အဲဒီထဲမှာ Circle of Fifths နှင့် Circle of Fourths ၂မျိုးလုံးပါဝင်ပါတယ် ။ Circle of Fifths ဆိုတာ လက်ယာဘက် နာရီလက်တံသွားရာဘက်သို့ ဖြစ်ပြီး Circle of Fourths မှာ လက်ဝဲဘက် နာရီလက်တံပြောင်းပြန်ရစ် ဖြစ်ပါသည် ။ Circle of Fifths ဆိုတာ sharp scale များအတွက် သီအိုရီဖြစ်ပြီး ၊ Circle of Fourths ဆိုတာ flat scale များအတွက် ဖြစ်ပါတယ် ။ ( sharp scale နှင့် circle of fifth ကို ရှေ့က သင်ခန်းစာ ရှင်းပြခဲ့ပြီးပါပြီ ။ ) အခု  flat scales များအတွက် Circle of Fourths လေ့ကျင့်ခန်းများကို ထပ်မံလေ့ကျင့်ပါမယ်။ 

ပထမဆုံး Natural scale / C major scale ကို အရင်ရေးချလိုက်ပါ ။


အဲဒီနောက် ၄င်း C major scale ရဲ့ 4th degree (F)ကို ယူပြီး one octave ပြည့်အောင်ရေးချလိုက်ပါ ။ အောက်ပါ ပုံအတိုင်း တွေ့ရပါမယ် ။


အထက်ပါ scale ကို major scale formula (W-W-H-W-W-W-H)နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါ ... 3rd , 4th နှင့် 5th degrees များမှာ formulaနှင့် မကိုက်ညီသည်ကို တွေ့ရတယ် ။ စည်းကမ်းအရ letter များကို ပြောင်းခွင့်မရှိတော့ ... အဆင်ပြေဆုံး နည်းလမ်းက B ကို flat လုပ်ပေးခြင်းပါပဲ ။

1 flat scale

အဲဒီအခါမှာ Formula နှင့်ကိုက်ညီသွားပြီး one flat / B flat ပါဝင်တဲ့ F major scale ကို ရလာပါတယ် ။ one flat ပါဝင်သော အတွက်ကြောင့် F major scale ကို one flat scale လို့လည်း သိနိုင်ပါတယ် ။ ဒီနည်း အတိုင်း 4th degree များကိုယူ၍ scaleသစ်များကို ထပ်မံပြုလုပ်ပါမည် ။ Circle of Fourths ၏ အလွယ်ဆုံးနည်းလမ်းမှာ -
- scaleတစ်ခုမှ 4th degree များကိုယူ၍ scaleသစ်ချရေး ၊ 
- ပါဝင်သော flatများကို ပြန်ထည့် ... အဲဒီနောက်
- scale သစ်မှာ 4th degree ကို flatလုပ်ပေးခြင်း ပင်ဖြစ်ပါသည် ။ ပြောတာမှ ရှုပ်နေပါအုံးမယ် ။ ခင်ဗျားတို့ကိုယ်တိုင်  အောက်မှာ ပေးထားတဲ့ scaleများကို လေ့ကျင့်ကြည့်လိုက်ပါ ။ အလွယ်တကူ သဘောပေါက်သွားပါလိမ့်မယ် ။

Ques;1
 

Ques;2
 

Ques;3
 

Ques;4
 

Ques;5
 

Ques;6

Flat scaleများတွင် Root noteများသည် flat များဖြစ်သောကြောင့် အစနှင့်အဆုံးတွင် ပါဝင်သော်လည်း flat တစ်ခုတည်းပဲ ဖြစ်ပါတယ် ။ ရှေ့သင်ခန်းစာက F# scale နဲ့ C# scale ကို သတိရမယ်ထင်ပါတယ် ။ အဲလိုပါပဲ ။
ကိုယ်တိုင်ကြိုးစားပြီး လေ့ကျင့်ခန်းများကို ပြုလုပ်ကြည့်ပါ ။ မနက်ဖြန် အဖြေမှန်များကို တင်ပေးပါမယ် ။ ရွှင်လန်းချမ်းမြေ့ကြပါစေ ။

(လူတစ်ယောက်)

2 comments:

  1. ပုံတွေမမြင်ရဘူး‌ဗျာ ��

    ReplyDelete
  2. i cant see photo please help me

    ReplyDelete